Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ကော့မှူးမြို့နယ် ငှက်အော်စမ်းရွာမှ ဒေသခံ ၄၀၀ ကျော် ဖမ်းဆီးစစ်ဆေးခံနေရ

စစ်ယာဉ်တန်းတိုက်ခိုက်ခံရသည့် ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်တွင် စစ်တပ်က ဒေသခံရာနှင့်ချီ ဖမ်းဆီးလိုက်ပြီး လက်နက်ကိုင်ခုခံသူတို့ကို ဆက်လက် ရှာဖွေနေသည်။

May 13, 2022
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်တွင် ကင်းလှည့်ယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က အနီးအနားရှိ ငှက်အော်စမ်းကျေးရွာမှ ဒေသခံ အမျိုးသား ၄၀၀ ကျော်ကို ဖမ်းဆီးစစ်ဆေးနေကြောင်း ရန်ကုန်တောင်ပိုင်းခရိုင်၊ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။

မေလ ၃ ရက် ညနေ ၃ နာရီခန့်တွင် ငှက်အော်စမ်းကျေးရွာအနီး မကျည်းကန်-ကျိုက်ထော်လမ်းမပေါ်သို့ ကင်းလှည့်လာသည့် စစ်ကောင်စီယာဉ်တန်းကို ကော့မှူးဒေသခံကာကွယ်ရေးအဖွဲ့ (ပကဖ) က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိုနေ့ ညပိုင်းမှာပင် အနီးရှိ ငှက်အော်စမ်းကျေးရွာအတွင်း စစ်တပ်က ဝင်ရောက်ကာ ဒေသခံတို့ကို ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

နောက်တစ်နေ့ (မေ ၄) နံနက်တွင် အမျိုးသမီးများကို ပြန်လွှတ်ပေးခဲ့သော်လည်း အမျိုးသားများကို ဆက်လက် ဖမ်းဆီးထားပြီး စစ်ဆေးနေခြင်းဖြစ်သည်ဟု ဆိုသည်။

“လူကြီး၊ လူလတ် ယောက်ျားမှန်သမျှ အကုန်ဖမ်းထားတယ်။ မိသားစုတစ်စုကို ယောက်ျား ၂ ယောက် အနည်းဆုံး ဖမ်းထားပါတယ်” ဟု သူက ပြောသည်။

ယာဉ်တန်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ တချို့ သေဆုံးရာ ထိုအထဲတွင် ဗိုလ်ကြီး ၁ ဦး ပါဝင်သည်ဟု ပကဖထံမှ သိရသည်။

ရွာရှိ အထက်တန်းကျောင်းတွင် စစ်ကောင်စီတပ်သား ၁၀၀ ခန့် တပ်စွဲနေပြီး အမျိုးသမီးများက ထမင်းဟင်းများ ချက်ပြုတ်ကာ ပို့ပေးနေရသည်ဟုလည်း ကော့မှူးပကဖတာဝန်ရှိသူက ဆိုသည်။

ကော့မှူးမြို့နှင့် ၇ မိုင်ခန့်အကွာ ငှက်အော်စမ်းကျေးရွာသည် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏၂၀၁၈ စာရင်းများအရ အိမ်ခြေပေါင်း ၃၃၀ ကျော်ရှိပြီး အမျိုးသားဦးရေ ၆၅၀ ကျော် အမျိုးသမီး ၇၀၀ နီးပါးရှိသည့် ရွာဖြစ်သည်။

ငှက်အော်စမ်းရွာအပြင် ရွာနီးချင်းများဖြစ်သော သံကြိုကျေးရွာ၊ ညောင်ထောက်ကျေးရွာ၊ ရေတာရှည်ကျေးရွာများမှ ဒေသခံ၂၀၀ ကျော်ကိုလည်း စစ်ကောင်စီတပ်က မေလ ၃  မှ ၅ ရက်အထိ ဆက်တိုက်စစ်ဆေးခဲ့သည်။

ယနေ့ (မေလ ၇ ) ရက် နံနက်တွင် ညောင်ထောက်ကျေးရွာအနောက်ဘက်ရှိ တောတန်းအတွင်း ဆက်လက်ရှာဖွေနေသော စစ်တပ်က ငှက်အော်စမ်းရွာအတွင်း ကင်းပုန်းဝပ်နေသကဲ့သို့ ရွာထိပ်တွင် ကင်းချထားသည်ဟုလည်း အထက်ပါ ကော့မှူးပကဖတာဝန်ရှိသူက ဆက်ပြောသည်။

စစ်သားများက တပ်ဖြန့်ထားရာ ကော့မှူးမြို့နယ်အားကစားခန်းမတွင် အင်အား ၄၀ ခန့်၊ ညောင်ထောက်ကျေးရွာတွင် ၃၀ ခန့်၊ ကရင်စုကျေးရွာတွင် ၃၀ ခန့်၊ ဝါးသင်္ခကျေးရွာတွင် ၂၀ ခန့်၊ ရခိုင်စုကျေးရွာတွင် ၁၅ ဦးခန့် ရှိနေသည်ဟုလည်း ထိုသူက ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ကိုးကားပြီး ပြောသည်။

သို့သော် အဆိုပါ အချက်အလက်များကို Myanmar Now အနေဖြင့် သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပေ။

ကော့မှူးမြို့နယ်သည် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဆက်တိုက် အနိုင်ရခဲ့သည့် မဲဆန္ဒနယ်မြေဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ မေ ၆ ရက် ထုတ်ပြန်ချက်အရ စစ်ကောင်စီ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၁၀,၅၄၅ ဦးထက်မနည်း ရှိနေသည်။

စစ်ကောင်စီတပ်များက PDF ကို ထောက်ခံသည်ဟု ယူဆရသော၊ အနာဂတ်တွင် PDF ကို ကူညီနိုင်ခြေရှိသော ရွာများကို မီးရှို့ဖျက်ဆီးနေသည်ဟု စစ်ကိုင်းတိုင်းဒေသခံများထံမှ သိရသည်။

စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်း ပြည်နယ်၊ ကယားပြည်နယ် စသည့် ဒေသများမှ ပြည်သူတို့၏ အိုးအိမ်ပေါင်း ၁၁,၄၇၁ လုံးကို စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း Data for Myanmar အဖွဲ့က ထုတ်ပြန်ထားသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဧပြီ ၃၀ ရက်အထိ မီးရှို့ခဲ့သည့် ပမာဏဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီကမူ ၎င်းတို့ မီးမရှို့ကြောင်း တုံ့ပြန်ထားသည်။

Source – Myanmar Now

Related Posts

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025
သတင်း

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025

May 2, 2025

မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAAနှင့် စစ်ရေးတင်းမာမှုကို နှစ်ဖက်ခေါင်းဆောင်များ...

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။
သတင်း

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။

March 13, 2025

အနီးခေတ် လွတ်လပ်ရေးအကြို ကြိုးပမ်းမှုကာလမှစ၍   ခေတ်စနစ်၊...

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု
သတင်း

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု

March 13, 2025

မင်းအောင်လှိုင်၏ နောက်ဆုံးထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲဆိုင်ရာ ထုတ်ပြန်ချက်များသည် သတင်းမှားဖြန့်ချိမှု၊...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English