Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ရန်ကုန်မြေ တော်လှန်သွေး အေးမသွားပါ

May 20, 2022
in သုံးသပ်ချက်များ
Reading Time:1 min read
Share on FacebookShare on Twitter

ရန်ကုန်မြို့လယ် အိမ်ယာဝင်း တစ်ခုနှင့် ကပ်လျက်ရှိသည့် ကန်ထရိုက် တိုက်များ၏ ဘေး မြေညီလမ်းမ တစ်နေရာ၌ အမျိုးသမီးအချို့ ဝိုင်းဖွဲ့ နေကြသည်။ လက်ထဲတွင် ယပ်တောင် ကိုယ်စီနှင့် ရေသန့်ဗူးလေးများ ရှေ့တွင် ချထားကာ ခြင်ဆေးခွေ ထွန်းထားပြီး ဝိုင်းဖွဲ့ နေကြခြင်း ဖြစ်သည်။

စစ်ကောင်စီ အာဏာသိမ်းယူပြီးချိန်က စတင်ပြီး တစ်စတစ်စ ပျက်စီးလာသည့် ပြည်သူ့ ဝန်ဆောင်မှုများနှင့် အတူ လျှပ်စစ်မီး ပြတ်တောက်ချိန်များကလည်း အဆိုးဆုံး အခြေအနေသို့ ရောက်လို့ လာခဲ့သည်။ လှောင်ပိတ်နေသည့် တိုက်ခန်းငယ်များ အတွင်း မီးမလာ မှောင်မိုက် ပူလောင်ရသည့် ဒဏ်ကို မခံနိုင်ကြ၍ အသိမိတ်ဆွေ အချင်းချင်း ဝိုင်းဖွဲ့ကာ နွေလယ်ညကို ဝိုင်းဖွဲ့ အံ့တုနေကြခြင်း ဖြစ်သည်။

ယာဉ်အသွားလာ နည်းပါးသည့် လမ်းကျဉ်း ဖြစ်ခြင်းကြောင့် ကလေးငယ် အချို့ လမ်းအတွင်း အစုလိုက် ဆော့ကစား နေသည်ကိုလည်း မြင်တွေ့ နေရသည်။

လူငယ်အချို့လည်း တိုက်ခန်း မြေညီထပ် တစ်နေရာတွင် အစုဖွဲ့ Game ကစားသူက ကစား၊ ဂစ်တာ တစ်လက်နဲ့ သီချင်းတီးတိုး ဆိုသူက ဆိုနေကြသည်။

မြေညီထပ်ရှေ့ ဝိုင်းဖွဲ့နေကြသည့် အမျိုးသမီးများ၏ ဝိုင်းဖွဲ့ စကားက စုံလင်သည်။ ယနေ့ ကြက်ဥစျေး၊ ဆီစျေးကစ တက္ကစီမောင်းနေသည့် အမျိုးသားက ဆီစျေး ကြီး၍ ယခင်လို နေထိုင်စားသောက်ရန် အဆင်မပြေသည့် အကြောင်းအရာ အထိပါသည်။

အပူဒဏ်ကို ယပ်တောင်ခပ်ကာ အံတုနေရသည့် စစ်ကောင်စီ လက်ထက် ပျက်သုန်းသွားသည့် လျှပ်စစ်မီးပေးရေး စနစ်ကအစ အာဏာသိမ်း ခေါင်းဆောင်၏ ယုတ်မာမှုများ အထိ သူတို့ စကားဝိုင်းတွင် ပါသည်။

“မီတာ မဆောင်လည်း ဖြတ်တာပဲ။ မီတာဆောင်လည်း မလာဘူး။ အဲ့ မသာကောင် မြန်မြန်သေမှ အေးမှာ ” ဟု စကားဝိုင်းအတွင်းမှ ခပ်ဝဝ အမျိုးသမီးကြီး တစ်ဦးက ဆိုသည်။

မီတာ မဆောင်ဘဲ တစ်နှစ်ကျော်ထိ နေလာခဲ့ပြီး မီးကြိုး လာဖြတ် ခံရချိန်မှ မီတာ ပြေးဆောင် ခဲ့ရသည် ဟုလည်း ဝိုင်းထဲမှ အခြား အမျိုးသမီး တစ်ဦးက ရင်ဖွင့်သည်။

