Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ခင်ဦးမှာ တစ်လအတွင်း နေအိမ် ၄၅ဝ နီးပါး မီးရှို့ခံရ

May 4, 2022
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ကကျေးရွာတချို့ကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ခဲ့ပြီးနောက် မတ်လ တစ်လအတွင်းမှာတင် ရွာပေါင်း ခုနစ်ရွာလောက်က နေအိမ် ၄၅ဝ နီးပါးမီးလောင်ဆုံးရှုံးခဲ့ပြီး လူဦးရေ ၃၅ဝဝ လောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့ ညပိုင်းစစ်ကိုင်းတိုင်းထဲက မြို့နယ်တချို့ကို စစ်ကောင်စီကအင်တာနက်လိုင်းတွေ ဖြတ်တောက်ခဲ့ပြီးနောက် မတ်လ ၅ ရက်နေ့ကစလို့ ခင်ဦးမြို့နယ်ထဲကိုစစ်ကောင်စီတပ်တွေ ဝင်ရောက်ခဲ့ပါတယ်။

စစ်ကြောင်းဝင်တဲ့နေ့မှာပဲ ဒါန်းကုန်းရွာ ပထမဆုံး စတင်မီးရှို့ခံခဲ့ရပြီး နောက်ပိုင်းမှာ ခင်ဦးမြို့နယ် အရှေ့ခြမ်းနဲ့ အနောက်ခြမ်းက တခြားရွာတွေလည်း ဆက်တိုက်ဆိုသလို မီးရှို့ခံခဲ့ရတာလို့ ဒေသခံတွေကပြောပါတယ်။

နေအိမ်တွေ မီးလောင်တာအပြင် အိမ်တွင်း ပရိဘောဂပစ္စည်းတွေ၊ လယ်ယာသုံး စက်ပစ္စည်းတွေနဲ့ ဝမ်းစာအတွက် သိုလှောင်ထားတဲ့ စပါးကျီတွေပါ မီးထဲပါသွားလို့ စားဝတ်နေရေး အခက်အခဲ ဖြစ်နေတယ်လို့ ဒါန်းကုန်း ရွာခံတစ်ဦးက ပြောပါတယ်။

“လေကလည်း တအားပဲတိုက်တော့ မီးက ကွက်တိကွက်ကြား ဒေါင့်တန်းအတိုင်း လောင်သွားတယ်။ ပေါက်ပြား၊ တူရွင်းကစ ဘာတစ်ခုမှကို ပြန်မရလိုက်ပါဘူး။ စက်တွေလည်း ပါတယ်။ ဆိုင်ကယ်တွေလည်း ပါတယ်။ လူသုံးတဲ့ ကုန်ပစ္စည်းတွေ ဆိုတာလည်း အကုန်ပါတယ်ပေါ့နော်။ တိုက်ဆိုရင်လည်း ငါးလုံး၊ ခြောက်လုံးလောက် အကုန် ပြိုကျသွားတယ်ပေါ့”

ဒါန်းကုန်းရွာမှာ နေအိမ် ၄၃ လုံး၊ မှန်တောရွာမှာ ၃၈ လုံး၊ ကျွန်းလည်ရွာမှာ ၂ လုံး၊ သက်ပေးရွာမှာ ၁၃ လုံး၊ တမုတ်ရွာမှာ ၁ဝ၃ လုံး၊ ကုလားလူးရွာမှာ ၁၁၈ လုံးနဲ့ ရှားလွင်ရွာ မှာ အလုံး ၁၃ဝ တစ်လတွင်း မီးရှို့ခံခဲ့ရပြီး အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ဒေသခံ ၃၅ဝဝ လောက် ဟာ နီးစပ်ရွာတွေနဲ့ မီးလောင်ပြင်တွေမှာ တဲထိုးပြီးနေရတယ်လို့ ဆိုပါတယ်။

“ကျန်တဲ့ ဘေး အဆက်အသွယ်တွေလည်း ဝိုင်းဝန်းကူညီပေးပါလို့ ကိုယ်တွေဘက်က တောင်းဆိုချင်ပါတယ်”

