ကမ်ဘောဒီးယားအာဆီယံအလှည့်ကျဥက္ကဌဖြစ်ကတည်းကအချိန်အတော်ကြာအကျပ်အတည်းဖြစ်နေတဲ့အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာစစ်ကောင်စီကိုမဖိတ်ဖို့သဘောတူညီချက်ရသွားပြီ။ဟွန်ဆန်ကကုလားဖန်ထိုးဖို့ကြိုးစားပေမယ့်မအောင်မြင်ခဲ့ပဲသူနာမည်ပျက်တာပဲအဖတ်တင်သွားတယ်။မင်းအောင်လှိုင်ကိုဘဝတူအာဏာရှင်ဟွန်ဆန်တောင်မကယ်တင်နိုင်ခဲ့ဘူး။
UNမှာတော့တနှစ်ပြည့်အာဏာသိမ်းမှုအတွက်UNSCရော၊အထွေထွေအတွင်းရေးမှုးချုပ်ကရောခုထိစစ်တပ်ကိုတောင်းဆိုနေတုန်းပဲ။တောင်းဆိုတာကလွဲပီးဘာမှမလုပ်တတ်တဲ့၊ဘာမှလဲမလုပ်နိုင်တဲ့ကုလသမဂ္ဂဟာအတော်သနားစရာကောင်းနေပြီ။လတ်တလောဖြစ်နေတဲ့ယူကရိန်းအရေးမှာဆိုအသံတောင်မထွက်နိုင်ရှာဘူးဖြစ်နေတယ်။ရယ်စရာပဲ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


