NUGကနွေဦးထီကိုပုံမှန်ပြန်ရောင်းနေပြီ။ရောင်းရငွေရဲ့၇၅%ကိုCDMတွေကိုထောက်ပံမယ်လို့ပြောထားတယ်။ဒါပေမယ့်လဲအရင်ကလောက်လူတွေသည်းသည်းလှုပ်မဝယ်ကြသလိုပဲ။ပထမအကြိမ်တုန်းကအခက်အခဲတွေ၊ပြသာနာတွေကိုဖြေရှင်းပေးထားတယ်လို့တော့ပြောတယ်။စစ်ကောင်စီကဘဏ်အကောင့်တွေကိုမထင်ရင်မထင်သလိုလိုက်ပိတ်နေတော့တော်လှန်ရေးအတွက်ငွေလှူဖို့ပိုမိုခက်ခဲလာတယ်။
စစ်ကောင်စီဘက်ကလုံးဝလိုက်လို့မရတဲ့Click to Donate Team ကတော့တော်တော်အောင်မြင်နေပြီ။Clickတွေကတဆင့်အခုဆိုရင်တစ်နေ့သိန်းတစ်ရာခန့်ရနေပြီ။သူကရတဲ့ငွေတွေကLocal PDFတွေကိုပဲသီးသန့်သွားတာပါ။ဒါပေမယ့်လဲတစ်လသိန်းသုံးထောင်ဆိုတာလုံလောက်တဲ့ပမာဏတော့မဟုတ်ဘူး။ဒါကြောင့်တော်လှန်ရေးကာလကြာလေလေ ပြည်သူတွေဖက်ကပမ်းလာလေလေဖြစ်လာနိုင်တယ်။
စက်တင်ဘာ ၂၇၊ ၂၀၂၅။ (စနေ)
စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းဥပဒေအောင်မြင်လာတာဟာ တော်လှန်ရေးအတွက် အလွန်အန္တရာယ်ကြီးပါတယ်။ကိုယ်တွေဘက်ကလဲ အခုချိန်ထိထိုဥပဒေကို...