နေအိမ် မီးလောင်ဆုံးရှုံးသွားသူတွေကို ဘေးပတ်ဝန်းကျင် ရပ်ရွာတွေက စုပေါင်းကူညီ ထောက်ပံ့နေကြပြီး သူတို့အတွက် စားနပ်ရိက္ခာ အကူအညီတွေဟာ နေ့စဉ်နဲ့အမျှ လိုအပ်နေဆဲပဲလို့ ခင်ဦးမြို့နယ်က ဒေသခံတွေကို အကူအညီပေးနေသူ တစ်ဦးက ပြောပါတယ်။

“ဘေး ရပ်ရွာက ပံ့ပိုးကူညီတဲ့ အဝတ်အစား၊ ပန်းကန်ခွက်ယောက်တွေပေါ့။ အတတ်နိုင်ဆုံးကတော့ ဝေတူညီမျှ ဖြစ်အောင်တော့ ဝေခြမ်းပေးတယ်။ အဲဒီလိုပဲ နေကြရတယ်။ ပိုက်ဆံကျတော့ ရတာလေးတွေကို လက်ထဲမှာ ဆုပ်ကိုင်မထားဘဲ တစ်သိန်းဆိုရင် တစ်သိန်းနဲ့ လူဦးရေကို ခွဲခြမ်းပြီးတော့ အဲဒါလေးတွေ ဝေပေးရတယ်။ ကျန်တဲ့ ဘေး အဆက်အသွယ်တွေလည်း ဝိုင်းဝန်းကူညီပေးပါလို့ ကိုယ်တွေဘက်က တောင်းဆိုချင်ပါတယ်”

လက်ရှိမှာလည်း စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေက တစ်ရွာဝင်၊ တစ်ရွာထွက် ဝင်နေတာကြောင့် အခုမီးရှို့ခံရတဲ့ ရွာ ခုနစ်ရွာအပါအဝင် ရွာပေါင်း ၁၅ ရွာလောက်က လူဦးရေ သုံးသောင်းခွဲလောက် ဘေးလွတ်ရာကို တိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးလောင်သွားတဲ့ ရွာတွေမှာ တချို့ကလည်း မီးလောင်ပြင်ထဲမှာ ထန်းရွက်တဲထိုး နေကြသူတွေလည်း ရှိပါတယ်။ ပုံမှန်အတိုင်း ဖြစ်အောင် ပြန်လည်ထူထောင်ဖို့ကတော့ အချိန်တော်ကြာ ပြန်လည် ကြိုးစားယူရဦးမယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“လက်ရှိကတော့ ဒီမှာဖြစ်သလိုလေးပဲ ထန်းရွက်တဲလေးတွေနဲ့ပေါ့ ဒီလိုပဲ နေကြတာပေါ့ဗျာ။ အခက်အခဲကတော့ အမျိုးမျိုးပါပဲ။ အဆင်မပြေလည်း ဒီလိုပဲ ကြည့်ပြီးတော့ နေကြတာပဲ။ အိမ် အကောင်းပကတိ ပြန်ဆောက်ဖို့ကျတော့လည်း အဆင်မပြေကြဘူး။ ကိုယ့်မိသားစုလေး အိပ်လို့ရ၊ နေရလို့ရ၊ စားလို့ရတဲ့ အဆင့် အနေအထားလောက်ပဲ ဆောက်နေကြတာပေါ့။ အိမ်တစ်အိမ်ကြီး ဖြစ်ဖို့ကျတော့ တော်တော်လေးကို နှစ်ရှည်လများ ဟိုတုန်းကတည်းက ကြိုးစားခဲ့ရတာဆိုတော့ အဲဒီလိုအခြေအနေမျိုး ပြန်ရောက်ဖို့ဆိုရင်တော့ တော်တော်လေးကို ပြန်ပြီးတော့ ကြိုးစားယူရဦးမှာပါ”

ခင်ဦးမြို့နယ်မှာ အင်တာနက် ဖြတ်တောက်ခံထားရတာကြောင့် သတင်းစီးဆင်းမှု နှောင့်နှေး နေပါတယ်။ ထွက်ပြေးနေကြရတဲ့ ဒေသခံတွေ အထောက်အပံ့ရဖို့လည်း ခက်ခဲနေကြတယ်လို့ ဆိုကြပါတယ်။