“ရသမျှတော့ တင်းခံတာပဲ။ မီးဖြတ်လိုက်တော့ မဆောင်လို့ မရတော့ဘူး။ အဓိက ရေတင်ဖို့ မရရင် အဆင်မပြေတော့ သွားဆောင်တာ ဆယ်သိန်းကျော်လောက် ကုန်သွားတယ်။ လိပ်ပြာ မလုံဘူး” ဟု ၎င်းက ဆိုသည်။

စကားဝိုင်း စည်ကားလာချိန်တွင်မှု စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးသည့် ကျေးရွာများ အကြောင်း ပါဝင် လာသလို ကျဆုံး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် သူရဲကောင်းများ အကြောင်းလည်း ပါဝင်လာသည်။

“အပိုအလျှံလေးများ ရလာရင် လှူလိုက်တာပါပဲ။ ငါသုံးလုံး ပေါက်တဲ့ အပတ်ကဆို သုံးတောင် မသုံးရက်ဘူး။ ကလေးအတွက် မုန့်နဲ့ အိမ်အတွက် လိုတာ နည်းနည်း ဝယ်ပြီး အကုန်လှူလိုက်တာ။ ပန်းချီ ကံစမ်းမဲဆိုလား၊ မသိပါဘူး။ အဲ့ပန်းချီတွေလည်း နားမလည်ပါဘူး။ ပေါက်လည်း မယူပါဘူး။ ငါတို့လှူမှ ငါတို့ ဝဋ်မြန်မြန်ကျွတ်မှာ။ ငါ့ကလေးလည်း ကောင်းစားမှာ” ဟု ယပ်တောင် တစ်ဖျက်ဖျက် ခတ်ရင်း အမျိုးသမီးက ပြောသည်။

စကားဝိုင်းက စုံလင်လှသည်။ တစ်လ ၉၀၀၀ ကျပ်တန် ဝိုင်ဖိုင်ကို မည်သို့ အကျိုးရှိအောင် သုံးရမည် ဆိုသည်ကိုလည်း သူတို့ အချင်းချင်း ပြောနေကြပြန်သည်။

“ပန်ဆယ်လို တင်ထားတာလေ။ ကလစ်ရမယ် ဆိုတာတွေ အများကြီးပဲ။ ထမင်းချက်တုန်း တစ်ခုချင်းဆီ ဝင်ကလစ်၊ မီးပူတိုက်ရင်း တစ်ခုချင်းကလစ်၊ တီဗီကြည့်ရင်း တစ်ခုချင်း ကလစ်ရင် အတော် ပိုက်ဆံရတယ်တဲ့။ ငါတော့ ထိုင်ကလစ် နေတာပဲ” ဟု နွေဦးတော်လှန်ရေးတွင် ကျရာ နိုင်ရာ အခန်းက ကျေနပ်စွာ ပါဝင်နေသည့် အဖြစ်ကို အမျိုးသမီး တစ်ဦးက ပြောသည်။

စကားဝိုင်း တစ်ဝိုင်းလုံးတွင် ပါဝင်နေသည့် အမျိုးသမီးအားလုံးက စိတ်တူကိုယ်တူ အသိမိတ်ဆွေ အရင်း အိမ်ရှင်မများ ဖြစ်နိုင်သည်။ ကလေးများကို Game ကစားရန် ဖုန်းပေးလျှင်တောင် PDF ဂိမ်းပဲ ကစားခိုင်းကြသည် အထိ ဖြစ်သည်။

အမျိုးသမီးများ၏ စကားဝိုင်းကောင်းနေစဉ် စစ်ကောင်စီ၏ ကင်းလှည့်ကား တစ်စီးက လမ်းမကျဉ်း လေးထဲ ဖြတ်သန်းသွား၍ သူတို့ စကားဝိုင်း ခဏတာ ရပ်သွားခဲ့သည်။ ကင်းလှည့်ယာဉ် ကျော်သွားချိန်တွင်မှု ကျိန်စာတိုက်သံ ဆဲဆိုသံများ ဖြင့် ဝိုင်းကို ပြန်စကြပြန်သည်။

