Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

စစ်ကောင်စီကိုပေးရမယ့် ဘက်ပေါင်းစုံဖိအား

February 17, 2022
in သုံးသပ်ချက်များ
Reading Time:1 min read
Share on FacebookShare on Twitter

၁။ မင်းအောင်လှိုင်ရဲ့မြေပုံ

အာဏာသိမ်းအကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့ရဲ့ လမ်းပြမြေပုံအတိုင်းပဲ ဆက်သွားနေဆဲပါ။ သူ့လမ်းပြမြေပုံတွေကတော့

၁။ တည်ငြိမ်အောင် ထိန်းမယ်

၂။ ပြည်တွင်းလက်ကျန်နိုင်ငံရေးအင်အားစုတွေစုစည်းမယ်

၃။ PRစနစ်ပြောင်းမယ်

၄။ ရွေးကောက်ပွဲလုပ်ပြီး သူ့ကျောထောက်ပါတီအများဆုံးနိုင်ဖို့လုပ်မယ်

၅။ သမ္မတလုပ်ပြီးတရားဝင်အစိုးရခံယူမယ် ဆိုတဲ့ လမ်းပြမြေပုံပါပဲ။ စစ်ကောင်စီဟာ ဒီမြေပုံကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နေတာ ၁ နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။ အခုအချိန်မှာ ဒီမြေပုံရဲ့ဘယ်အဆင့်ကိုရောက်နေသလဲဆိုတော့ နံပါတ် ၁ နဲ့ ၂ မှာပဲ ချာချာလည်နေပါတယ်။

၂၀၂၁ ခုနှစ် ဇွန်နဲ့ ဇူလိုင်လတွေမှာ ကိုဗစ် တတိယလှိုင်းကို အခွင့်ကောင်းယူပြီး အုပ်ချုပ်မှုတွေတိုးချဲ့ကာ နယ်မြေ စိုးမိုးချုပ်ကိုင်မှုလုပ်ဖို့ကြိုးစားခဲ့ပေမဲ့ ပြည်သူ့ခုခံတော်လှန်စစ်စတင်တဲ့ စက်တင်ဘာ ၇ ရက်ကစလို့ နယ်မြေမတည်ငြိမ်မှုအပြင် တချို့နေရာတွေမှာ နယ်မြေထိန်းချုပ်စိုးမိုးမှုတွေပါ လက်လွှတ်လိုက်ရပါတယ်။ နံပါတ် ၁ ကို ဇွတ်အတင်းဖြတ်ကျော်ပြီး အဆင့် ၂ ဖြစ်တဲ့ ပြည်တွင်း လက်ကျန်နိုင်ငံရေးအင်အားစုတွေကို စုစည်းဖို့ကြိုးစားရာမှာလည်း သူအောက်ဆွဲပါတီတချို့ကလွဲပြီး တိုင်းရင်းသားပါတီတွေ၊ လူမျိုးစု အခြေပြု ပါတီတွေနဲ့ ညှိလို့နှိုင်းလို့မရသေးဘဲ တိုင်ပတ်နေဆဲဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ဖိအားပေးမှုကြောင့် NLD ပါတီကိုလည်းမဖျက်သိမ်းဘူးဆိုတာဝန်ခံလိုက်ရပြီးပြည်တွင်းနိုင်ငံရေးအင်အားစုစည်းတဲ့အခြေအနေမှာလည်းကျီးမရောက်ကြက်မမြောက်အောက်ကလိအာအာကလိအောက်အခြေအနေပဲရှိပါတယ်။ဒါကြောင့်အာဏာသိမ်းစစ်ကောင်စီကမင်းအောင်လှိုင်ရဲ့လမ်းပြမြေပုံဟာ အဆင့် ၁ က မကျော်နိုင်သေးဘူးလို့ကောက်ချက် ချနိုင်ပါတယ်။

 

၂။ ပြည်သူ့လမ်းပြမြေပုံ

ပြည်သူ့လမ်းပြမြေပုံရယ်လို့ ရှိပြီလားလို့ မေးစရာရှိတော့ ရှိလာပါပြီလို့ ဖြေရပါမယ်။ အဲဒါကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇/၂၈/၂၉ သုံးရက်တာ ကျင်းပခဲ့တဲ့ ပြည်သူ့ညီလာခံက ချမှတ်လိုက်တဲ့ ဖက်ဒရယ် ပဋိညာဉ်အစိတ်အပိုင်း(၁) အခန်း(၃) ပါ လမ်းပြမြေပုံပဲဖြစ်ပါတယ်။ ဒီလမ်းပြမြေပုံမှာ

