ရှမ်းကယားနယ်စပ်ဖယ်ခုံမြို့မှာလဲတိုက်ပွဲတွေဖြစ်နေတာတပတ်လောက်ရှိနေပြီ။မိုးဗြဲအင်းအရှေ့ဘက်ကရွာတွေကိုလဲစစ်တပ်ကမီးရှို့လိုက်တယ်။တိုက်ပွဲကာလကြာလာတာနဲ့အမျှKNDFဘက်ကကျဆုံးမှုတွေ၊ကျည်မလုံလောက်မှုတွေများလာပြီးရသလောက်ခုခံနေရတယ်။ကယားမှာဖေဖော်ဝါရီလလယ်လောက်ကစပြီးစစ်တပ်ကအကြီးအကျယ်ထိုးစစ်ဆင်တာကြောင့်တချို့နယ်မြေတွေကိုပြန်လည်လက်လွှတ်ပေးလိုက်ရတယ်။နေ့စဉ်ဆိုသလိုပဲပျောက်ကျားတိုက်ပွဲတွေဖြစ်ပွားလျက်ရှိတာကြောင့်တပြည်နယ်လုံးစစ်ဘေးသင့်နေတယ်။စစ်ဘေးရှောင်ပြည်သူတွေအတွက်ရိက္ခာပို့လမ်းကြောင်းတွေကိုစစ်တပ်ကပိတ်ဆို့ထားတာကြောင့်ရှမ်းကယားနယ်စပ်လမ်းကြောင်းပြန်ပွင့်အောင်ကာကွယ်ရေးအဖွဲ့တွေကြိုးစားနေကြတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


