Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

“ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန် အင်တာဗျူး ကောက်နုတ်ချက်များ”

April 27, 2022
in သုံးသပ်ချက်များ
Reading Time:1 min read
Share on FacebookShare on Twitter

၁။ ယခင်က PDF တွေအနေနဲ့ အနှစ် ၇ဝ သက်တမ်းရှိ စစ်ကောင်စီတပ်တွေကို နိုင်အောင်တိုက်နိုင်မှာ မဟုတ်ဟု ပြောကြသည်။ ယခု စစ်ကောင်စီတပ်တွေဟာ PDF တွေကိုနိုင်အောင် မတိုက်နိုင်တော့ပါ။

 

၂။ PDF တပ်ရင်း ၂၅၉ တပ်ရင်းဖွဲ့စည်းပြီးပြီ။ မြို့နယ်အခြေခံ ပကဖ တွေကို မြို့နယ် ၂၅ဝ မှာ ဖွဲ့စည်းပြီးပြီ။

LDF ခေါ် မြို့ပြနဲ့ ကျေးလက်လူငယ်တွေရဲ့ ပြောက်ကျားတပ်ဖွဲ့က ၄ဝ၁ ဖွဲ့ ရှိပြီ။ အများစုက NUG နဲ့ ချိတ်ဆက်ပြီး။

 

၃။ PDF နဲ့ မဟာမိတ်တပ်ပေါင်းစုတွေဟာ စစ်ကောင်စီတပ်ဖွဲ့တွေကိုအနိုင်ယူဖို့ အဆင်သင့်ဖြစ်နေပြီ။

 

၄။ တော်လှန်ရေးအင်အားစုတွေဟာ ကျေးလက်ကိုပဲ ထိန်းချုပ်နိုင်ရာကနေ မြို့ပြတချို့ကိုပါ ထိန်းချုပ်နိုင်တဲ့ အဆင့်တိုးတက်ရောက်ရှိ။

 

၅။ လက်ရှိ PDF သက်သက်အင်အား ၅ သောင်းမှ ၁ သိန်းအကြားရှိပြီ။ အသေးစိပ်ပြောရန်ငြင်းဆို။

 

၆။ အခုအချိန်ထိ ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့ အသုံးစရိတ်အမေရိကန်ဒေါ်လာ ၃၄ သန်း ရရှိခဲ့ပြီး အဆိုပါငွေရဲ့ ၈၅% ကို လက်နက်တပ်ဆင်ရေးအတွက် သုံးစွဲခဲ့သည်။

 

၇။ ယင်းမာပင် PDF လို ဥပဒေမဲ့အဖွဲ့တွေကို လိုအပ်သလို စစ်ခုံရုံးနဲ့ စစ်ဆေးမည်။

 

၈။ လေယာဉ်ကွင်းတချို့ PDF ထိန်းချုပ်မှုအောက် မကြာခင် ရောက်ရှိလာနိုင်သည်။ ရဟတ်ယာဉ် ဆင်းရန်ပြေးလမ်းမလို။ လေယာဉ်၊ စစ်ရေယာဉ်၊ တင့်ကား၊ သံချပ်ကာကားတွေနဲ့ လာရောက်ခိုလှုံရေးအစီအစဉ် စကစ တပ်အတွင်းမှ ဆက်သွယ်တုံ့ပြန်ချက်ရရှိနေ။

 

၉။ EAO ၅ ဖွဲ့နဲ့ NUG အကြားနိုင်ငံရေးနဲ့ စစ်ရေးအပြည့်အဝ ပူးပေါင်းဆောင်ရွက်နေပြီဖြစ်ပြီး PDF တွေကို လေ့ကျင့်သင်ကြားရေးနဲ့ လက်နက်တပ်ဆင်ရေးအတွက် အကူအညီပေးနေတဲ့ EAO က အနည်းဆုံးနောက်ထပ် ၄ ဖွဲ့ရှိသည်။ အသေးစိပ်ပြောကြားရန်ငြင်းဆို။

 

