ယနေ့ အာဏာရှင် အမြစ်ပြတ် တော်လှန်ရေးမှာ မြန်မာနိုင်ငံ ဒေသ အသီးသီးမှာ PDF လူငယ်များရဲ့ တိုက်ပွဲခေါ်သံဟာ ရုပ်လုံးပီပြင် လာခဲ့ပြီဖြစ်တယ်။
ဒီနေရာမှာ ကယားပြည်နယ်က KNDF အဖွဲ့အကြောင်းကို ပြောချင်တယ်။ ကယားပြည်နယ်ဟာ နေပြည်တော်၊ ရှမ်းတောင်၊ ပဲခူးတောင်ငူနဲ့ တောင်ဘက်ပိုင်း စစ်ဌာနချုပ် ဆက်စပ်နေလို့ အင်မတန် ဗျူဟာကျတယ်။
စစ်အာဏာသိမ်းပြီး အကြမ်းဖက်နှိမ်နင်းမှုတွေကြောင့် နီးစပ်ရာတိုင်းရင်းသား လက်နက်ကိုင် နယ်မြေတွေရောက်သွားတဲ့ လူငယ်တွေဟာ (၅)လပိုင်း (၁၉)ရက်နေ့ KNDF ကို ဖွဲ့စည်းချိန်မှာ လက်နက်အနေနဲ့ တူမီး၊ တထောင့်ထိုး ပှိုင့်တူးတူး တွေသာ လက်ဝယ်ရှိခဲ့ပြီး မောင်းပြန် M-16 (၇)လက်နဲ့ သာစခဲ့တဲ့ ခေတ်သစ် ချေဂွေဗားရားအဖွဲ့လို့ ဆိုရင်မမှားဘူး။
KNDF ဖွဲ့စည်းပြီး (၂)ရက်အကြာ ၅လပိုင်း (၂၁)ရက်နေ့ ဒေါင်းငံ့ခါး တိုက်ပွဲမှာ စကစအကြမ်းဖက် အဖွဲ့အထိနာတယ်။ (၆၀)ကျော် သေတယ်။ ၆၀မမ (၁)လက်၊ RPG (၁)လက်၊ M-79 (၁)လက်နဲ့ လက်နက်ငယ် (၆၀)ကျော်ရတယ်။ စကစ အကြမ်းဖက် အဖွဲ့ရဲ့ နာမည်ကျော် တပ်မ(၆၆)ကို သုံးပြီး ထိုးစစ်ဆင်တာဖြစ်တယ်။ သောက်သောက်လဲ သေတယ်။ယခုချိန်မှာတော့ ကယားPDF တွေအနေနဲ့ လက်နက်လုံလောက်တယ် ဆိုတာမရှိသေးပေမယ့် မျှတရုံရှိနေပြီလို့ ဆိုနိုင်တယ်။ လက်နက်ရှိမှ စတာထက် ရှိတာနဲ့စပြီး အောင်ပွဲတွေ ရယူနိုင်ခဲ့တယ်။
ခုချိန်မှာ ကယား KNDF ဟာ တပ်ရင်း (၁၉)ရင်းနဲ့ အင်အား (၇၀၀၀)ကျော်ရှိနေပြီ။ ကွန်မန်ဒိုနဲ့ Sniper သင်တန်းသား အများအပြား သင်တန်းပြီးဆုံး ထွက်ပေါ်လာပြီဖြစ်တယ်။ ယနေ့မှာတော့ နယ်မြေစိုးမိုးပြီးရင် မြို့ရွာတွေမှာ တရားစိုးမိုးမှုတွေ ဖော်ဆောင်နိုင်ဖို့ ရဲတပ်ဖွဲ့ ဖွဲ့စည်းပြီးတဲ့ တခုတည်းသော ပြည်နယ်ဖြစ်နေပြီဖြစ်တယ်။
