အင်းစိန်ထောင်မှာအသံတိတ်သပိတ်ပါဝင်တဲ့အကျဥ်းသားတွေနှိပ်စက်ခံနေရတယ်။အရေအတွက်ကိုတော့အတိအကျမသိရသေးဘူး။အပြင်ကပြည်သူတွေကိုတောင်စိတ်ထင်သလိုစစ်သူပုန်တွေရမ်းကားနေချိန်မှာမီဒီယာမရှိ၊လူ့အခွင့်အရေးမရှိတဲ့ထောင်ထဲကနိုင်ငံရေးအကျဥ်းသားတွေရဲ့အခြေအနေဟာမတွေးဝံစရာပဲ။ဒါတွေကိုသိလျက်နဲ့ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်နေကြတာလေးစားဖို့ကောင်းတယ်။
စစ်ကိုင်းတိုင်းအရာတော်မြို့နယ်မှာလဲကျေးရွာတစ်ရွာမီးရှို့ခံရလို့ရွာလုံးကျွတ်နီးပါးအိမ်ခြေတစ်ရာကျော်ပါသွားတယ်။အဲ့ဒီဒေသမှာPDFတွေနဲ့တိုက်ပွဲဖြစ်တော့စစ်သူပုန်တွေကမီးရှို့မယ်လို့ကြွေးကြော်ပြီးရွာကိုဝင်စီးတာတဲ့။ဘယ်လောက်တောင်မိုက်ရိုင်းတဲ့ခွေးတွေလဲ။နိုင်ငံတနှံတလျားမှာကျေးရွာပေါင်းများစွာဟာထိုကဲ့သို့မီးရှို့ဖျက်ဆီးခံနေကြရတယ်။
စက်တင်ဘာ ၂၇၊ ၂၀၂၅။ (စနေ)
စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းဥပဒေအောင်မြင်လာတာဟာ တော်လှန်ရေးအတွက် အလွန်အန္တရာယ်ကြီးပါတယ်။ကိုယ်တွေဘက်ကလဲ အခုချိန်ထိထိုဥပဒေကို...


