ချင်းပုန်းရွာမှာတပ်စွဲသွားတဲ့စစ်သူပုန်တွေရဟတ်ယာဉ်နဲ့ပဲပြန်လည်ဆုတ်ခွာသွားတယ်။ဖမ်းဆီးခံထားရတဲ့မူကြိုကလေးတွေအပါအဝင်ရွာသားတွေပြန်လွတ်လာကြပေမယ့်ပြည်သူ၂၀ခန့်ကိုသတ်ဖြတ်သွားပြီးဆိုင်ကယ်တွေကားတွေကိုဖျက်သွားတယ်။အဆိုးဆုံးကတော့အနားကသပြေအေးရွာကိုရွာလုံးကျွတ်မီးရှို့သွားတာပဲ။
စစ်ကိုင်းတိုင်းထဲမှာကျေးရွာတွေနေ့စဉ်မီးရှို့ခံနေရတယ်။တတိုင်းလုံးနီးပါးလဲစစ်ဘေးဒုက္ခသည်တွေနဲ့ပြည့်နှက်နေပြီ။ထိုဖြစ်ရပ်တွေကြောင့်ကမ္ဘာဒီမိုကရေစီအညွှန်းကိန်းမှာမြန်မာဟာမြောက်ကိုရီးယားအောက်ရောက်သွားတယ်။အတောင်ရှက်စရာကောင်းတဲ့ကိစ္စပဲ။