Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

မြန်မာအပါအဝင် ဒေသတွင်းနိုင်ငံများရှိ ဆက်သွယ်ရေးနှင့် အွန်လိုင်းကဏ္ဍတွင် တရုတ်၏ ခြိမ်းခြောက်မှု ပိုကြီးထွားလာနေ

May 5, 2022
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

By လမ်းသစ်

တရုတ်အစိုးရသည် ပြီးခဲ့သည့် နှစ်ပိုင်းများမှစ၍ ပြည်ပရောက် တိဗက်အစိုးရ၏ အွန်လိုင်းပလက်ဖောင်းများနှင့် website များအား တိုက်ခိုက်မှုများ ပိုမိုတိုးမြှင့် လုပ်ဆောင်လာသည်။ အဆိုပါ တိုက်ခိုက်မှုများကို တရုတ်အစိုးရ လက်အောက်ရှိ ဟက်ကာအုပ်စုများနှင့် နည်းပညာရှင်များက လုပ်ဆောင်နေကြခြင်း ဖြစ်သည်။

အလားတူ တရုတ်ပိုင် Online social media ပလက်ဖောင်းများတွင်လည်း တားဆီးရေးနှင့် ပိတ်ပင်ရေးတို့ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေသည်။ တရုတ်အစိုးရသည် ပြည်ပရောက် တိဗက်အစိုးရ အရာရှိများနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများ၏ လူမှုမီဒီယာအကောင့်များကို ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိသည် ဟု သတင်းများက ဖော်ပြနေသည်။

အထူးသဖြင့် နိုင်ငံတကာတွင် နာမည်ရှိပြီး လူသန်းချီ သုံးစွဲနေသော TikTok တွင် တရုတ်ဆန့်ကျင်ရေး နှင့် တိဗက်၊ ဟောင်ကောင်ရှိ ဒီမိုကရေစီအရေး လှုပ်ရှားသူတို့၏ ပုံရိပ်များကို မြင်တွေ့ရမည် မဟုတ်ချေ။

အဆိုပါ ပုံရိပ်အများစုသည် ဖြုတ်ချခံရခြင်း၊ အရေးယူခံရခြင်းတို့ကြောင့် ပျောက်ကွယ်သွားသလို ပြည်ပမှ ဖြန့်သည့်တိုင် တရုတ်အစိုးရ ပေါ်လစီနှင့် နည်းပညာအရ အလိုလို ဖြုတ်ချခံရပြီးသား ဖြစ်နေသည်။ အများစုသည် Social media platform တွင် ပြန့်နှံ့နိုင်မှုအားကို ပိတ်ပင်ခံရသည့်အတွက် လူအများမြင်တွေ့ရန် မလွယ်ကူတော့ပေ။

ရုရှားက ယူကရိန်းကို ကျုးကျော်ဝင်ရောက်ပြီးနောက် TikTokကဲ့သို့ Social media တွင် ယူကရိန်းဘက်မှ ရုပ်သံဖိုင်များစွာ ကနဦး ပေါ်ထွက်ခဲ့သည်။

သို့သော် ရုရှားကို တရုတ်က အကာအကွယ်ပေးသည့် မှတ်ချက်စကားများ အပြီး မကြာမှီတွင်ပင် တရုတ် ဆိုရှယ်မီဒီယာ ပလက်ဖောင်း များတွင် ယူကရိန်းမှ ဖြန့်သည့် ရုပ်သံများ မြင်တွေ့ရခြင်း မရှိတော့ချေ။

အများစုမှာ တရုတ်အစိုးရ၏ တားမြစ်ချက်ကြောင့် အကောင့် ပိတ်ခံရခြင်း၊ ဖျက်သိမ်းခြင်း အပါအဝင် social media တွင် ပြန့်နှံ့မှုအားကို ထိန်းချုပ်ခြင်း တို့ကြောင့် ဖြစ်သည်။

ရုရှားသည် ယူကရိန်းကို ကျုးကျော်ဝင်ရောက်သည်မှာ နှစ်လကျော်ပြီးနောက် တရုတ်အစိုးရ ထိန်းချုပ်ထားသည့် ဆိုရှယ်မီဒီယာ များတွင် ယူကရိန်းအရေးကို မတွေ့ရသလောက် ဖြစ်လာပြီး ရုရှား၏ စစ်အင်အား ကြွယ်ဝမှုကို ပြသသော သတင်း၊ ရုပ်သံများ သိသိသာသာ တိုးလာသည်။

အလားတူ မြန်မာနိုင်ငံအရေးနှင့် ပါတ်သက်၍လည်း တရုတ်အစိုးရ ထိန်းချုပ်ထားသော တရုတ် Social media များတွင် ပြင်းပြင်းထန်ထန် ကန့်သတ်ထားသည် ဟု ယူဆရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်အထိ TikTok ပေါ်တွင် အာဏာသိမ်းစစ်ကောင်စီက မီးရှို့ဖျက်ဆီးမှုများ၊ တိုက်ပွဲ ရုပ်သံများကို မြင်တွေ့ခွင့်ရသော်လည်း မတ်လကုန်ပိုင်းတွင် မြင်တွေ့ရမှု နည်းလာသည်။

