Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ရခိုင်မှာ အရပ်သား ၄၀ ခန့် အဖမ်းခံထားရကြောင်း AA ပြော

July 1, 2022
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်တွေမှာ အခုဇွန် လအတွင်း စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ အရပ်သား ၄၀ ဝန်းကျင်ရှိတယ်လို့ ရက္ခိုင့် တပ်တော် (AA) က ဇွန်လ ၂၅၊ ၂၆ နဲ့ ၂၇ ရက်နေ့တွေမှာ ထုတ်ပြန်ပါတယ်။

အဖမ်းခံထားရသူတွေဟာ စစ်တွေက ၂၁ ဦး၊ ပုဏ္ဏားကျွန်းက ရှစ်ဦး၊ ကျောက်တော်က သုံးဦးနဲ့ မြောက်ဦးမြို့နယ်မှာ ရှစ်ဦးရှိတယ်လို့ ဆိုပါတယ်။ အဲဒီထဲက စစ်တွေမြို့က သုံးဦး၊ ပုဏ္ဏားကျွန်းက တစ်ဦးနဲ့ မြောက်ဦး မြို့နယ်က တစ်ဦး၊ စုစုပေါင်း ငါးဦးဟာ အသက် ၁၈ နှစ်မပြည့်သေးသူတွေဖြစ်တယ်လို့လည်း ပါရှိပါတယ်။

ရက္ခိုင့်တပ်တော် (AA) ရဲ့ စာရင်းထဲမှာပါတဲ့ စစ်တွေမြို့နယ် ကြွီတဲရွာက ဒေသခံနှစ်ဦးနဲ့ လက်မချေရွာက မွတ်စလင်တစ်ဦးကတော့ ဇွန်လ ၂၇ ရက်နေ့မှာ ပြန်လွတ်လာကြပြီး ကျန်တဲ့သူတွေကတော့ ထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ အရပ်သားတွေကို ဖမ်းဆီးထား တာမရှိဘူးလို့ ငြင်းဆိုပါတယ်။

“ကျနော်တို့အနေနဲ့ကတော့ ကျနော်တို့ ဖမ်းထားတဲ့သူ ဘယ်လောက်ရှိလဲလို့ ကျနော်တို့ အရင်ဆုံး မေးချင်တယ်။ ဖမ်းထားတဲ့လူတွေဆိုတဲ့နေရာမှာ တည်ငြိမ်အေးချမ်းမှုကို ပျက် ပြားအောင်လုပ်တဲ့လူတွေ၊ ရာဇဝတ်မှုကျူးလွန် ခဲ့တဲ့လူတွေကိုပဲ ဖမ်းဆီးထိန်းသိမ်းထား တာဖြစ်တယ်။ ကျနော်တို့အနေနဲ့ တွေ့တဲ့သူတိုင်းကို လိုက်ပြီးတော့ ဖမ်းဆီးတာ မဟုတ် ဘူး။ ကျနော်တို့ ဈေးဝယ်ထွက်တဲ့သူကို ဖမ်းလိုက်၊ အပြင်ထွက်တဲ့သူကိုဖမ်းလိုက် အဲဒီ လိုမျိုး လုပ်နေတာတစ်ခုမှမရှိဘူးလို့ပဲ ပြောချင်ပါတယ်”

ရက္ခိုင့်တပ်တော် (AA) က စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး စတဲ့မြို့နယ် တွေမှာ ဗိုလ်အဆင့်ရှိတဲ့ ရေတပ်အရာရှိတစ်ဦးအပါအဝင် စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင် ၁၀ ယောက်ကျော်ကို ဖမ်းဆီးခဲ့ပြီးနောက် စစ်ကောင်စီတပ်က အဲဒီမြို့နယ် တွေမှာရှိတဲ့ အရပ်သားတွေကို ဆက်တိုက်ဖမ်းဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရ ဦးခိုင်သုခကတော့ AA တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးနေတာ ကြောင့် စစ်ကောင်စီ တပ်သားတွေကို တုံ့ပြန်ဖမ်းဆီးတာဖြစ်ပြီး AA တပ်ဖွဲ့ဝင်တွေကို ပြန် လွှတ်ပေးရင် သူတို့ဖမ်းထားတဲ့သူတွေကိုလည်း ပြန်လွှတ်ပေးမယ်လို့ ဇွန်လ ၁၄ ရက်နေ့က ဗီဒီယိုအွန်လိုင်းစနစ်နဲ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က မေးမြန်း ရာမှာ တိတိကျကျ တုံ့ပြန်တာမရှိပါဘူး။

