KNUကသူ့နယ်မြေတွေထဲကစစ်သူပုန်စခန်းတွေကိုရုတ်သိမ်းပေးဖို့ရာဇသံပို့ထားတယ်။မလိုက်နာရင်တကယ်ဝင်တိုက်မယ့်ပုံပဲ။စစ်ကောင်စီကလဲငြိမ်းချမ်းရေးဆွေးနွေးပွဲမှာKNUကိုမဖိတ်ဘူးတဲ့။နှစ်ဖက်လုံးကပြတ်သားနေတော့ရှေ့လျောက်ကရင်ပြည်နယ်မှာတိုက်ပွဲတွေပိုပြင်းထန်လာဖို့ရှိမယ်။
ချင်းပြည်နယ်မှာလဲစစ်ကောင်စီတပ်တွေမင်းတပ်၊မတူပီနဲ့ဟားခါးကိုစစ်ယာဥ်တန်းတွေနဲ့ကူးလူးသွားလာနေတယ်။အရင်ကလဲဒီလိုသွားလာတိုင်းဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ချုံခိုတိုက်ခိုက်မှုကိုအမြဲခံရတယ်။အခုလဲတိုက်ခိုက်ခံရလို့လုံးပါးပါးနေပြီးမိုင်တစ်ရာခန့်ခရီးကိုတပတ်လောက်အချိန်ယူသွားလာနေရတယ်။ဒါပေမယ့်လဲစစ်ကောင်စီအတွက်ချင်းပြည်နယ်ကိုတပ်တွေ၊ရိက္ခာတွေပို့ဖို့တခြားရွှေးချယ်စရာနည်းလမ်းများများစားစားမရှိဘူး။ချင်းပြည်နယ်မှာလဲစစ်သူပုန်တွေအခြေအနေမကောင်းဘူး။