အလားတူ TikTokတွင် စစ်ကောင်စီကို ထောက်ခံသူနှင့် ဆန့်ကျင်ဆန္ဒပြသူများအကြား အပြန်အလှန် ပြောဆိုမှုတို့ ရှိသည့်တိုင် စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဆိုသူ ဝဏ္ဏမောင်လွင်၏ တရုတ်ပြည် ခရီးစဉ်နောက်ပိုင်း ဆန့်ကျင်သူတို့၏ ရုပ်သံများ၊ ပြောဆိုမှုများကို သိသိသာသာ မတွေ့ရတော့ချေ။

စစ်ကောင်စီကို ထောက်ခံသည့်သူ အများစုသည် TikTokပေါ်တွင် မြန်မာအလံ ပုံတင်ခြင်း၊ အသဲပုံအစိမ်းရောင် ကို နောက်ခံထားရှိပြီး စစ်ကောင်စီကို ထောက်ခံကြောင်း ဖော်ပြနေကြသည်။

တရုတ်သည် TikTokပေါ်တွင် မြန်မာပြည်တွင် ဖြစ်ပွားနေသော တိုက်ပွဲရုပ်သံများကို ဖျက်သိမ်းခြင်း၊ ဖြုတ်ချခြင်းတို့ကို ပြုလုပ်နေသည် ဟု ယုံကြည်ရသည်။

တရုတ်သည် ဆိုက်ဘာအင်အားကြီးနိုင်ငံ ဖြစ်လာရန် ဟူသော ရည်မှန်းချက်ရှိပြီး မျိုးဆက်သစ်နည်းပညာတွင် အနောက်နိုင်ငံများနှင့် ယှဉ်ပြိုင်ရန် ဦးတည်ထားသည်ကို ၎င်း၏မူဝါဒများတွင် ထင်ဟတ်ပေါ်လွင်နေသည် ဟု နိုင်ငံတကာ သတင်းများတွင် ဖော်ပြကြသည်။

BRI စီမံကိန်းများသည် Asia Society Policy Institute (ASPI) ၏ ခါးပတ်လမ်းရပ်ဝန်း စီးရီးနှင့်အတူ အာရုံစိုက်မှု များစွာ ရရှိထားပြီး တရုတ်ဆက်သွယ်ရေး နည်းပညာများနှင့် အခြားနည်းပညာမြင့် စနစ်များ တင်ပို့မှုကို ပံ့ပိုးပေးသည့် ဒစ်ဂျစ်တယ်ပိုးလမ်းမ (DSR) ကိုမူ သတိထားမှု နည်းပါးသွားကြသည်ဟု ဆိုကြသည်။

တရုတ်သည် ၎င်းအတွက် အဓိက ကုန်ကြမ်း ထုတ်လုပ်ရာနှင့် ၎င်းကုန်စည်များကို ဖြုန်းအားကောင်းလာမည့် အရှေ့တောင်အာရှ နိုင်ငံများထံတွင် BRI စီမံကိန်းများ အကောင်ထည်ဖော်နေသလို နည်းပညာ၊ ဒီဂျစ်တယ်အရလည်း လွမ်းမိုးစေရန် ကြိုးစားနေသည်။

ထိုလမ်းကြောင်းများမှ တဆင့် တရုတ်၏ ဆိုက်ဘာအဖွဲ့သည် တရုတ်အပေါ် ဝေဖန်တိုက်ခိုက်မှုတို့ကို တားဆီးခြင်း၊ တရုတ်အကျိုးစီးပွားများကို ဖြန့်ချီဖြန့်ဖြူးခြင်းနှင့် နောက်ဆုံး ကြားဖြတ်ခိုးယူနိုင်သည့် အထိ လုပ်ဆောင်လာနိုင်သည်။

ကမ္ဘာ့ထိပ်တန်း နည်းပညာနိုင်ငံဖြစ်သော အမေရိကန်သည်ပင် နေ့စဉ်နှင့်အမျှ တရုတ်ဆိုက်ဘာအဖွဲ့များ၏ တိုက်ခိုက်ခြင်း၊ နည်းပညာခိုးယူခံရခြင်း နှင့် အရေးကြီး အချက်အလတ်များကို နှောင့်ယှက်ခံနေသည် ဖြစ်ရာ မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံများတွင် လျို့ဝှတ်စောင့်ကြည့်ခြင်း၊ အဆင့်မြင့်နည်းပညာဖြင့် သတင်းအချက်အလက် ခိုးယူခြင်း၊ နားထောင်ကြည့်ရှုခြင်း တို့ကို ပြုလုပ်နေမည်မှာ အမှန်ပင် ဖြစ်သည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးနှင့် တယ်လီကွန်းကဏ္ဍတွင်လည်း အရေးပါသည့် ဆက်သွယ်ရေးလိုင်းများကို တရုတ်ကုမ္ပဏီ နှစ်ခု ဖြစ်သည့် ZTE နှင့် Huaweiကုမ္ပဏီတို့က ကြီးစီုးထားသည်။