၁။ စစ်အာဏာသိမ်းမှု အဆုံးသတ်နိုင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေး အတွက် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ပြုတ်ကျသည်အထိ ဝန်ထမ်းများ၏ CDM လှုပ်ရှားမှုများ အပါအဝင် လူထုအထွေထွေ လှုပ်ရှားမှုများကို အဆက်မပြတ် ဆက်လက်လှုပ်ရှား ဆောင်ရွက်နိုင်ရေး စည်းရုံးလှုံ့ဆော်ခြင်း၊ အားပေးခြင်းနှင့် ပံ့ပိုးကူညီခြင်း။

၂။ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များဖြင့် လွှတ်တော်ကိုယ်စားပြုကော်မတီများ ဖွဲ့စည်း၍ ကဏ္ဍ အလိုက် ပူးပေါင်းဆောင်ရွက်ခြင်း၊

၃။ နိုင်ငံရေးဆိုင်ရာသဘောတူညီချက်များဆွေးနွေးအတည်ပြုနိုင်ရေးနှင့် ရှေ့လုပ်ငန်းစဉ်များအကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် မိတ်ဖက်နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် အမျိုးသမီးနှင့် လူငယ်အဖွဲ့အစည်းများ အပါအဝင် အရပ်ဖက်လူမှုအဖွဲ့အစည်းများ လက်တွဲ ဆောင်ရွက်နိုင်သည့် အခင်းအကျင်း ဖော်ဆောင်ခြင်း၊

၄။ ဖက်ဒရယ်ဒီမိုကရစီ ပဋိညာဉ် (Charter) ကို ရေးဆွဲအတည်ပြုခြင်း၊

၅။ ဤပဋိညာဉ် (Charter) နှင့်အညီ ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ (Interim National Unity Government) ဖွဲ့စည်းခြင်း၊ ဥပဒေပြုရေးနှင့် တရားရေးမဏ္ဍိုင်ဆိုင်ရာ အဖွဲ့အစည်းများကို ဖွဲ့စည်းခြင်း၊

၆။ အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတည်ဆောက်ရေး အတွက် ဘုံပန်းတိုင်တူ အင်အားစု အားလုံးပါဝင်သော ပြည်သူ့ ညီလာခံ တစ်ရပ် ခေါ်ယူကျင်းပခြင်း၊

၇။ အာဏာရှင်စနစ် ပပျောက်ရေး၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် မဟာဗျူဟာချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊

၈။ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခြင်း၊

၉။ အသွင်ကူးပြောင်းရေးကာလ အစိုးရဖွဲ့စည်းခြင်း၊

၁၀။ တိုင်းပြုပြည်ပြုညီလာခံ (Constitutional Convention) ခေါ်ယူကျင်းပပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖွဲ့ စည်းပုံအခြေခံဥပဒေ ရေးဆွဲအတည်ပြုခြင်း၊

၁၁။ တိုင်းပြုပြည်ပြုညီလာခံက ရေးဆွဲအတည်ပြုထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုဆန္ဒခံယူပွဲကျင်းပပြီး အတည်ပြုပြဋ္ဌာန်းခြင်း နှင့် ရွေးကောက်ပွဲကျင်းပခြင်း၊

၁၂။ အတည်ပြုပြဋ္ဌာန်းလိုက်သည့် ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပြုရေး၊ အုပ်ချုပ် ရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်များကိုဖွဲ့စည်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေစနစ် (Constitutionalism)အရ လိုက်နာ ကျင့်သုံးခြင်း၊

ဆိုတဲ့အချက်တွေပါဝင်ပါတယ်။

ဒီလမ်းပြမြေပုံပါအဆင့် ၁၂ ခုမှာ တပြိုင်တည်းဆောင်ရွက်မှုရော အစဉ်အလိုက် ဆောင်ရွက်မှုရော ချိန်ကြည့်လိုက်တဲ့အခါ ပြည်သူ့ညီလာခံကနေ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ပြဋ္ဌာန်းတဲ့ အဆင့်(၆) ကိုကျော်ဖြတ်ပြီး (၇) ကို ရောက်ရှိသွားပြီဖြစ်ပါတယ်။ ဒါကြောင့် ပျမ်းမျှတွက်ကြည့်လိုက်ရင်တော့ လူထုလှုပ်ရှားမှုဟာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ထက် ရှေ့ပိုရောက်တယ်လို့တော့ပြောနိုင်ပါတယ်။

ဆက်ပြီး ပြည်သူလူထုအနေနဲ့ လမ်းပြမြေပုံ အဆင့် ၇ ပါ အာဏာရှင်စနစ်ပပျောက်ရေး၊ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် မဟာဗျူဟာ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းကို လုပ်ဆောင်ရမှာလည်းဖြစ်ပါတယ်။ မဟာဗျူဟာလို့ဆိုရင် ကြီးကျယ်သွားမှာဖြစ်ပေမယ့် လုပ်ဆောင်ရမယ့်အချက်တွေကတော့ သိပ်မခက်ခဲပါဘူး။

အတိုချုပ်ပြောရရင် စစ်ကောင်စီကို ဘက်ပေါင်းစုံကဖိအားပေးနိုင်ဖို့ပါပဲ . .။

 

၃။ ပြည်သူ့ဖိအားများ

လက်ရှိအချိန်စစ်အာဏာရှင်ကို တော်လှန်နေတဲ့ ပြည်သူတွေဟာ စစ်ကောင်စီကို

၁။ စစ်ရေးဖိအား

၂။ အုပ်ချုပ်ရေးဖိအား

၃။ သံတမန်ရေးဖိအား

၄။ တရားဝင်မှုဖိအား

၅။ လူထုဖိအား

ဖိအားငါးမျိုးကို ပေးဖို့လိုအပ်ပါတယ်။

နံပါတ် ၁ ဖြစ်တဲ့ စစ်ရေးဖိအားကတော့ လက်ရှိပြည်သူအားလုံး အာရုံစိုက်မိနေတဲ့ ဖိအားဖြစ်ပြီးမင်းအောင်လှိုင် အတွက်ကတော့ ဖြေရှင်းရတာ သိပ်မခက်လှပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နှစ်ပေါင်းများစွာ ပြည်တွင်းစစ်ကို ရင်ဆိုင်လာရသူမို့ လက်နက်ကိုင်တော်လှန်မှုတွေကို အလုံးစုံချေမှုန်းစစ်ဆင်ရေးနည်း၊ ဖြတ်လေးဖြတ်နည်း၊ တန်ပြန်ပြည်သူ့စစ်ဗျူဟာနည်းတို့နဲ့ နှိမ်နှင်းနိုင်လို့ပါပဲ။ သူတို့အတွက်က ဆေးနည်းရှိတဲ့ ရောဂါမို့လို့ သိပ်ကြောက် လေ့မရှိပါဘူး။ ဒါတောင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေပါ မဟာမိတ်ချိတ်ဆက်ပြီး အချိန်ကိုက် တိုက်ပွဲဝင်နိုင်မယ်ဆိုရင်စစ်ရေးဖိအားဟာလည်းမင်းအောင်လှိုင်အတွက်တော့အိပ်မက်ဆိုးဖြစ်လာနိုင်ပါတယ်။ နောက်ပြီး မထင်မှတ်တဲ့ တိုင်းဒေသကြီးတွေရဲ့ သာလွန်အင်အားနဲ့ ရရာလက်နက်စွဲကိုင်ခုခံမှုဟာလည်း မဟာဖိအားတစ်ရပ်ဖြစ်လာပါပြီ။

နံပါတ် ၂ အုပ်ချုပ်ရေးဖိအားကတော့နိုင်ငံ့ဝန်ထမ်း CDM ဖြစ်ပြီး မင်းအောင်လှိုင်အတွက် အကြပ်အတည်း ဖြစ်နေဆဲပါပဲ။ NUG အစိုးရရဲ့ နည်းဗျူဟာ အားနည်းချက်တွေကြောင့် CDM တချို့ပြန်ဝင်သွားပြီး လျော့ရဲလာသည့်တိုင် စစ်အုပ်ချုပ်ရေး ယန္တယားကို အနှောက်အယှက်ပေးနေဆဲဖြစ်ပါတယ်။

နံပါတ် ၃ သံတမန်ရေးဖိအားကလည်း မင်းအောင်လှိုင်ဘယ်လိုမှ ကြိုးစားကျော်ဖြတ်မရတဲ့ အကြပ်အတည်းအဖြစ် ရှိနေဆဲပါ။ နံပါတ် ၄ ဖြစ်တဲ့ တရားဝင်မှုဖိအားအတွက်လည်း စင်ပြိုင် ဒီဂျူရီယာယ် တရားဝင်မှုရထားတဲ့ CRPH/NUG နဲ့ ဒီဖက်တို ဒီဂျူရီယာယ်ပေါင်းထားတဲ့ NUCC တို့က စုဖွဲ့မှုအားနည်းချက်တွေရှိတဲ့ကြားထဲက စင်ပြိုင်အင်စတီကျူးရှင်းတစ်ရပ်ဖော်ဆောင်နေဆဲဖြစ်ပါတယ်။

အဘက်ဘက်သော ဖိအားတွေထဲမှာ အရေးအကြီးဆုံးကတော့ လူထုသပိတ်တိုက်ပွဲတွေ အရင်ကလိုထုနဲ့ထည်နဲ့ ပြန်လည်ပေါ်ထွက်လာရေးပါပဲ။ လူထုသပိတ်တိုက်ပွဲတွေ လှုပ်ရှားမှုတွေဟာ တစ်ခုဆို တစ်ခု မင်းအောင်လှိုင်ကို ဖိအားအကြီးကြီးဖြစ်စေတာ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် Silent Strike တွေက သက်သေပြနေပါတယ်။ မင်းအောင်လှိုင်နဲ့ စစ်ကောင်စီအဖို့ လက်နက်ကိုင်တော်လှန်ရေးကို နှိမ်နှင်းဖို့နည်းလမ်းရှိပေမဲ့ လူထု သပိတ်တိုက်ပွဲတွေကို နှိမ်နင်းဖို့နည်းလမ်းရေရရာရာမရှိပါဘူး။ ပစ်ခတ်နှိမ်နင်းလိုက်ရင်ရတယ် ဆိုပေမဲ့ လက်ရှိ စစ်ကောင်စီရဲ့ ပြည်သူ့ခုခံစစ်ကို မျက်နှာလှည့်နေရတဲ့ အင်အားဟာနှစ်ငါးလုံးသပိတ်လို လူသန်းချီလမ်းပေါ်ထွက်လာမဲ့ သပိတ်မျိုးကို နှိမ်နင်းနိုင်ဖို့ အင်အားမရှိတော့ပါဘူး။ လမ်းပေါ်ထွက် လာတာမျိုးမဟုတ်တဲ့ တခြားလူထုလှုပ်ရှားမှု တွေလည်း အများကြီးဖန်တီးလို့ရနေတာမို့ လူထုသပိတ်သာ ပီပီ ပြင်ပြင်ဖြစ်လာခဲ့ရင် မင်းအောင်လှိုင်နဲ့ သူ့ရဲ့ စစ်ကောင်စီအတွက် အကြီးမားဆုံးဖိအား ဝင်လာမှာအမှန်ပါပဲ။ ဒါကြောင့် လူထုသပိတ်တိုက်ပွဲ ဖိအားဟာ စစ်ကောင်စီပြုတ်ကျရေး ပေးရမယ့်ဖိအားတွေအနက် အလှည့် အပြောင်းပါဝါတစ်ခုလို့ ဆိုချင်ပါတယ်။

နိဂုံးချုပ်ရရင်တော့ အာဏာရူးမင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကို မဟာဗျူဟာကျကျ အဘက်ဘက်က ဖိအားပေးဖို့လိုပါတယ်။ အဲဒီထဲက အကြီးမားဆုံးဖိအားကတော့ လူထုတိုက်ပွဲ ဖိအားပဲဖြစ်ပါတယ် ခင်ဗျား။

ဆိုရှယ်မီဒီယာများမှကူးယူဖော်ပြခြင်းဖြစ်ပါသည်၊ မူရင်းရေးသားသူအားခရက်ဒစ်ပေးပါသည်။

Related Posts

သုံးသပ်ချက်များ

အပစ်မရပ်ကြသူများ

April 30, 2025

အပစ်မရပ်ကြသူများ ခုရက်ပိုင်း ပွဲသတင်းတွေ တော်တော်လေး စိတ်နေတယ်။...

ဧပြီ ၀၁၊ ၂၀၂၅။ (အင်္ဂါ)
သုံးသပ်ချက်များ

ဘယ်သူ့​ကြောင့်လဲ

April 19, 2025

မန္တလေးငလျင်ကြီးလှုပ်ပြီးသွားတဲ့အခါ နိုင်ငံတကာကအကူအညီပေးတဲ့အဖွဲ့တွေအလျှင်အမြန်ရောက်လာပြီး နည်းပညာအကူအညီနှင့် ဒေသခံတွေပူးပေါင်းပြီး ကယ်တင်ကြတဲ့အတွက်...

သုံးသပ်ချက်များ

“၂၀၂၅ စိန်ခေါ်မှု”

March 28, 2025

ဘာကြောင့် တော်လှန်ရေး လုပ်ခဲ့ကြတာလဲဆိုတာကို မျက်ခြည်ပြတ်လာကြလေသလားလို့ စိုးရိမ်စရာတွေ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English