အဖမ်းခံထားရတဲ့အထဲပါဝင်တဲ့ စစ်တွေမြို့ မင်းဂံရပ်ကွက် (၉) က သုံးဘီးမောင်းသူ ဦးဦး စံမောင်ရဲ့ ဇနီး ဒေါ်ခင်ခင်ဦးက သူ့ခင်ပွန်းဟာ မိသားစုကို ရိုးရိုးသားသား ရှာကျွေးနေသူ ဖြစ်တာကြောင့် အမြန်ဆုံး ပြန်လွှတ်ပေးစေချင်တယ်လို့ ပြောပါတယ်။

“ကျမခင်ပွန်းဆီမှာ ဖုန်းလည်းပါသွားတယ်။ မယုံရင် အားလုံးနေရာမှာ သွားမေးလို့ရ တယ်။ စစ်ဆေးလို့ရတယ်။ ရဲစခန်းမှာလည်း ဦးစံမောင်နာမည်နဲ့ မေးကြည့်လို့ရတယ်။ UN အဖွဲ့အစည်းကလူတွေဆိုရင်လည်း သိကြတယ်။ ထောင်ဝင်စာပို့မယ်ဆိုရင်လည်း အားလုံးသူ့ကိုပဲ ခိုင်းနေကြတာ။ သုံးဘီးပေါ်ကတည်းက မောင်းစားနေတာ။ အဲဒီလို လုပ်စားနေတာ နှစ် ၂၀ လောက်ရှိပြီ။ အခုအဆက်အသွယ်လည်း မရသေးပါဘူး။ သူ့ကို ပြန်လွှတ်ပေးမလားလို့ စောင့်နေရတာပါပဲ”

သုံးဘီးမောင်းသူ ဦးဦးစံမောင်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့က စစ်တွေမြို့မှာ ဗိုလ်အဆင့် ရှိတဲ့ ရေတပ်အရာရှိ တစ်ဦးနဲ့ စစ်ကောင်စီတပ်သားတစ်ဦးကို AA က ဖမ်းဆီးသွားပြီးနောက် နေအိမ်မှာ အဖမ်းခံခဲ့ရတာပါ။ ဒီနေ့ အချိန်ထိ မိသားစုနဲ့ အဆက်အသွယ်မရသေးတာ ကြောင့် စိုးရိမ်ပူပန်နေရတယ်လို့ ဇနီးဖြစ်သူ ဒေါ်ခင်ခင်ဦးက ပြောပါတယ်။

အလားတူ မြောက်ဦးမြို့ပေါ်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ တိမ်ညိုကျေးရွာက ဦးပြည့်စုံဝင်းနဲ့လည်း ဒီနေ့အထိ အဆက်အသွယ်ပြတ်တောက်နေတယ်လို့ ဇနီးဖြစ်သူ ဒေါ်မလှဘုက ပြောပါတယ်။

“အစတုန်းကလေ ကျမတို့ ဗမာပြည်မှာနေတာ။ ကျမ အမျိုးသားက ဗမာ။ ဒီကိုပြောင်း လာတာ ရှစ်နှစ်လောက်ရှိပြီ။ ကျမတို့ ဘယ်အဖွဲ့အစည်းနဲ့မှ ဆက်စပ်မှုမရှိဘူး။ ပြီးတော့ ကျမတို့က ကောင်းရောင်းကောင်းဝယ် လုပ်စားတာလေ။ ကျမက ရန်ကုန်ကနေ အသီး အရွက်တွေချပြီး ရောင်းတယ်။ ကျမအမျိုးသားက ဟင်းခင်းကနေ ယူပေးတယ်။ ကျမတို့ လင်မယားမှာ အားတဲ့အချိန်ဆိုလို့လည်း မရှိဘူး။ ကျမတို့မှာ ကလေးနှစ်ယောက်လည်းရှိ တယ်။ အကြီးမက ရှစ်တန်း၊ အငယ်မက ခုနစ်တန်း။ ဖမ်းသွားကတည်းက သတင်းအစ အနလည်း မရတဲ့အခါကျတော့ ပိုပြီးစိုးရိမ်တယ်။ ကျမဆိုရင် ညညအိပ်လို့တောင် မရ ဘူး”

