ချင်းပြည်နယ်ထန်တလန်မြို့လေးမှာဒီညမီးလောင်မှုတွေထပ်ပြီးဖြစ်ပွားနေတယ်။မြို့ခံလူထုတွေလုံးဝမရှိတော့ပဲစစ်သူပုန်တွေသာတပ်စွဲထားတဲ့နေရာမှာဒီမီးလောင်မှုတွေဟာဘယ်သူလက်ချက်လဲဆိုတာအသိသာကြီးပဲ။ထန်တလန်မှာမီးလောင်မှုတွေဖြစ်နေတာကိုးကြိမ်ခန့်ရှိနေပြီ။တမြို့လုံးလဲကုန်လောက်ပြီ။ဒါတောင်စစ်သူပုန်တွေကPDF တွေလက်ချက်ပါဆိုပြီးသူခိုးကလူလိုဟစ်ချင်နေသေးတယ်။
စစ်ကိုင်းတိုင်းအလယ်ပိုင်းဒီပဲယင်းမြို့နယ်မှာလဲညဘက်ကြီးရွာတွေကိုရဟတ်ယာဥ်တွေနဲ့ဝင်ပစ်နေလို့ဒေသခံဘေးလွှတ်ရာကိုညတွင်းချင်းပြေးနေရတယ်။စစ်သူပုန်တွေရဲ့ပစ်ခတ်မှုကြောင့်ရွာသား၁၈ဦးခန့်ပျောက်ဆုံးနေတယ်။သေလားရှင်လားမသိရသေးဘူး။စစ်တပ်ဟာကိုယ့်လူမျိုးကိုယ်ပြန်သတ်နေပြီ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