စစ်တပ်မှ အာဏာသိမ်းပြီး နောက်ပိုင်းကာလအတွင်းတွင်လည်း တရုတ်သည် Spyware ထောက်လှမ်းရေးသုံး ဆက်သွယ်ရေး စက်ကရိယာများကို ပင်လယ်စာဟု ဆိုကာ မြန်မာနိုင်ငံသို့ ပေးပို့ခဲ့သည် ဆိုသည့် သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်ခဲ့သေးသည်။

ဆက်သွယ်ရေး နည်းပညာအသိုင်းအဝိုင်းမှ ရရှိသည့် သတင်းများအရလည်း တရုတ်သည် နည်းပညာဆိုင်ရာ စက်ကိရိယာများအပြင် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွက်လည်း နည်းပညာသင်တန်းများ ပေးခဲ့သည်ဟု ယူဆရသည်။

မြန်မာနိုင်ငံသည် တရုတ်၏ ဆက်သွယ်ရေး နည်းပညာ၊ တရုတ်ထုတ်ဖုန်းနှင့် အခြားစက်ကိရိယာများ၊ တရုတ်ဩဇာ မကင်းသော Social media platformများ၊ Gameများကိုသာ အဓိက မှီခိုနေရသည် ဖြစ်ရာ ယင်းတို့မှတဆင့် ချိတ်ဆက်၍လည်း တရုတ်အနေနှင့် မြန်မာအရေးကို လိုသလို ပုံဖော်မည့် အရေးလည်း ရှိနေသည်။

လက်ရှိကာလတွင် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့ မှီခိုစရာအဖြစ် တရုတ်နိုင်ငံသာ ကျန်ရှိတော့သဖြင့်၊ ကဏ္ဍစုံတွင် တရုတ်အပေါ် အလွန်အမင်း မှီခိုရသည့် အခြေအနေများကလည်း တရုတ်၏ မြန်မာနိုင်ငံအပေါ် ကဏ္ဍအစုံမှ ချယ်လှယ်နိုင်စေရန် တွန်းပို့သကဲ့သို့ ဖြစ်စေသည်။

အထူးသဖြင့် ဆိုရှယ်မီဒီယာ ပလက်ဖောင်းကဲ့သို့ နေရာများသည် လူအများ၏ စိတ်သဘောထားကို များစွာပြောင်းလဲစေနိုင်သည် ဖြစ်ရာ အဆိုပါ ကဏ္ဍတွင် တရုတ်၏ ပါဝင်ကြီးစိုးမှု ဘေးအန္တရာယ်ကလည်း တဖြေးဖြေး ကြီးမားလာနေကြောင်း ဖော်ပြလိုက်ပါသည်။

Source: ရန်ကုန် ခေတ်သစ် မီဒီယာ

Related Posts

ပဲခူးတိုင်း မင်းလှမြို့နယ်တွင် နေအိမ် ၂၀၀ နီးပါး  မီးရှို့ခံရ ရွာမီးရှို့၊ ပစ်ခတ်ခံရသဖြင့် ထွက်ပြေးတိမ်းရှောင်ရသူများထဲတွင် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များနှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်သည်ဟု သိရသည်။
သတင်း

ပဲခူးတိုင်း မင်းလှမြို့နယ်တွင် နေအိမ် ၂၀၀ နီးပါး မီးရှို့ခံရ ရွာမီးရှို့၊ ပစ်ခတ်ခံရသဖြင့် ထွက်ပြေးတိမ်းရှောင်ရသူများထဲတွင် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များနှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်သည်ဟု သိရသည်။

July 6, 2025

ပဲခူးတိုင်း အနောက်ဘက်ခြမ်း၊ သာယာဝတီခရိုင် မင်းလှမြို့နယ်တွင် အင်အားရာနှင့်ချီ...

စစ်ကောင်စီက ရွေးကောက်ပွဲကာကွယ်သည့် အထူးဥပဒေ ပြဋ္ဌာန်းရန် စီစဉ်နေ
သတင်း

စစ်ကောင်စီက ရွေးကောက်ပွဲကာကွယ်သည့် အထူးဥပဒေ ပြဋ္ဌာန်းရန် စီစဉ်နေ

July 6, 2025

ယခုနှစ်ကုန် ကျင်းပမည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲမှာ နိုင်ငံရေးအရ...

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025
သတင်း

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025

May 2, 2025

မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAAနှင့် စစ်ရေးတင်းမာမှုကို နှစ်ဖက်ခေါင်းဆောင်များ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English