ကယားမှာ (၅)လပိုင်းကနေ စခဲ့တဲ့ တိုက်ပွဲကနေ ယနေ့ထိ စကစ အကြမ်းဖက်အဖွဲ့က ၅၀၀ကျော်သေပြီး အများအပြား ဒဏ်ရာရတယ်။ ဒါဟာ စကစရဲ့ ယနေ့ခေတ် ရင်းမပြည့်တဲ့ တပ်ရင်းအင်အားဆို တပ်ရင်း (၂)ခုစာ ပြုတ်တာဖြစ်တယ်။ KNDF ဘက်က (၂၀)ဦးခန့် ပြည်သူအတွက် အသက်ပေးလှုခဲ့ကြရတယ်။ ကယားကို စကစ တပ်တွေ စတင်ထိုးစစ်ဆင်ရာမှာ ရှမ်းတောင်က စကစမဟာမိတ် PNO ပါပါဝင်ခဲ့တယ်။ ကယား KPDF တွေ လက်သံပြောင်တဲ့အတွက် ဦးအောင်ခမ်းထီရဲ့ PNO တပ်ဖွဲ့တွေပါ အထိနာခဲ့တယ်။ ခုတော့ လက်ရှောင်နေပြီဖြစ်တယ်။
ကယား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေထဲက KNPP/KA အဖွဲ့ဟာ KPDF တွေကို သင်တန်းပေးရုံတင်မက PDFကလေးတွေကို အတူတကွ ရှေ့ဆောင်လမ်းပြ ဦဆောင်ပေးခဲ့တာလည်း အားသာချက်ဖြစ်တယ်။ KA ရဲ့ရပ်တည်ချက်ကတော့ ဒီနွေဦး တော်လှန်ရေးဟာ ပြည်သူက စတင်တဲ့ တော်လှန်ရေးဖြစ်ပြီးပြည်သူ့အတွက်လက်နက်ကိုင်ထားတာဖြစ်လို့ပြည်သူတွေနဲ့အဆုံးတိုင်တိုက်ပွဲဝင်သွာမယ်လို့ PDFအားလုံးပေါ် ကတိပေးထားတယ်။ စစ်ဘေးဒဏ်သင့် ရွာတွေကလည်း နောက်ဆုံးတိုက်ပွဲရဲ့ ဒုက္ခဖြစ်လို့ ဒီအချိန်မှာ ကြိတ်မှိတ်ခံမယ်လို့ သံဓိဋ္ဌာန်ချထားကြတယ်။ စကစအကြမ်းဖက်အဖွဲ့ ဟာ ပြည်သူထောက်ခံမှုမရတဲ့ အတွက် စွမ်းရည် (၃)ရပ် ဂျုံးဂျုံးကျနေချိန်မှာ ကယား PDF တွေဟာ ပြည်သူထောက်ခံမှုကြောင့် အချိန်တိုအတွင်းမှာ စွမ်းရည်တွေ တိုးတက်လာတယ်။
ပြီးခဲ့တဲ့ ကုန်းသာတိုက်ပွဲမှာ စကစတွေ လက်နက်ကြီးပစ်ကူအားကိုးနဲ့ အထင်သေးပြီး တက်လာပေမယ့် KPDF တွေရဲဲ့ စစ်ရေးစွမ်းရည် အောက်မှာ မရူမလှ ခွေးပြေး ဝက်ပြေးပြေးရတယ်။ လက်ရှိ ကယားမှာ စကစ ကိုယ်တပ်ကို ရိက္ခာထောက်ပံ့ဖို့တောင် မရူနိုင်မကယ်နိုင် ဖြစ်သလို အမိန့်အရသာ တိုက်နေရပေမယ့် အောင်နိုင်မယ်ဆိုတဲ့ စိတ်ဓာတ် မရှိတဲ့အတွက် စိတ်ဓာတ်ကျဆင်းမှုတွေနဲ့ အလဲလဲအပြိုပြို ကျရှုံးနေကြပြီဖြစ်တယ်။
ရှေ့တန်းစခန်းတွေ ရင်ဆိုင်တိုက်ပွဲ ဝင်ဖို့ထက် စွန့်ခွာဖို့ပဲ ပြင်ဆင်နေကြတယ်။ ဒီနေရာမှာ ကယားပြည်နယ် ပြင်ပ PDF တွေ အားကောင်းတဲ့ ဒေသတခုက အဖြစ်အပျက်တခုကို ပြောပါရစေ။ အထက်ကညွှန်ကြားလို့ ထိုးစစ်ဆင်ရတဲ့ စစ်ကြောင်းတခုမှာ ဒေသခံ PDFတွေကို မနိင်မှန်းသိလို့ လာညှိတယ်။ စကစတွေ တိုက်ပွဲမှာ အသေမခံလိုတဲ့အတွက် PDF တွေ သိမ်းဆည်းရမိထားတဲ့ လက်နက်တွေထဲက တချို့ကို တောင်းယူပြီး PDF နဲ့ တိုက်ပွဲဖြစ် အနိုင်ရတဲ့ ပုံစံပြပြီး အထက်ကို တင်ပြဖို့ လာညှိတယ်။ လတ်တလော ထိုစဉ်က နယ်မြေခံ PDF တွေ ကြိုတင်ပြင်ဆင်နိုင်ဖို့ အတွက် သိမ်းဆည်းရမိတဲ့ထဲက သုံးမရ ပစ်မရတဲ့ လက်နက်အချို့ ပြန်ပေးပြီး စစ်ဘေးရှောင်တွေကို ကာကွယ်ခဲ့တာ မြေပြင်မှာ တကယ်ဖြစ်ပျက်ခဲ့တယ်။ စကစတပ်တွေ အထက်မှာတော့ ဗာလာနံ အောက်မှာတော့ သိက္ခာမဲ့ လုပ်ရပ်တွေ လုပ်နေရပြီဖြစ်တယ်။
အာဏာရှင်အောက်က တိုင်းပြည်ကို လွတ်မြောက်လိုစိတ် မတရားမှုကို တွန်းလှန်လိုစိတ် နာကျည်းမှုတွေဟာ PDF တွေအတွက် လက်နက်က အင်အားနည်းပေမယ့် စိတ်ဓာတ်က ဘုံဖျားကိုရောက်စေတယ်။ ဒီအရေးအခင်းဟာ လက်နက်၊ စစ်နည်းဗျူဟာထက် အောင်စိတ်က အဓိက အခြေခံတယ်။ စကစတွေ သေဆုံးသူ အရာရှိကြီးတွေက အစ အောက်ခြေထိ ရဲဘော်ရဲဘက်စိတ်မရှိ ရွံ့တော၊ မစင်တွင်း၊ လမ်းဘေးတွေမှာ ဖြစ်သလို ပစ်ထားခဲ့တာတွေဟာ Logic သဘောအရ လက်နက်က ဘုံဖျား စိတ်ဓာတ်ကခြုံကြား တပ်ပျက်နေတာဖြစ်တယ်။
ကယား PDF တွေနဲ့ အတူ အနယ်နယ် အရပ်ရပ်က စိတ်ဓာတ်က ဘုံဖျား ပြည်သူ့အတွက် အသက်စွန့် တိုက်ပွဲဝင်နေတဲ့ PDF တွေကို ဦးညွတ်ဂုဏ်ပြုအပ်တယ်။PDF တွေရဲ့ တိုက်ပွဲတွေ အကြောင်း ဖော်ပြတဲ့ သတင်းတွေအောက်မှာ ပြည်သူတွေရဲ့ ဆုတောင်းတဲ့ ကွန်မာန့်တွေကို ဖတ်ရတဲ့ PDF တွေ မျက်ရည်လည်ရသလို အားဆေးတွေ ဖြစ်စေတယ်လို့ PDF တာဝန်ခံတဦးက မှတ်ချက်ပေးတယ်။
မောင်းပြန် ရိုင်ဖယ်(၇)လက်နဲ့ စခဲ့တဲ့ ကယား PDF တွေနဲ့ တပြ်ည်လုံးက PDF တွေကို ဒီဆောင်းပါးနဲ့ ဂုဏ်ပြုအပ်တယ်။
နယ်မြေစိုးမိုးမှုရဖို့ ကယားကို ကူကြမယ်။
ချိုးဖဲ့ခံရပေမယ့် ဆထက်တပိုး ပွင့်သစ်တွေနဲ့အတူ ပေါ်ထွက်လာတဲ့ ပိတောက်ပန်းနဲ့တူတဲ့ PDF တွေကို ဂုဏ်ပြုကြမယ်။
ဆိုရှယ်မီဒီယာများပေါ်မှပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသည်၊မူရင်းရေးသားသူအားcreditပေးပါသည်။