အခုမီးရှို့ခံလိုက်ရတဲ့ ရွာခုနစ်ရွာအပြင် ဧပြီလ ၁ ရက်နေ့ မနေ့ကလည်း စစ်ကောင်စီတပ်က ခင်ဦးမြို့နယ် ထနှောင်းကိုင်းကြီးရွာနဲ့ မင်းဝံစိုက်ခင်းရွာတွေကို ဝင်ရောက်စီးနင်းပြီး ညအချိန်မှာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီရွာတွေမှာ ဒီနေ့အထိ စစ်ကောင်စီတပ်က တပ်စွဲထားတာကြောင့် မီးလောင်သွားတဲ့ အိမ် အရေအတွက်ကိုတော့ မသိရသေးပါဘူး။

ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း လူအင်အား၊ လက်နက်အင်အား မမျှတာကြောင့် မတ်လအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဘက်က တချို့ အထိနာတာတွေ လည်း ရှိနေပြီး စစ်ကောင်စီတပ်ကို ပြောက်ကျားနည်းနဲ့ပဲ တိုက်ခိုက်နေရတယ်လို့ ပြောကြပါတယ်။

ဧပြီ ၂ ရက် ဒီနေ့မှာလည်း စစ်ကောင်စီတပ်သားတွေက ရွှေလူးအိုင်ရွာထဲ ဝင်သွားတာ ကြောင့် အနီးတစ်ဝိုက် ရွာတွေဟာ အိမ်မပြန်ရဲကြဘဲ ဘေးလွတ်ရာကို တိမ်းရှောင် နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ကတော့ ဒီလို နေအိမ်မီးရှို့တာတွေက သူတို့လက်ချက်မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

Data For Myanmar ရဲ့ စာရင်းအရ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့ကနေ ၂ဝ၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ တစ်နိုင်ငံလုံးမှာ စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေ မီးရှို့လို့ ပျက်စီးသွားတဲ့ နေအိမ် ၇၉၇၃ လုံးရှိတယ်လို့ ဖော်ပြထားပါတယ်။ အဲဒီထဲမှာ စစ်ကိုင်းတိုင်းက ၄၉၅၄ လုံး နဲ့ အများဆုံး နေအိမ်မီးလောင် ပျက်စီးတာ ဖြစ်ပါတယ်။

Source – RFA

Related Posts

ဖားကန့်မြို့တွင် လက်နက်ကြီးကြောင့် အဘွားအို၊ သုံးနှစ်သားအပါအဝင် ကိုးဦး သေဆုံး မြို့အနောက်ဘက်ရှိ စစ်တပ်ကုန်းတစ်ခုကို KIA သိမ်းပြီးနောက် မြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေရာ ရက်ပိုင်းအတွင်း လူမမယ်ကလေးငယ်အပါအဝင် ကိုးဦး သေဆုံးကာ လူ ၃၀ ကျော် ဒဏ်ရာရသည်။
သတင်း

ဖားကန့်မြို့တွင် လက်နက်ကြီးကြောင့် အဘွားအို၊ သုံးနှစ်သားအပါအဝင် ကိုးဦး သေဆုံး မြို့အနောက်ဘက်ရှိ စစ်တပ်ကုန်းတစ်ခုကို KIA သိမ်းပြီးနောက် မြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေရာ ရက်ပိုင်းအတွင်း လူမမယ်ကလေးငယ်အပါအဝင် ကိုးဦး သေဆုံးကာ လူ ၃၀ ကျော် ဒဏ်ရာရသည်။

August 9, 2025

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ယခုရက်ပိုင်း...

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်
သတင်း

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်

July 24, 2025

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်၊ ခြောက်အိမ်တန်းကျေးရွာမှာ ဦးလေးဖြစ်သူရဲ့ အဓမ္မပြုကျင့်တာ...

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး
သတင်း

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး

July 24, 2025

စစ်ကောင်စီတပ်နဲ့ အိန္ဒိယတပ်မတော်တို့ ပူးပေါင်းကာ  ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English