NUGကနွေဦးထီကိုပုံမှန်ပြန်ရောင်းနေပြီ။ရောင်းရငွေရဲ့၇၅%ကိုCDMတွေကိုထောက်ပံမယ်လို့ပြောထားတယ်။ဒါပေမယ့်လဲအရင်ကလောက်လူတွေသည်းသည်းလှုပ်မဝယ်ကြသလိုပဲ။ပထမအကြိမ်တုန်းကအခက်အခဲတွေ၊ပြသာနာတွေကိုဖြေရှင်းပေးထားတယ်လို့တော့ပြောတယ်။စစ်ကောင်စီကဘဏ်အကောင့်တွေကိုမထင်ရင်မထင်သလိုလိုက်ပိတ်နေတော့တော်လှန်ရေးအတွက်ငွေလှူဖို့ပိုမိုခက်ခဲလာတယ်။
စစ်ကောင်စီဘက်ကလုံးဝလိုက်လို့မရတဲ့Click to Donate Team ကတော့တော်တော်အောင်မြင်နေပြီ။Clickတွေကတဆင့်အခုဆိုရင်တစ်နေ့သိန်းတစ်ရာခန့်ရနေပြီ။သူကရတဲ့ငွေတွေကLocal PDFတွေကိုပဲသီးသန့်သွားတာပါ။ဒါပေမယ့်လဲတစ်လသိန်းသုံးထောင်ဆိုတာလုံလောက်တဲ့ပမာဏတော့မဟုတ်ဘူး။ဒါကြောင့်တော်လှန်ရေးကာလကြာလေလေ ပြည်သူတွေဖက်ကပမ်းလာလေလေဖြစ်လာနိုင်တယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


