Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

မင်းအောင်လှိုင်ပြောတဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဘာလဲ ဘယ်လဲ

May 4, 2022
in သုံးသပ်ချက်များ
Reading Time:1 min read
Share on FacebookShare on Twitter

စကစရဲ့ဗျူဟာကို အကြမ်းဖျင်း ပြောရရင် C3 ပဲ။ Control, Contain and Crush ပေါ့။မြို့ကြီးပြကြီး‌တွေကို အင်အားသုံး ထိန်းမယ်။ controlတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေးကမ်း လှမ်းမှုနဲ့ ခွေထားမယ်။ containအသစ်ပေါ်လာတဲ့လက်နက်ကိုင်အဖွဲ့တွေကို အပြင်းအထန် နှိမ်နင်းမယ်။ crush

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ခွေထားနိုင်ဖို့အတွက်က အာဏာမသိမ်းခင်ကတည်းက စလုပ်ခဲ့တယ်။ အပြင်းအထန်စစ်တိုက်နေရတဲ့ AA နဲ့ ၂၀၂၀ နှောင်းပိုင်းမှာ de facto အပစ်ရပ်တယ်။ အာဏာသိမ်းပြီးပြီးချင်း ငြိမ်း ချမ်းရေးအဖွဲ့ဖွဲ့တယ်။ ငြိမ်းချမ်းရေးဆွေးနွေးမယ်လို့ တဖွဖွ ပြောတယ်။

ဒါပေမဲ့ အခုအချိန်အထိ ငြိမ်းချမ်းရေးဆွေးနွေးမှုကဖြစ်ဖြစ် မြောက်မြောက်ဖြစ်မလာခဲ့ဘူး။ အခုတော့ အာဏာ သိမ်းစစ်ခေါင်းဆောင်ကိုယ်တိုင် မိန့်ခွန်းထွက်ပြောပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ဖိတ်တယ်။

အဲ့ဒီမိန့်ခွန်းပြောတဲ့ အမူအရာ၊ ပုံစံကိုလေ့လာကြည့်ရင် တကယ့်ကို humbly ဖိတ်တယ်ဆိုတဲ့ ပုံစံမျိုးလုပ်ပြထားတယ်။ ငြိမ်းချမ်းရေးကို တကယ်ဆွေးနွေးချင်ပါတယ်ဆိုတဲ့ ပုံစံမျိုး လုပ်ပြထားတာ ‌သတိထားမိတယ်။

တကယ်တော့လည်း ဒါကအသစ်တော့မဟုတ်ပါဘူး။ မိတ်ဆွေတဦးပြောတာမှတ်မိသေးတယ်။ ၁၉၉၂ က ကရင်ပြည်နယ်စစ်ဆင်ရေးမှာ စစ်ရုံးက စစ်ဆင်ရေးရပ်ခိုင်းတယ်။ အောက်ခြေတပ်မှူးက အခြေအနေကောင်းနေပြီ ဆက်တိုက်ဖို့လုပ်တယ်။ ဗိုလ်သန်းရွှေကိုယ်တိုင် ရဟတ်ယာဉ်နဲ့ရောက်လာပြီး ပြော တယ်။ မင်းတို့နိုင်ငံရေးမသိဘူး။ အခုအချိန်မှာ ပြည်မက အတိုက်အခံအင်အားစုနဲ့ တိုက်နေရလို့ နောက်အင်အားစုတွေကို‌ ခွေထားနိုင်ဖို့ အခုထိုးစစ်တွေ ရပ်ခိုင်းရတာဆိုတဲ့သဘောမျိုးပြောပြီး စစ်ဆင်ရေးရပ်တယ်။

ဒါပေမဲ့လည်း ငြိမ်းချမ်းရေးဆိုတာကို နိုင်ငံတည်ဆောက်ရေးအတွက် ခြေလှမ်းတာမဟုတ်ဘဲ နိုင်ငံရေးနည်းဗျူဟာတခုအနေနဲ့ပဲသုံးတော့ နောက်တော့လည်း စစ်ပြန်တိုက်ကြတာပါပဲ။

