မနေ့ကလေးကေကော်ဒေသတိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကငါးဆယ်ကျော်သေဆုံးသွားတယ်။သူတို့အကျအဆုံးများလို့စစ်ဘေးရှောင်စခန်းတွေကိုလက်နက်ကြီးတွေနဲ့ပစ်တာလို့ပြန်သိရတယ်။နယ်စပ်မျဉ်းကိုကျော်ပြီးထိုင်းနိုင်ငံဘက်ကိုတောင်ကျကုန်လို့ထိုင်းစစ်တပ်ကသတိပေးတဲ့အနေနဲ့ပြန်လည်ပစ်ခတ်ထားတယ်လို့ကြားတယ်။ထိုဒေသမှာပြည်မကCDMတွေနိုင်ငံရေးခိုလှုံသူတွေအတော်များများရှိကြတယ်။သူတို့လဲအခုတိုက်ပွဲတွေဖြစ်တော့ထပ်ပြေးနေရတာပေါ့။
မနေ့ကတစ်ရက်ထဲမှာပဲရှမ်းပြည်နယ်မြောက်ပိုင်းမုံးကိုးဒေသကစစ်ကောင်စီနဲ့MNDAAတိုက်ပွဲတွေအပြင်အထန်ဖြစ်ပြီးစစ်ကောင်စီတပ်သားတစ်ရာကျော်သေဆုံးသွားတယ်လို့MNDAAကသတင်းထုတ်ပြန်တယ်။တပ်ရင်းငါးခုပေါင်းပြီးကြည်းကြောင်း၊လေကြောင်းကပါတိုက်ခိုက်ခဲ့ပေမယ့်MNDAAစခန်းကိုမသိမ်းနိုင်ပဲတပ်လန်ကျခဲ့ရတယ်။ဒီရက်ပိုင်းတနိုင်ငံလုံးမှာစစ်ကောင်စီဘက်ကအကျအဆုံးများနေပေမယ့်လဲစစ်ခေါင်းဆောင်တွေကတော့ဂရုစိုက်မယ့်ပုံမပေါ်ဘူး။အင်အားတွေထပ်ဖြည့်ပြီးပြည်သူကိုတိုက်ခိုက်ဖို့လုံးပန်းနေဦးမှာပဲ။