ကရင်ပြည်နယ်၊KNUတပ်မဟာ၆နယ်မြေကော့ကရိတ်မှာတိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတယ်။KNUဘက်ကစစ်ကောင်စီရဲ့တပ်စခန်းတွေကိုတစ်ခုပီးတစ်ခုတိုက်ခိုက်နေပြီးစစ်ကောင်စီဘက်ကလဲအင်အားအလုံးအရင်းဖြည့်တင်းနေတယ်။အကျိုးဆက်အဖြစ်ထိုဒေသကအာရှလမ်းမကြီးကတော့ပိတ်လျက်ရှိနေဆဲပဲ။လမ်းမကြီးပေါ်ဿားတစ်ချို့လဲနေ့တိုင်းနီးပါးဖျက်စီးခံနေရတယ်။KNUဘက်ကထိုလမ်းကိုမသုံးဖို့စာထုတ်ထားပေမယ့်အရဲစွန့်ပြီးသွားတဲ့သူကသွားနေတုန်းပဲ။ ထိုလမ်းကိုပိတ်ထားတဲ့အတွက်ထိုင်းနိုင်ငံနဲ့ကုန်သွယ်မှုကရပ်တန့်သလောက်ဖြစ်နေတယ်။တရုတ်နယ်စပ်ကကုန်သွယ်မှုဟာလဲအခုထိကောင်းကောင်းမပွင့်သေးတဲ့အတွက်ရေရှည်မှာကုန်ပစ္စည်းရှားပါးမှုတွေဖြစ်ပေါ်လာနိုင်တယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