အခုစကစရဲ့ ကမ်းလှမ်းမှုကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က ဘယ်လိုစဉ်းစားမလဲဆိုတာ စိတ်ဝင်စားစရာကောင်းတယ်။ တချို့အဖွဲ့တွေ (RCSS)လို အဖွဲ့မျိုးတွေ တချို့ PPST အဖွဲ့ဝင်တွေကတော့ စကစဘက် ယိုင်လာတာတွေ့ရတယ်။

RCSS ကရှမ်းပြည်နိုင်ငံရေးအခြေအနေကြောင့် မှီရာရှာနေ တဲ့သဘောဖြစ်နေတယ်။ သူ့စစ်ရေးက ယိုင်လာတယ်။ နိုင်ငံရေးမခိုင်လို့ စစ်ရေးယိုင်တယ်လို့ပဲ ယေဘုယျသုံးသပ်မိ တယ်။ထားပါ။

ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေကိုဆွေးနွေးတဲ့အခါ စဉ်းစားရမယ့်အချက်တွေရှိတယ်။

– ဒီဆွေးနွေးမှုက တနိုင်ငံလုံးကို လွှမ်းခြုံတဲ့ ပဋိပက္ခဖြေရှင်းရေးကိုသွားမှာလား။

– ငြိမ်းချမ်းရေးဆွေးနွေးမှုကို နိုင်ငံရေး အသာစီးရရေးအတွက် နည်းဗျူဟာအဖြစ် သုံးတာလား။

– ငြိမ်းချမ်းရေး‌ဆွေးနွေးမှုဟာဖြစ်စဉ်ကြီးဖြစ်တဲ့အတွက် ဖြစ်စဉ်တခုလုံးကို အာမခံနိုင်တဲ့ဆွေးနွေးဘက်ဖြစ်ရဲ့လား။

– လက်နက်ကိုင်ပဋိပက္ခကို တကယ်လျော့ချပြီး ငြိမ်းချမ်းရေးကမ်းလှမ်းတာလား။

– ဆွေးနွေးဘက်ရဲ့ လာရာနဲ့ လားရာက ငြိမ်းချမ်းရေးဆွေးနွေးမှုတွေနဲ့ ရလဒ်တွေကို တကယ်အာမခံနိုင်ရဲ့လား။

– ငြိမ်းချမ်းရေးဆွေးနွေးမှုဆိုတာ နိုင်ငံရေးတည်ဆောက်မှုဖြစ်တယ်။ ဆိုတော့ လက်ရှိနိုင်ငံရေးအခြေအနေက ဘယ်လိုရှိနေလဲ။ ငြိမ်းချမ်းရေးဆွေးနွေး၊ နိုင်ငံရေးတည်ဆောက်ဖို့အတွက် အခြေခံနဲ့ အခြေအနေကောင်းရှိရဲ့လား။

စဉ်းစားစရာတွေကတော့အများသားပါ။

တခြားအချက်တွေလည်းရှိပါတယ်။ ဒီလိုအချက်တွေကို စေ့စေ့ငုငုလေ့လာသုံးသပ်ဖို့လိုတယ်။ အခြေခံအချက်တွေမရှိတဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုဆိုတာက ဘယ်လိုမှရှေ့တိုးလို့ရမှာမဟုတ်ဘူး။ ဒါကလဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီး (peace industry)ထဲမှာ နေတဲ့ သူတွေ ပိုသိပါတယ်။ကျနော့်အမြင်ကတော့ လက်ရှိအချိန်မှာ စစ်တပ်ဟာ ခေတ်သစ်မြန်မာ့သမိုင်းမှာ ဖိအား အများဆုံးကာလဖြစ်တယ်။

ဒီလိုပြောလို့ လွတ်လပ်ရေးရပြီးစက ရန်ကုန်အစိုးရလို့တောင်ပြောကြတယ်။ တပ်ကလဲ ဘက်ပြောင်းသူတွေအများ ကြီးဖြစ်တယ်။ အဲ့အချိန်က ပိုဆိုးတာပေါ့လို့ ပြောစရာရှိ တယ်။

