SweetDecemberလို့ခေါ်ကြတဲ့ချိုသောဒီဇင်ဘာလကိုရောက်ရှိလို့လာပါပြီ။မနှစ်ကဒီလိုအချိန်မှာငါးထောင်တန်FoodBoxတွေခေတ်စားခဲ့တယ်။ကျပ်ငါးထောင်ဆိုတဲ့ပမာဏဟာလူတိုင်းအတွက်ဘာမှမဟုတ်ခဲ့ဘူး။ဒီနှစ်တော့ဒီအချိန်မှာငါးရာတန်ထမင်းပွဲတွေခေတ်စားလာတယ်။
လူတွေကတော်တော်များများအလုပ်လက်မဲ့ဖြစ်သွားကြပြီ။ဝင်ငွေမရှိတော့ဘူး။ကမ္ဘာဘဏ်ကတော့၂၀၂၂မှာမြန်မာပြည်သူတဝက်လောက်ဟာဆင်းရဲမွဲတေမှုမျဉ်းအောက်မှာအသက်ရှင်ရလိမ့်မယ်လို့ခန့်မှန်းထားတယ်။လက်တွေ့မြေပြင်မှာလဲအဲ့ဒီအတိုင်းဖြစ်နေပြီ။စားစရာမရှိတော့တာနဲ့အမျှခိုးဆိုးလုယက်မှုတွေပေါလာလိမ့်မယ်။ခုတောင်တချို့နေရာတွေမှာတွေ့နေရပြီ။တရားဥပဒေစိုးမိုးမှုလဲမရှိတော့ဘူးလေ။စစ်ကောင်စီဟာအခုအချိန်မှာရာဇဝတ်မှုတွေကိုစိတ်မဝင်စားတော့ဘူး။သူတို့အာဏာတည်မြဲဖို့ကိုပဲအာရုံစိုက်နေရတယ်။ပြည်သူတွေရဲ့ဘဝဟာစားဖို့လဲပူရ၊ရာဇဝတ်မှုတွေကိုလဲကြောက်ရနဲ့အပူလုံးကြွနေပြီ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


