စစ်ကောင်စီကတနိုင်ငံလုံးကသူ့တပ်တွေကိုအရေးပေါ်ကာလအဖြစ်ရက်အကန့်အသတ်မရှိကြေငြာလိုက်တယ်။သဘောကတပ်အရွှေ့အပြောင်းတွေမလုပ်တော့ပဲရောက်တဲ့နေရာမှာလုံခြုံရေးပြင်ဆင်ခိုင်းတာပဲ။စစ်ကောင်စီဟာဒီတလျှောက်လုံးထိုးစစ်ဆင်မှုတွေအမြောက်အမြားပြုလုပ်ခဲ့ပေမယ့်အောင်မြင်မှုမရှိပဲသူ့အင်အားတွေသာလုံးပါးပါးလာခဲ့တယ်။အခုတော့ပြောင်းလဲလာတဲ့စစ်ရေးအခြေအနေတွေအရထိုးစစ်တွေရပ်ပြီးခံစစ်ပြင်ဖို့စီမံနေပုံပဲ။
ရန်ကုန်မှာတော့စစ်တပ်ထုတ်အထင်ကရမြန်မာဘီယာစက်ရုံကြီးဗုံးပစ်တိုက်ခိုက်ခံလိုက်ရတယ်။စက်ရုံထဲကအရေးကြီးစက်ပစ္စည်းတွေပျက်စီးသွားတယ်လို့သိရတယ်။နောက်ထပ်စစ်တိုင်ပိုင်လုပ်ငန်းတစ်ခုဖြစ်တဲ့ဦးပိုင်ရုံးတွေလဲနေပြည်တော်ကိုပြောင်းကုန်ပြီတဲ့။ဒီလိုစစ်ကောင်စီထောက်တိုင်စီးပွားရေးလုပ်ငန်းတွေကိုများများတိုက်ခိုက်သင့်တယ်။