လွတ်လပ်ရေးရပြီးစက အခြေအနေအတော်ဆိုးတယ်ဆိုတာက ငြင်းမရဘူး။ ဒါပေမဲ့ ဦးနုအစိုးရဟာ တရားဝင်တဲ့နိုင်ငံရေးအာဏာ/legitimate political authority ရှိတယ်။ တိုင်းပြည်ရဲ့ တကယ့်အကျပ်အတည်းကာလတွေကို ကျော်ဖြတ်ဖို့ဆိုရင် တရားဝင်မှုအာဏာက အတော်အရေးကြီးတယ်။ ပြောရရင် စစ်တိုက်တာ တခုတည်းနဲ့အဲ့အကျပ်အတည်းကို ကျော်ဖြတ်နိုင်ခဲ့တာမဟုတ်ဘူး။ အရပ်သားအစိုးရရဲ့ တရားဝင်တဲ့နိူင်ငံရေးအာဏာကလည်း အဓိကကျတဲ့ အခန်းကဏ္ဍ မှာရှိခဲ့တယ်။ တဖက်မှာလည်း အရပ်သားအစိုးရဟာ နိုင်ငံတကာမှာ တရားဝင်မှုအဆင့်တခုရတယ်။ နိုင်ငံတကာတရား ဝင်မှုကလည်း ပြည်တွင်းပဋိပက္ခကို ဖြေရှင်းရာမှာ အဓိကကျခဲ့တယ်။ ။

ဒါဆိုရင် ၁၉၈၈ အာဏာသိမ်းပြီးနောက်ပိုင်းရော အခြေအနေမဆိုးဘူးလားလို့ မေးစရာရှိတယ်။ အဲ့ဒီအချိန်က ရွေးကောက်ပွဲဆိုတဲ့ နိုင်ငံရေးထွက်ပေါက်ပြထားတယ်။ အာဏာသိမ်းတယ်ဆိုပေမယ့်လည်း မဆလဆီက အာဏာလွှဲယူတဲ့အတွက် နိုင်ငံတကာတရားဝင်မှုက အတိုင်းအတာတခုအထိဆက်ရနေတယ်။ လက်နက်ကိုင် တော်လှန်ရေးက အခုလောက်အရှိန်မမြင့်ခဲ့ဘူး။

အခုကတော့ ပြည်တွင်း၊ ပြည်ပ အကျပ်အတည်းစုံနဲ့ရင်ဆိုင်နေရတယ်။ အတော့်ကိုခက်တဲ့ အခြေအနေလို့ ပြောရမယ်။ အထူးသဖြင့်လာမယ့် မုတ်သုန်အဝင်မှာ စစ်ရေးအရအခက်အခဲတွေ ပိုရှိလာနိုင်တယ်။ ဒီအချိန်မှာ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ထွက်လာတယ်။

ဆိုရှယ်မီဒီယာများမှကူးယူဖော်ပြခြင်းဖြစ်ပါသည်၊မူရင်းရေးသားသူအားခရက်ဒစ်ပေးပါသည်။

 

Related Posts

“စစ်တပ်ကို ဘယ်လို အလဲထိုးမလဲ”
သုံးသပ်ချက်များ

“စစ်တပ်ကို ဘယ်လို အလဲထိုးမလဲ”

June 3, 2025

"စစ်တပ်ကို ဘယ်လို အလဲထိုးမလဲ"   အထွေထွေထိုးစစ်ကြီး...

သုံးသပ်ချက်များ

အပစ်မရပ်ကြသူများ

April 30, 2025

အပစ်မရပ်ကြသူများ ခုရက်ပိုင်း ပွဲသတင်းတွေ တော်တော်လေး စိတ်နေတယ်။...

ဧပြီ ၀၁၊ ၂၀၂၅။ (အင်္ဂါ)
သုံးသပ်ချက်များ

ဘယ်သူ့​ကြောင့်လဲ

April 19, 2025

မန္တလေးငလျင်ကြီးလှုပ်ပြီးသွားတဲ့အခါ နိုင်ငံတကာကအကူအညီပေးတဲ့အဖွဲ့တွေအလျှင်အမြန်ရောက်လာပြီး နည်းပညာအကူအညီနှင့် ဒေသခံတွေပူးပေါင်းပြီး ကယ်တင်ကြတဲ့အတွက်...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English