မြေညီထပ် တစ်ခုရှေ့က လူငယ်များ၏ ဂစ်တာဝိုင်းကလည်း ရပ်တန့်နေပြီး လူငယ် တစ်ဦးက ဖြတ်သန်းသွားသည့် ကင်းလှည့်ယာဉ်ဘက်ကို မျက်နှာမူကာ တွံတွေးထွေး လိုက်ပြီး “ခွေးသားတွေကို အကုန်သေကို မသေနိုင်သေးဘူး” ဟု ပြောဆိုလိုက်သည့် အသံကိုပါ ကြားလိုက်ရသည်။

စစ်ကောင်စီက အင်အားအပြည့်ဖြင့် စောင့်ကြပ်နေသည့် ရန်ကုန်မြေ၌ လေ့ကျင့်ထားသည့် မြို့ပြပြောက်ကျား တပ်ဖွဲ့များက လွဲပြီး ပြည်သူ တစ်ဦးချင်း တွန်းလှန်ရန် အကြပ်အတည်း ဖြစ်နေချိန်တွင် ‘’ ရန်ကုန်မြေ သွေးအေးနေပြီလား “ ဆိုသည့် မှတ်ချက်ပြုသံများ မမှန်ကန်ကြောင်းကို ယခုကဲ့သို့ ကန်ထရိုက်တိုက်များရှေ့ စုဖွဲ့နေကြသည့် စကားဝိုင်းများက သက်သေ ပြနေကြသည်။

စစ်ကောင်စီက နိုင်ငံအတွင်း နေရာအချို့၌ အင်တာနက် ဖြတ်တောက် ထားချိန်တွင် နွေဦး တော်လှန်ရေးအတွက် အထောက်အပံ့ ဝင်ငွေ ဖြစ်စေသည့် ကလစ်များမှ ရရှိနေသော အလှူငွေ အများစုသည် ရန်ကုန်မြေမှ ဖြစ်သည်။

ကိုယ်စီ ထွက်တိုက်ရန် အဆင်သင့် မဖြစ်သေးချိန်တွင် ရန်ကုန်မြေသည် ပြည်ပရောက် မြန်မာနိုင်ငံသားများ နည်းတူ နွေဦးတော်လှန်ရေးအတွက် အထောက်အပံ့များ ဝိုင်းဝန်းထားသည်။

ရန်ကုန်မြေက သွေးမအေးခဲ့ သကဲ့သို့ မြို့သိမ်းတိုက်ပွဲများ ဆင်နွဲရန် အဆင်သင့် စောင့်ဆိုင်းလျက် ကျရာ နေရာမှ အားဖြည့်နိုင်ရန် ကြိုးစားနေသည့် မြို့တော်အဖြစ် အသင့် ရှိနေဆဲ ဖြစ်သည်။

Source – Mizzima

Related Posts

“စစ်တပ်ကို ဘယ်လို အလဲထိုးမလဲ”
သုံးသပ်ချက်များ

“စစ်တပ်ကို ဘယ်လို အလဲထိုးမလဲ”

June 3, 2025

"စစ်တပ်ကို ဘယ်လို အလဲထိုးမလဲ"   အထွေထွေထိုးစစ်ကြီး...

သုံးသပ်ချက်များ

အပစ်မရပ်ကြသူများ

April 30, 2025

အပစ်မရပ်ကြသူများ ခုရက်ပိုင်း ပွဲသတင်းတွေ တော်တော်လေး စိတ်နေတယ်။...

ဧပြီ ၀၁၊ ၂၀၂၅။ (အင်္ဂါ)
သုံးသပ်ချက်များ

ဘယ်သူ့​ကြောင့်လဲ

April 19, 2025

မန္တလေးငလျင်ကြီးလှုပ်ပြီးသွားတဲ့အခါ နိုင်ငံတကာကအကူအညီပေးတဲ့အဖွဲ့တွေအလျှင်အမြန်ရောက်လာပြီး နည်းပညာအကူအညီနှင့် ဒေသခံတွေပူးပေါင်းပြီး ကယ်တင်ကြတဲ့အတွက်...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English