ဦးပြည့်စုံဝင်းဟာ ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်ဇာတိဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က တည်းက တိမ်ညိုကျေးရွာမှာ မိသားစုနဲ့အတူတူ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေ တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

သူဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့က မြောက်ဦးမြို့နယ် မြရိပ်ကျွန်းကျေးရွာက ဟင်းသီး ဟင်းရွက်တွေဝယ်ပြီးအပြန် မြောက်ဦးမြို့ အခြေစိုက် ခမရ – ၅၄၀ တပ်ရင်းက ဖမ်းဆီး သွားတာလို့လည်း ဒေါ်မလှဘုက ပြောပါတယ်။

အလားတူပဲ ပုဏ္ဏားကျွန်း၊ ကျောက်တော်နဲ့ စစ်တွေမြို့ပေါ်မှာ ဖမ်းဆီးခံရသူတွေရဲ့ မိသားစု ဝင်အချို့ကို RFA က ဆက်သွယ်မေးမြန်းကြည့်ရာမှာ သူတို့ဟာ မိသားစုနဲ့အတူတူ ရိုးရိုး သားသား လုပ်ကိုင်စားသောက်နေတဲ့ သာမန်အရပ်သားတွေသာဖြစ်တယ်လို့ ပြောဆိုကြ ပါတယ်။

မြောက်ဦးမြို့ပေါ်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးထားသူတွေအထဲမှာ ချင်းပြည်နယ် မတူပီ မြို့က အသက် ၄၁ နှစ် အရွယ် မောင်လျန်း၊ ပလက်ဝမြို့နယ်က အသက် ၂၈ နှစ်အရွယ် မောင်ဖွေးအိုင်နဲ့ ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်က အသက် ၂၅ နှစ်အရွယ် မောင်ဖြိုးတို့ သုံးဦးလည်းပါဝင်ပြီး သူတို့နဲ့ပတ်သက်လို့တော့ RFA က တစ်စုံတစ်ရာ အဆက်အသွယ် မရသေးပါဘူး။

ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ရဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းကတော့ စစ်ကောင်စီတပ်က အရပ်သားတွေကို ဖမ်းဆီးထားတာဟာ လူ့အခွင့်အရေးချိုးဖောက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောပါတယ်။

“သူတို့က အရပ်သားကိုဖမ်းတာ မဟုတ်ဘူး။ AA ကိုဖမ်းတာဆိုလို့ရှင် အသက် ၁၈ နှစ် မပြည့်သေးတဲ့ ကလေးတွေကိုဆိုလို့ရှိရင် ဘယ်လိုလုပ်မလဲ။ အားလုံးကို AA လို့ သတ် မှတ်လို့ မရဘူး။ ဒါဟာ လူ့အခွင့်အရေး ချိုးဖောက်မှုပဲ။ ကလေးသူငယ်ဥပဒေနဲ့လည်း ငြိတယ်။ လူ ၄၀ မှာဆိုလို့ရှိရင် AA နဲ့ ဆက်စပ်တယ်၊ AA ကို ရိက္ခာထောက်ပံ့တဲ့ ငါး ယောက်၊ ခြောက်ယောက်လောက်ပါရင်လည်း ပါလိမ့်မယ် ကျန်တဲ့ဟာတွေက အကုန် လုံး အရပ်သားပဲ”

