ဒီရက်ပိုင်းစစ်ကိုင်းတိုင်းကရွာတွေအတော်များများဆက်တိုက်မီးရှို့ခံနေရတယ်။အင်မထီးရွာမှာPDFသင်တန်းဆင်းပွဲလုပ်တယ်ဆိုပြီးစစ်တပ်ကဝင်မွှေကာစတင်မီးရှို့သွားတယ်။တရက်ကိုတရွာနှုန်းလောက်စစ်တပ်ကမီးရှို့နေတာအခုဆိုရွာငါးရွာကျော်နေပြီ။ဒါဟာဒီရက်ပိုင်းစာရင်းပဲရှိသေးတယ်။ပုလဲမြို့နယ်မှာအဆိုးဆုံးပဲ။ထိုနယ်ကPDFခေါင်းဆောင်ဗိုလ်နဂါးကနာမည်ကြီးနေတော့စစ်သူပုန်တွေမဲမဲမြင်ရာမီးရှို့ဖျက်ဆီးသောင်းကျန်းနေကြတယ်။ကြားရတဲ့သတင်းတွေအရတချို့ရွာတွေဆိုအိမ်တွေဓာတ်ဆီလောင်းပြီးရွာသားတွေဆီကငွေညှစ်တယ်။ငွေပေးနိုင်တဲ့ရွာကိုထားခဲ့ပြီးငွေမပေးနိုင်တဲ့ရွာကိုမီးရှို့ပစ်ကြတယ်။ဒီကောင်တွေတော်တော်မိုက်ရိုင်းနေပြီ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


