Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

နှစ်ကူးသုံးသပ်ချက် (၂)

ဘာတွေဆက်ဖြစ်မလဲ

February 10, 2022
in သုံးသပ်ချက်များ
Reading Time:1 min read
Share on FacebookShare on Twitter

စစ်အာဏာ သိမ်းတာ တစ်နှစ် ပြည့်ခဲ့ပြီမို့ဘာတွေ ဖြစ်ခဲ့လဲ အားလုံးတွေ့ခဲ့ကြပြီ။အခုပြောမှာက ဘာတွေ ဆက်ဖြစ်မလဲပေါ့။

တပ်မတော်ဟာ သူပုံမှန် ရပ်တည်နိုင်ခွင့်ကို အကြီးအကျယ်ဆုံးရှုံးခဲ့ရတယ်။ပုံမှန်ရနေကြ လူစွမ်းအား အရင်းအမြစ်တွေ အကုန်ပြတ်တောက်သွားတယ်။ဒီအကျိုးဆက်ကို ရှေ့လာမယ့် နှစ်မှာအကြီးအကျယ် ခံစားရမယ်။တိုင်းရင်းသားနယ်မြေတွေဟာဘယ်လိုပဲ တားတား လွတ်မြောက်သွားကြမယ်။

ပြည်ထောင်စုအစိုးရပေါ်လာနိုင်သလိုလုံး၀သီးသန့်ရပ်တည်မယ့်တိုင်းပြည်ဒေသတွေလည်းဖြစ်သွားနိုင်တယ်။ဒါကို AA, MMDAA နဲ့ TNLA တို့ရဲ့ရပ်တည်ချက်မှာထင်ထင်ရှားရှားတွေ့ရမယ်။NUCC က ချ ပြတဲ့ အခြေခံဉပဒေအပေါ် ယုံကြည်ရမှုဟာ ရှေ့လာမယ့် အစိုးရရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမယ်။

နိုင်ငံရေးမှာအကုန်ချပြလို့ မရလို့ ဖွင့်မပြောကြပေမယ့်သာမာန်ပြည်သူတွေ မသိတဲ့ကိစ္စတွေ အများကြီးရှိတယ်။ဉပမာကနဦးကချင်ပြည်နယ်ကို ထိုးစစ်ဆင်တဲ့စစ်ဆင်ရေးတွေမှာ AA က KIA နဲ့ အတူ ပူးပေါင်း ခံစစ်ဆင်ပေးခဲ့တာ၊လိုင်ဇာမှာလုပ်ခဲ့တဲ့ဖေဖော်ဝါရီလညစာစားပွဲမှာAA ခေါင်းဆောင်တွေရှိနေခဲ့တာ။

တိုက်ပွဲတွေကိုမြေပြင်အထိ ကူခဲ့တာတွေကို ပြည်သူတွေ သိတဲ့သူနည်းခဲ့တယ်။ကိုးကန့်တွေရဲ့ လက်နက်တွေဟာ အဝေးကြီးကလာတာမဟုတ်ဘူး။အနီးဆုံးတိုင်းပြည်က သယ်တာ။အဲ့တာကြောင့် စကစ ဟာ အလုံးပေါင်းဘယ်လောက် ဘာညာထလုပ်တာပဲ။သူဘယ်ကရလဲ ဆိုပြီး လက်ညှိုးမှ မထိုးရဲတာ။

ဆိုတော့ကာရှမ်း အဖွဲ့အချို့ကလွဲလို့ ကျန်တဲ့အဖွဲ့ အားလုံး အကုန်ပါမယ့်NUCC အောင်မြင်ရင် ပြည်ထောင်စု အစိုးရပြန်ပေါ်မယ်။မအောင်မြင်ရင် ပြည်နယ်အစိုးရတွေအုပ်ချုပ်မယ်။ဒါပေမယ့် ပူစရာမလိုဘူး

ကိုယ့်ဒေသ ကိုယ့်လက်ကိုယ့်ခြေ ကိုယ့်လူမျိုး အုပ်ချူပ်ရလို့ ပိုပြီးတော့တောင် အောင်မြင်လာဦးမယ်။

တပ်ဘက်ကိုတော့ ထည့်မရေးတာက သူ့အဆင့်ဟာစစ်တုရင်ပွဲမှာ ရှုံးနေတဲ့ သူက သူမြန်မြန် မရှုံးရအောင် လုပ်နေတဲ့ အဆင့်ပဲရှိတော့မယ်။သူရပ်တည်ချင်ရင် လုပ်လို့ရမယ့် အချက်က နိုင်ငံတကာ တရားရုံးတွေက တရားစွဲတဲ့အချိန်မှာ စစ်ခေါင်းဆောင်တွေကို ဖမ်းပြီး အပ်လို့ရတယ်။အဲ့နည်းနဲ့ အောက်ကလူတွေဟာ ရုန်းထွက်လာလို့ရနိုင်တယ်။ထွက်စရာဘာနည်းမှမရှိတော့ရင်Thinktankတွေကဒီနည်းသုံးပြီး
ထွက်ခိုင်းလိမ့်မယ်။ဒါက နိုင်ငံရေးဘက်…

