Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

အဆုံးအဖြတ်ကာလလား..

အောက်တိုဘာ 13, 2021
in သုံးသပ်ချက်များ
Reading Time:1min read
Share on FacebookShare on Twitter

စကစဟာ မိုးကုန်တာနဲ့ စစ်ဆင်ရေး တွေ အမြဲစတင်လေ့ရှိပါတယ်။ အခုလည်း အားလုံး ကြားထားတဲ့အတိုင်း ချင်း+စစ်ကိုင်းစစ်ရေးနယ်မြေ (ချင်း၊ စစ်ကိုင်း၊ မကွေး) ကို စစ်ဆင်ရေး စဖို့ ပြင်ဆင်မှု အကြီးကြီး လုပ်နေပြီ ဖြစ်ပါတယ်။ ကစထမှူးနှစ်ယောက် အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး နှစ်ယောက် ဖြစ်တဲ့ သန်းလှိုင်နဲ့ တေဇာကျော် ကို ထားထားပြီး ဒီစစ်ဆင်ရေး ကို စတင်တာ ဖြစ်ပါတယ်။

မြင်တာပြောရရင် ဒီ နမခ တိုက်ပွဲ (မကွေး၊ ချင်း၊ စစ်ကိုင်း) ဟာ နွေဦးတော်လှန်ရေး ရဲ့အသက်ဖြစ်လာပါမယ်။ ဒီတိုက်ပွဲရဲ့အခြေအနေနဲ့ရလဒ်ဟာတော်လှန်ရေးတစ်ခုလုံးရဲ့အဖြေပေါ်ရာခိုင်နှုန်းအကြီးကြီးသက်ရောက်ပါလိမ့်မယ်။

နိုင်ငံတကာ ဆုံးဖြတ်ချက်တွေကလည်း ဒီတိုက်ပွဲပေါ် မူတည်ပါလိမ့်မယ်။ စကစ အတွက်ကတော့ ဒါကလွဲရင် ထွက်ပေါက်မရှိတော့လို့ တိုက်တာဖြစ်ပြီး၊ ပြည်သူတွေ အတွက်ကတော့ ပြည်တွင်းစစ်ကြီး ချုပ်ငြိမ်းပြီး

ဖက်ဒယ်ဒီမိုကရေစီ ရဖို့ စစ်တိုက်ရတာ ဖြစ်ပါတယ်။ ချင်း၊ မကွေး၊ စစ်ကိုင်း ကနေ စစ်ရေးဆက်မယ်ဆိုရင် ကချင် KIA, ကိုးကန့် MNDAA, TNLA တို့လို မြောက်ပိုင်း မဟာမိတ်တွေနဲ့ပါ စစ်ရေး ဆက်စပ်ပြီး တိုက်ပွဲ ဆက်သွားတော့မယ် လို့ ယူဆပါတယ်။

ကျွန်တော့် တစ်ယောက်တည်းရဲ့ အမြင်အရပြောရရင် ၂၀၂၁ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ သုံးလ ဟာ စစ်ရေးအရ အဆုံးအဖြတ် အဖြေထွက်လာမယ့် လတွေ ဖြစ်ပါလိမ့်မယ်။ စစ်ဟာ ကျွံပြီဆိုရင် နှုတ်မရပါဘူး။ ပြီးအောင် တိုက်ရပါတယ်။ စစ်ကိုင်း၊ ချင်း၊ မကွေး၊ ကချင်၊ ရှမ်း(မြောက်) အင်မတန်ကျယ်ပြန့်တဲ့ စစ်ရေး နယ်မြေကြီး ကို စကစ ဟာ တိုက်ရတော့မှာပါ။ သူတို့လည်း သိလျက်နဲ့ ရွေးချယ်တာပါ။

နောက်တစ်ချက် ထပ်ပြောပါ့မယ်။

မြောက်ဘက်မှာ စစ်ကျွံထားရင် ကရင်နီ(ကယား)၊ ကရင်နဲ့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် သတ်မှတ်

နယ်မြေ တွေနဲ့ ဒေသတိုင်းရဲ့ ဒေသခံ PDF ဖြစ်တဲ့ LDF တွေကို စကစ ဟာ လက်ကျန် အင်အားနဲ့ ရင်ဆိုင်ရတော့မှာပါ။ ကြည်း၊ ရေ၊ လေ ရသမျှ သူတို့ဘက်ကလည်း အကုန်သုံးမှာပါ။

 

ဗမာ တွေရဲ့တိုက်ပွဲ

တကယ်တော့ တိုင်းရင်းသား တွေဟာ ခေတ်အဆက်ဆက် အာဏာရှင်ကို တော်လှန်ခဲ့ပြီးသားပါ၊

မအလ လက်ထက်မှာ နေဝင်း၊ သန်းရွှေ တို့နဲ့ မတူတာက တိုင်းရင်းသား တွေထဲ လူဦးရေ အကြီးဆုံးဖြစ်တဲ့ ဗမာ တွေပါ တော်လှန်ရေးထဲ ပါလာပြီး ဗမာ နဲ့ပါ၊ ဗမာ နယ်မြေ တွေမှာပါ စစ်ဖြစ်လိုက်တာပါ။

အထူးသဖြင့် အထက်ပိုင်း နယ်မြေတွေမှာ ဗမာ ပါ ပါလာတာ မအလ အတွက် ကျဆုံးဖို့ လမ်းစလို့ ပြောနိုင်ပါတယ်။

 

အဲဒီတော့ ဘာတွေ ဆက်လုပ်ကြမလဲ? ဆိုရင် …

တော်လှန်ရေး ကို ဒီသုံးလမှာ အစွမ်းကုန် အားပြန်ထည့်ကြရပါမယ်။ လှူနိုင်သူ လှူပါ၊ ကူနိုင်သူ ကူပါ၊ အဓိက က ကိုယ့်တစ်ကိုယ်စာ နိုင်သမျှ ပါဝင်ပေးကြပါ။ ပြောမယ်ဆို အားကုန်သွန် ရမယ့် အချိန်လည်း ရောက်ပါပြီ။

 

ဆိုရှယ်မီဒီယာများပေါ်မှပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသည်၊မူရင်းရေးသားသူအားcreditပေးပါသည်။

Related Posts

ဇန်နဝါရီ ၁၁၊ ၂၀၂၃။ (ဗုဒ္ဓဟူး)

ဘယ်ဘက်ကနိုင်နေပြီလဲ

ဇန်နဝါရီ 27, 2023

စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်နီးပါး ကြာမြင့်လာသောအခါ ဘယ်ဘက်ကနိုင်နေပြီလဲ...

မြန်မာ့အရေး သံခင်းတမန်ခင်း ၂၀၂၂ ခုနှစ် ရီဗျူး
သုံးသပ်ချက်များ

မြန်မာ့အရေး သံခင်းတမန်ခင်း ၂၀၂၂ ခုနှစ် ရီဗျူး

ဇန်နဝါရီ 23, 2023

၂၀၂၂ ခုနှစ် နှစ်ကုန်ခါနီး မြန်မာ့အရေးနှင့် ပတ်သက်သည့်...

ဇန်နဝါရီ ၀၇၊ ၂၀၂၃။ (စနေ)

UNSC ရဲ့ ဆုံးဖြတ်ချက်နဲ့ အာဏာရှင်တို့ရဲ့ အဆုံးသတ်”

ဇန်နဝါရီ 13, 2023

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၂၂)နေ့ မြန်မာစံတော်ချိန်...

You can copy without credits to our site. We Need Freedom.

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist