Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

အနစ်နာခံ စစ်ကိုင်း

May 24, 2022
in သုံးသပ်ချက်များ
Reading Time:1 min read
Share on FacebookShare on Twitter

စစ်ကိုင်းစစ်ရေးကို NUG အနေနဲ့အသေးစိတ်ကြိုတင် တွက်ချက်ပြီးပြင်ဆင်နိုင်ဖို့ လိုအပ်လာတယ်မြင်မိလို့

စစ်ကိုင်းတိုင်းထဲ စစ်တပ်ရဲ့ လက်ရှိလုပ်နေတဲ့ပုံစံ ကိုယ်မြင်မိတာလေးနည်းနည်းလေးသုံးသပ်ကြည့်ချင်တယ်

 

ဒေသအများစုမှာ LDF PDF တွေကို စုံစမ်းထောက်လှမ်းလို့မရတဲ့နောက်မှာPDFLDFတွေချေမှုန်းတိုက်ခိုက်လို့

မရတဲ့နောက် စစ်တပ်ဟာ ဒီနောက်ပိုင်းသူ့ရဲ့စစ်ရေးပုံစံကို ပြောင်းလိုက်ပုံရတယ်။ PDF LDF တွေကို နှိမ်နင်းလို့မရရင်PDF LDF တွေ အခြေပြုထားတဲ့ကျေးရွာတွေ ဖျက်ဆီးရှင်းလင်းလိုက်ရင်PDF LDF တွေ ရေရှည်ရပ်တည်လို့မရတော့ဘူးဆိုတဲ့ အကြမ်းဖက်အယူအဆနဲ့စစ်ဆင်ရေးပုံစံ ပြောင်းတာမြင်ရတယ်။

ဒီအတွက် နယ်မြေသိတဲ့ ပျူအဖွဲ့တွေကိုစစ်သားတွေနဲ့ ပေါင်းပြီး အင်အား ၁၀၀၂၀၀ ပါတဲ့ စစ်ကြောင်းတွေ ဖွဲ့စည်းတယ်။ ဘယ်စစ်ကြောင်းက ဘယ်မြို့နယ်ထဲကဘယ်ရွာတွေကိုသွားရမယ် ဘယ်ရွာကနေ

ဘယ်ရွာတွေ တောက်လျှောက် ဖျက်ဆီးရမယ်ရှင်းလင်းရမယ်ဆိုပြီး ဗျူဟာဆွဲပုံရတယ်။ပျူတွေဆီကနေ နယ်မြေသတင်းတွေစုဆောင်းဖျက်ဆီးရေးအစီအစဉ်တွေကို အသေးစိတ်ပြင်ဆင်ပြီးမှ အကြမ်းဖက်တာ မြင်ရတယ်။ဥပမာ စစ်ကြောင်းတခုဟာ ယင်းမာပင်ထဲဝင်မယ်ဆို ဘယ်ရွာကနေဘယ်ရွာတွေထိ

အဲဒီစစ်ကြောင်း အထိမနာသမျှ သွားရမယ်။ရွာထဲ တွေ့တာအကုန်ယူ အရပ်သားတွေ့ရင်PDF LDF နဲ့ပတ်သက်သတင်းမေးရမယ်။ညှင်းပန်းမယ်နှိပ်စက်မယ်ရသလောက်မေးမယ်။အကြောင်းမဲ့သတ်ဖြတ်မယ်။ပြီးရင်တော့ရွာလုံးကျွတ် မီးတင်ရှို့ဖို့ အစီအစဉ်ဆွဲတယ်။တဆက်တည်း PDF LDF တွေ အခြေစိုက်

စခန်းတွေ တည်နေရာတွေကို သိရရင်တော့ခြေပြင်စစ်ကြောင်းတွေအပြင် လေကြောင်းပစ်ပါ

အကူအညီတောင်းပြီးတော့ စစ်ရေးလုပ်တယ်။ဒါအပြင် စစ်ကြောင်း ချီတက်ရာ ရွာတွေထဲမှာ

PDF LDF တွေ ရှိနိုင်တယ်လို့ မသင်္ကာဖြစ်ရင်မည်းမည်းမြင်ရာ လေကြောင်းအကူခေါ်ပြီး ပစ်မယ်။

ပြီးရင် စစ်ကြောင်းတွေက ရွာထဲ ဝင်ဆီးလိမ့်မယ်။စစ်တပ်ရဲ့ လက်ရှိလုပ်နေတဲ့ပုံစံက အဲဒီအတိုင်း

မြင်မိတယ်။ PDF LDF တွေ ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေ စစ်တပ်ကတော့ စစ်ကိုင်းထဲရွာတွေအားလုံး ဒီလိုပုံစံနဲ့ ဖျက်ဆီးတော့မယ်။အထူးသဖြင့် ပျူမဟုတ်တဲ့ရွာတွေနဲ့ PDF LDFအားကောင်းတဲ့ မြို့နယ်တွေကို ပစ်မှတ်ထားပြီးဒီပုံစံအတိုင်း ဖျက်ဆီးရေးလုပ်နေတာလို့မြင်တယ်။အဲဒါတွေကြောင့်လည်း PDF LDF တွေဟာစစ်ကိုရှောင်လို့မရဖြစ်လာကြတယ်။ အရင်လိုလက်နက်နဲ့ရိက္ခာစုမယ် ထွက်တိုက်လို့ရတဲ့အခါ

ထွက်တိုက်မယ်။ အင်အားမရှိသေးချိန် မတိုက်ပဲငြိမ်နေအုံးမယ်ဆိုတဲ့ ပြောက်ကျားပုံစံမရတော့ပဲ

စစ်တပ်ရဲ့ စစ်ကြောင်းတွေနဲ့ ပိုပြီး နီးကပ်လာတယ်။

သတင်းမလုံခြုံမူတွေကနေ စခန်းငယ်လုံခြုံမူကအချိန်မရွေး မြေပြင်မှာ စိန်ခေါ်မူဖြစ်လာနေတယ်။

စစ်တပ် စစ်ကြောင်းအများစု စစ်သားတွေကPDF LDF တွေကို မြေပြင်မှာစစ်ကြောင်းနဲ့

ရှာဖွေတိုက်ရရင် သူတို့‌သေမှာအရင်ဆိုတော့PDF LDF တွေကို ထိပ်တိုက် တိုက်ရတာထက်

အရပ်သားရွာတွေ ပစ်မှတ်ထား ဖျက်ဆီးရတာအရပ်သားရွာတွေထဲ ရသလောက်ရှာဖွေပြီးမှ

မီးရှို့ရတာ ပိုကောင်းတယ်လို့ တွေးနေကြတယ်။

ဒီအနေအထားအတိုင်းသွားရင် ကြာလာလေစစ်ကိုင်းထဲ ရွာတွေဟာ ပြာပုံဘဝဖြစ်လေပဲ။အဆိုးဆုံးကတော့ PDFLDFတွေမှာလည်းစစ်တပ်နဲ့ထိပ်တိုက်တိုးပြီးရင်ဆိုင်တိုက်ဖို့ကလက်နက်အင်အားစစ်ထောက်ပို့အင်အားမှာပြည့်စုံနေတဲ့အဖွဲ့ဆိုတာ မရှိသလောက်နည်းတယ်။PDF LDF အားလုံးနီးပါး စစ်ကြောင်းတွေကို

ပြောက်ကျားပုံစံနဲ့တိုက်နေတာ လက်နက်တွေ ကြိုတင်ပြင်ဆင်ပြီး စစ်ကြောင်းတွေ လာမယ့်လမ်း

စောင့်ကြိုတိုက်ခိုက်တာမျိုးဖြစ်တယ်။ မြေပြင်မှာလက်နက်အစုံနဲ့ ချီတက်လာတဲ့ စစ်အင်အား ၁၀၀

၂၀၀ ကို ရင်ဆိုင်တိုက်ပွဲလုပ်ဖို့ မပြည့်စုံသေးဘူး။

အားနာနာနဲ့ ပြောရမယ်ဆိုရင် NUG မှာ ပိုပြီးတာဝန်ရှိလာတာလဲအမှန်ပဲဖြစ်တယ်။ မကွေးနဲ့

စစ်ကိုင်းတိုင်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေစိုးမိုးထားနိုင်ပြီလို့ NUG တာဝန်ရှိသူတွေကိုယ်တိုင်

ထုတ်ပြောခဲ့ပြီးဖြစ်တာကြောင့် စစ်ကိုင်းတိုင်းထဲလက်ရှိဖြစ်ပျက်နေတဲ့အနေအထားကို ကာကွယ်ဖို့

NUG အနေနဲ့ ပိုပြီး အားစိုက်ဖို့ အရေးတကြီးလိုအပ်တယ် အားစိုက်နေမယ်လို့မျှော်လင့်တယ်။

အထူးသဖြင့် စစ်ကိုင်းထဲ စစ်တပ်ရဲ့ စစ်ကြောင်းတွေစစ်ရေးမှတ်တမ်းပြုစုဖို့ ဘယ်ရွာပြီး ဘယ်ရွာဖက်

ချီတက်လာနိုင်လို့ ဘယ်ရွာတွေက ကြိုတင်ပြီးတော့စစ်ကိုရှောင်ဖို့ပြင်ဆင်ထားရမယ် စစ်ကြောင်းတွေ

လာမယ့်လမ်းကို ဘယ်မြို့အခြေစိုက် PDF LDFပေါင်းပြီးတော့ ဘယ်နေရာမှာ စောင့်ကြိုတိုက်မယ်။

ဘယ်လိုလက်နက်တွေ ပံ့ပိုးပေးရမယ်ဆိုတာမျိုးတွေကိုNUG EAOs PDF LDF တို့ပါဝင်ဖွဲ့စည်ထားတဲ့

C3C ကနေ စစ်ရေးအသေးစိတ် ဆွဲပေးဖို့ လိုအပ်တယ်။စစ်တပ်က လုပ်မယ့် ဖျက်ဆီးရေးလမ်းကြောင်းတွေ

စစ်ကြောင်းလာနိုင်မယ့်လမ်းကြောင်း ကိုယ့်ဖက်က ကြိုတင်သတင်းရယူနိုင်မှ ကြိုတင်တွက်ဆနိုင်မှသာ

အရပ်သားတွေစစ်ရှောင်နိုင်ဖို့ကြိုတင်သတိပေးနိုင်မယ်။ကြားဖြတ်တိုက်ခိုက်ရေးတွေလုပ်နိုင်မယ်လို့မြင်တယ်။

စစ်ကိုင်းတိုင်းရွာတွေအနေနဲ့ စစ်ဘေးရှောင်ဖို့အတွက်အချိန်မရွေး ကြိုတင် ပြင်ဆင်ထားနိုင်ဖို့ လိုလိမ့်မယ်။

အထူးသဖြင့် နာမကျန်းဖြစ်နေတဲ့ သက်ကြီးပိုင်းတွေ၊မြို့ပေါ်တွေရှိ အမျိုးတွေဆီမှာ ကြိုတင်ရွှေ့ပြောင်းပြီး

နေထိုင်စေတာမျိုးတွေက ပိုပြီးကောင်းမွန်ပါလိမ့်မယ်။အရေးကြီးဆုံးကတော့ စစ်တပ် စစ်ကြောင်းတွေကို

ရင်ဆိုင်တိုက်ပွဲဝင်နိုင်ဖို့ NUG အနေနဲ့ စစ်ကိုင်းထဲPDF LDF တွေကို အားချင်းပံ့ပိုးပေးဖို့ လိုအပ်တယ်။

ဒါ့အပြင် NUG အောက် လက်နက် ရနေပြီးဖြစ်တဲ့အဖွဲ့တွေက စစ်ရေးထဲ ပိုပြီးတော့ ပါလာဖို့လိုမယ်။

စစ်တပ်ကဘာလုပ်ချင်လို့ ဘာလုပ်နေလဲသုံးသပ်ပြီးစစ်တပ်လုပ်မယ့်အရာ အသေးစိတ်တွက်ချက်ပြီး

ပြန်လည်တုံ့ပြန်တိုက်ခိုက်နိုင်ဖို့ စစ်ရေးပြင်ဆင်ရမှာပါ။

ဒါမှသာ စစ်ကိုင်းစစ်ရေးမှာ အရပ်သားရွာတွေနဲ့အရပ်သားတွေ အထိခိုက် အနည်းဆုံးဖြစ်လိမ့်မယ်။

ဒါကြောင့် NUG အနေနဲ့ စစ်ကိုင်းတိုင်းစစ်ရေးကိုပိုပြီးအားစိုက်ပေးပါ စစ်ကြောင်းတွေ ကြားဖြတ်ပြီး

တိုက်ခိုက်နိုင်တဲ့စစ်ရေးပလန်တွေ လက်နက်တွေကိုPDF LDF တွေကို ပိုပံ့ပေးပါ ပြည်သူတွေအနေနဲ့

စစ်ကိုင်းတိုင်း စစ်ရေးကို ပိုပြီးတော့ ပံ့ပိုးပေးကြပါ။

နိုင်ငံခြားရောက် မြန်မာများကလဲ စစ်ကိုင်းက မိမိတို့သွေးသားတွေကိုမမေ့ဘဲ ကယ်ဆယ်ရေးအတွက်ရော စစ်ရေးအတွက်ပါ NUG နဲ့ ဆက်သွယ်ပြီး လှူပေးကြပါ။ သူတို့မှာ လော်ဘီမရှိပါ။ ဒါကြောင့် မမေ့နေကြပါနဲ့။ စစ်ကိုင်းကနေ နိုင်ငံခြားကို ဒုက္ခသည်အနေနဲ့ ရောက်သူကနည်းလို့ သူတို့အတွက် ရိုဟင်ဂျာလို ကမ္ဘာ့ပြည်သူတွေသိအောင် လုပ်ပေးနိုင်သူက နည်းပါတယ်။ ဒါပေမယ့် သူတို့တွေဟာ PDF မဟုတ်ဘဲ သာမန်ရွာသူ ရွာသားတွေပါ။ အစုလိုက်အပြုံလိုက် မီးရှို့ခံ အသတ်ခံနေရတာပါ။ နောက်ဆုံးကတော့ ပြည်သူအချင်းချင်းသာ ကူရမှာပါ။ ပြည်ပနိုင်ငံတွေက သူတို့အကျိုးမရှိရင် မကူပါ။ ဒီမိုးရာသီဟာ အားလုံးအတွက် အလှည့်အပြောင်းပါလို့ ပြောပါရစေ။ မိုးရာသီကို အကောင်းဘက်ပြောင်းအောင် လုပ်နိုင်ကြပါစေ။

ဆိုရှယ်မီဒီယာများမှကူးယူဖော်ပြခြင်းဖြစ်ပါသည်၊မူရင်းရေးသားသူအားခရက်ဒစ်ပေးပါသည်။

Related Posts

သုံးသပ်ချက်များ

အပစ်မရပ်ကြသူများ

April 30, 2025

အပစ်မရပ်ကြသူများ ခုရက်ပိုင်း ပွဲသတင်းတွေ တော်တော်လေး စိတ်နေတယ်။...

ဧပြီ ၀၁၊ ၂၀၂၅။ (အင်္ဂါ)
သုံးသပ်ချက်များ

ဘယ်သူ့​ကြောင့်လဲ

April 19, 2025

မန္တလေးငလျင်ကြီးလှုပ်ပြီးသွားတဲ့အခါ နိုင်ငံတကာကအကူအညီပေးတဲ့အဖွဲ့တွေအလျှင်အမြန်ရောက်လာပြီး နည်းပညာအကူအညီနှင့် ဒေသခံတွေပူးပေါင်းပြီး ကယ်တင်ကြတဲ့အတွက်...

သုံးသပ်ချက်များ

“၂၀၂၅ စိန်ခေါ်မှု”

March 28, 2025

ဘာကြောင့် တော်လှန်ရေး လုပ်ခဲ့ကြတာလဲဆိုတာကို မျက်ခြည်ပြတ်လာကြလေသလားလို့ စိုးရိမ်စရာတွေ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English