စစ်ရေးဘက်ကတော့ သိတဲ့အတိုင်း ကိုယ့်လူတို့ ကလစ်လေ မြန်လေပဲ။ဒီလောက်ကောင်းတဲ့ ထောက်ပံ့မှု လမ်းကြောင်းကြီးပေါ် မြန်မြန်လျှောက်နိုင်လေ မြန်မြန်အောင်ပွဲနီးလေပဲ။ပြည်သူတွေဘက်ကတော့ ပြောစရာ နည်းနည်းများမယ်။စစ်တပ်ဟာ သတင်းစီးဆင်းမှု အားကောင်းအောင်ကြိုးစားပေမယ့်သတင်းရရှိမှု အားနည်းသွားတဲ့အခါသူတို့ အကြား လူများတဲ့ channel တစ်ခု ဖြစ်တဲ့ ရေသည်ကို ပွဲထုတ်လာတယ်။

ရေသည်နဲ့ကျော်စွာဟာအရင်ကတည်းကစစ်တပ်မှာဘာအဆင့်မှမရှိဘူး။ကော်ရှုနေတဲ့လမ်းဘေးကကောင်ကိုဒီကောင်သတင်းစုံတယ်ဟဆိုပြီးအနားခေါ်ထားတာထက်မပိုဘူး။ကျော်စွာကလည်းစိတ်ဓာတ်မြှင့်တင်ရေး ဘာညာ လုပ်နေပေမယ့်အရင် ဒီတာ၀န်တွေ ယူခဲ့တဲ့ ရဲမိုးရဲ့ခြေဖျားတောင်မမှီဘူး။ဒါပေမယ့် သူတို့ အလုပ်လုပ်တဲ့ ပုံက လူအများကိုထိခိုက်စေတယ်။ဖော်လိုဝါတွေ ရှိတော့ သူတို့ဆီကနေ ချန်နယ်ကို ပို့တယ်။

ချန်နယ်ကနေ အထက်ကိုပို့တယ်။အထက်ကလည်း သူတို့ကိုယ််တိုင် နာမည်ထုတ်ထားတဲ့သူတွေဆိုတော့ အလုပ်ဖြစ်အောင်လုပ်ငန်းပြရတယ်။ကိုယ်တိုင် ပုံရှိနေတဲ့ အကောင့်တွေသတိထားရမယ်ချန်နယ်ကိုပို့တာနဲ့ လုပ်ငန်းပြဖြစ်အောင် ကြောက်သွားအောင် လုပ်ပြနေကြတယ်။အကယ်လို့ ကိုယ့်အနေအထားက အရမ်းလင်းနေရင် သတိထားရမယ်။သတင်းလုံခြုံရေးအရေးကြီးတယ်။ထိုင်ဆဲနေလို့ အဖမ်းခံရတာနဲ့

လိုင်းပေါ်မှာ အသာအယောင်ပြပြီး တစ်ကယ်ထိရောက်မယ့်ကလစ်နှိပ်တာ ဘယ်ဟာပိုကောင်းမလဲ ယှဉ်ကြည့်ရမယ်။ကလစ်ဖို့တော့လိုမယ် ကြာရင်ကြာသလို ပြည်သူတွေပိုမို ကြပ်တည်းလာမယ်။

မြန်မြန်နိုင်ဖို့အတွက် ထောက်ပို့တွေ ပိုကောင်းဖို့လိုတယ်။အားလုံးပါ၀င်ရင်မြန်မြန်အောင်မြင်ပါလိမ့်မယ်။

ဆိုရှယ်မီဒီယာများမှကူးယူဖော်ပြခြင်းဖြစ်ပါသည်၊ မူရင်းရေးသားသူအားခရက်ဒစ်ပေးပါသည်။

Related Posts

“စစ်တပ်ကို ဘယ်လို အလဲထိုးမလဲ”
သုံးသပ်ချက်များ

“စစ်တပ်ကို ဘယ်လို အလဲထိုးမလဲ”

June 3, 2025

"စစ်တပ်ကို ဘယ်လို အလဲထိုးမလဲ"   အထွေထွေထိုးစစ်ကြီး...

သုံးသပ်ချက်များ

အပစ်မရပ်ကြသူများ

April 30, 2025

အပစ်မရပ်ကြသူများ ခုရက်ပိုင်း ပွဲသတင်းတွေ တော်တော်လေး စိတ်နေတယ်။...

ဧပြီ ၀၁၊ ၂၀၂၅။ (အင်္ဂါ)
သုံးသပ်ချက်များ

ဘယ်သူ့​ကြောင့်လဲ

April 19, 2025

မန္တလေးငလျင်ကြီးလှုပ်ပြီးသွားတဲ့အခါ နိုင်ငံတကာကအကူအညီပေးတဲ့အဖွဲ့တွေအလျှင်အမြန်ရောက်လာပြီး နည်းပညာအကူအညီနှင့် ဒေသခံတွေပူးပေါင်းပြီး ကယ်တင်ကြတဲ့အတွက်...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English