၁ဝ။ AA သည် NUG နဲ့ တလှေတည်း စီးနေတယ်လို့ မပြောနိုင်တောင် တခရီးတည်းသွားနေတဲ့ မိတ်ဆွေကောင်း ဖြစ်သည်။

 

၁၁။ စစ်ကောင်စီ လက်လွှတ်ထားရပြီဖြစ်တဲ့ လွတ်မြောက်နယ်မြေ နိုင်ငံတခုလုံးရဲ့ ၅ဝ% ကျော်ရှိနေပြီဖြစ်ပြီး အဆိုပါစိုးမိုးဒေသတွေမှာ NUG က ပြည်သူ့အုပ်ချုပ်ရေးနဲ့ ပြည်သူ့ တရားစီရင်ရေးကို စတင်ဆောင်ရွက်နေပြီ။

 

၁၂။မြန်မာပြည်မှာစစ်အာဏာရှင်စနစ်အမြစ်ဖြတ်မည်။စစ်အာဏာရှင်စနစ်အာဏာရှင်အတွေးအခေါ်ရှိသူတွေနဲ့ ဘယ်လို အပေးအယူမျှ NUG အနေနဲ့ လုပ်ကိုင်မည် မဟုတ်။

 

၁၃။ စစ်တပ်ရဲ့ အနာဂတ်ကို လက်ရှိစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆုံးဖြတ်ရမည်ဖြစ်သည်။ စစ်တပ်တခုလုံး ပြိုကွဲပျက်စီးမှုကို ရွေးမှာလား။ ပြည်သူကိုစောင့်ရှောက်ပြီး အရပ်သားအစိုးရရဲ့အမိန့်ကို နာခံမည်လား ရွေးချယ်နိုင်သည်။

 

၁၂။ အမေရိကန်အစိုးရထံမှ ကူညီထောက်ပံ့ငွေ ရရှိလျှင် NUG နဲ့ အမေရိကန်အစိုးရ ညှိနိုင်းသုံးစွဲမည်။

 

၁၃။ တော်လှန်ရေးပြီးဆုံးတဲ့အခါ လက်ရှိစစ်ဘေးသင့်ပြည်သူတွေရဲ့ ဆုံးရှုံးမှုတွေအတွက် ပြည်သူ့အစိုးရက အပြည့်အဝတာဝန်ယူစောင့်ရှောက်မည်။

 

၁၄။ ၂ဝ၂၂ ခုနှစ်အတွင်း PDF နဲ့ မဟာမိတ်တွေလက်တွဲပြီး အရေးကြီးတဲ့ အောင်ပွဲတွေ ရယူမည်။

 

၁၅။ နွေဦးတော်လှန်ရေးကို အောင်ပွဲနဲ့ အမြန်ဆုံး အဆုံးသတ်ဖို့ NUG ကြိုးစားမည်။

 

Source – RFA Burmase

Related Posts

သုံးသပ်ချက်များ

အပစ်မရပ်ကြသူများ

April 30, 2025

အပစ်မရပ်ကြသူများ ခုရက်ပိုင်း ပွဲသတင်းတွေ တော်တော်လေး စိတ်နေတယ်။...

ဧပြီ ၀၁၊ ၂၀၂၅။ (အင်္ဂါ)
သုံးသပ်ချက်များ

ဘယ်သူ့​ကြောင့်လဲ

April 19, 2025

မန္တလေးငလျင်ကြီးလှုပ်ပြီးသွားတဲ့အခါ နိုင်ငံတကာကအကူအညီပေးတဲ့အဖွဲ့တွေအလျှင်အမြန်ရောက်လာပြီး နည်းပညာအကူအညီနှင့် ဒေသခံတွေပူးပေါင်းပြီး ကယ်တင်ကြတဲ့အတွက်...

သုံးသပ်ချက်များ

“၂၀၂၅ စိန်ခေါ်မှု”

March 28, 2025

ဘာကြောင့် တော်လှန်ရေး လုပ်ခဲ့ကြတာလဲဆိုတာကို မျက်ခြည်ပြတ်လာကြလေသလားလို့ စိုးရိမ်စရာတွေ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English