ကချင်ပြည်နယ်မှာKIAနဲ့စစ်ကောင်စီတို့တိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေတယ်။ဒီလဆန်းပိုင်းကတည်းကKIAဟာပူတာအို၊ဆွမ်ပရာဘွန်၊ဖားကန့်၊တနိုင်း၊မိုးညှင်းစတဲ့မြို့နယ်တွေက စစ်ကောင်စီတပ်စခန်းခြောက်ခုခန့်ကိုဝင်ရောက်တိုက်ခိုက်ရာမှာအနည်းဆုံးသုံးခုခန့်သိမ်းပိုက်ရရှိထားတယ်။KIOဥက္ကဌကလဲသူတို့ရဲ့တော်လှန်ရေးနေ့မှာNUGနဲ့ပူးပေါင်းပြီးစစ်တပ်ကိုဝိုင်းဝန်းတိုက်ခိုက်ဖို့ဆော်သြထားတယ်။မြောက်ပိုင်းမဟာမိတ်တိုင်းရင်းသားအဖွဲ့တွေဖြစ်တဲ့AA,TLNA,MMDAAတို့ကလဲKIAနဲ့နိုင်ငံရေး၊စစ်ရေးတွေမှာပူးပေါင်းဆောင်ရွက်ဖို့ကြေငြာချက်ထုတ်ပြန်လိုက်တယ်။အင်အားကြီးEAOအဖွဲ့တွေကတော့မကြုံစဖူးစည်းလုံးနေကြပြီ။ဖက်ဆစ်စစ်တပ်ကိုအမြစ်ဖြတ်ဖို့ပဲကျန်တော့တယ်။
စစ်ကောင်စီဘက်ပြန်ကြည့်ရင်လဲသူတို့ဟာကယားနဲ့တိုက်လိုက်၊ကရင်နဲ့တိုက်လိုက်၊ရှမ်းမြောက်နဲ့တိုက်လိုက်၊အခုကချင်ဘက်မှာပါအတိုက်ခံနေရပြီဆိုတော့စစ်မျက်နှာဖွင့်နေရတာအတော်များနေပြီ။လေတပ်ရှိနေတဲ့အတွက်ကြောင့်သာခံသာနေတာပါ။ဒီအတိုင်းဆက်သွားရင်လာမယ့်လတွေမှာတနိုင်ငံလုံးမှာ တိုက်ပွဲတွေပိုမိုပြင်းထန်လာလိမ့်မယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