ရခိုင်ပြည်နယ်အတွင်းမှာ အခုလိုမျိုး စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ အပြန် အလှန်ဖမ်းဆီးနေတာ၊ အရပ်သားတွေ ဖမ်းဆီးခံနေရတာတွေဟာ လက်နက်ကိုင်နှစ်ဖွဲ့ ကြား နှစ်ဖက်နားလည်မှုနဲ့ သဘောတူညီထားတာတွေ အဆင်မပြေတော့တာကြောင့်ဖြစ် ပြီး အမြန်ဆုံးညှိနှိုင်းဖို့ လိုအပ်နေပြီလို့ ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ထောက်ပြပါတယ်။

“နှစ်ဖက်နားလည်မှုနဲ့ သဘောတူညီထားကြတာ အဆင်မပြေတော့လို့ ဒီလိုမျိုးဖြစ်လာရ တာလို့ပဲ သုံးသပ်ပါတယ်။ ရခိုင်မှာဖြစ်ရင် ရခိုင်လူထုခံရတာပေါ့။ ကယားမှာဖြစ်ရင် ကယားလူထုခံရတာပေါ့။ ဒါကြောင့် မြန်မာစစ်တပ်ဘက်ကလည်း ပြည်သူလူထုထိခိုက် မှု မရှိအောင်၊ ULA/AA ဘက်ကလည်း ရခိုင်လူထု ထိခိုက်မှုအနည်းဆုံးနဲ့ မိမိလိုချင်တဲ့ ပန်းတိုင်ရောက်အောင် လျှောက်လှမ်းပေးဖို့ မေတ္တာရပ်ခံလိုတယ်။ ဒါကြောင့် ညှိနှိုင်းမှု က ကွင်းဆက်ပြတ်သွားတယ်ဆိုရင် နှစ်ဖက်ညှိနှိုင်းမှုကို ပြန်တည်ဆောက်ပေးကြပါ။ တကယ်လို့ ညှိနှိုင်းမှုအခက် အခဲရှိရင်လည်း ထပ်ပြီးတော့ မဆုတ်မနစ်ကြိုးစားပေးကြပါ လို့ နှစ်ဖက်လုံးကို မေတ္တာရပ်ခံပါတယ်”

အခုလို ညှိနှိုင်းဆောင်ရွက်မှုမလုပ်ရင် ရခိုင်ပြည်နယ်မှာ တစ်ကျော့ပြန်တိုက်ပွဲတွေ ပြင်း ပြင်းထန်ထန်ပြန်ဖြစ်လာနိုင်ပြီး အရပ်သားတွေ အများအပြား ထိခိုက်မှုတွေအပြင် စီးပွား ရေးအကျပ်အတည်းတွေနဲ့ပါ ကြုံတွေ့လာနိုင်တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလလောက်ကစလို့ ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ် စတဲ့မြို့နယ်တွေမှာ စစ် ကောင်စီတပ်က AA တပ်ဖွဲ့ဝင်တွေ၊ AA ရဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်တဲ့ ULA အဖွဲ့ဝင်တွေ ကို လိုက်လံဖမ်းဆီးတာမျိုးတွေ ရှိခဲ့တာပါ။ ဒါပေမဲ့ စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ AA တပ်ဖွဲ့ဝင်တွေနဲ့ AA ဘက်က ဖမ်းဆီးထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အရေအတွက်ကိုတော့ နှစ်ဖက်စလုံးက ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

Source – RFA

Related Posts

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်
သတင်း

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်

July 24, 2025

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်၊ ခြောက်အိမ်တန်းကျေးရွာမှာ ဦးလေးဖြစ်သူရဲ့ အဓမ္မပြုကျင့်တာ...

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး
သတင်း

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး

July 24, 2025

စစ်ကောင်စီတပ်နဲ့ အိန္ဒိယတပ်မတော်တို့ ပူးပေါင်းကာ  ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ...

သတင်း

မြန်မာရွေးကောက်ပွဲ နောက်ကွယ်မှ တရုတ်စွက်ဖက်မှု

July 24, 2025

မြန်မာစစ်ကောင်စီသည် ယခုနှစ်ကုန်တွင် ရွေးကောက်ပွဲပြုလုပ်ရန် စီစဉ်နေစဉ် တရုတ်သည်...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English