NUGကသတင်းစာရှင်းလင်းပွဲလုပ်တယ်။သူတို့ပြောသွားတာကတော့မကြာမှီမှာတော်လှန်ရေးကိုအရှိန်မြင့်မယ်တဲ့။အရှိန်မြင့်မယ်လို့ပြောနေတာတကယ်တော့ကြာနေပြီ။လက်တွေ့မှာအခုထိဖြစ်မလာသေးဘူး။စစ်ရေးအရှိန်မြင့်ပြီးခုခံစစ်ကနေတိုက်စစ်ပြောင်းမယ်ဆိုရင်တလကိုဒေါ်လာဆယ်သန်းခန့်လိုတယ်လို့ပြောသွားသေးတယ်။အခုလောလောဆယ်တော့ဘွန်းနဲ့မင်းအောင်လှိုင်အိမ်ရောင်းရငွေကနေ၄၅သန်းလောက်ရနေပြီ။သန်း၅၀တောင်မပြည့်သေးတဲ့ဒီပမာဏဟာစစ်ရေးမှာသုံးမယ်ဆိုရင်ဘာမှမပြောပလောက်ဘူး။ဒါကြောင့်လက်ရှိအချိန်မှာအဓိကကငွေပဲ။ NUGကနည်းလမ်းပေါင်းစုံနဲ့ရှာဖွေနေတယ်ဆိုပေမယ့်အဖျားရှူးရှူးသွားတယ်။ရံပုံငွေရှာဖွေရေးပရောဂျက်တစ်ခုလုပ်ပြီဆိုရင်အစပိုင်းမှာတက်ကြွပေမယ့်နောက်ပိုင်းမှာသွေးအေးသွားတယ်။အခုရပ်တန့်ထားရတဲ့နွေဦးထီကသက်သေပဲ။NUG PAY ဟာလဲဘယ်လောက်ထိဖြစ်လာမလဲမပြောတတ်သေးဘူး။အခုချိန်ထိလဲနိုင်ငံတကာကဘာစစ်ရေးအကူအညီမှမရသေးဘူး။ငွေအလုံအလောက်မရှိရင်တော့တော်လှန်ရေးဟာကြာလိမ့်ဦးမယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


