ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်မပေးလို့ဆိုပြီးအာဆီယံကစစ်ကောင်စီကိုလူရာမသွင်းဖို့စဉ်းစားနေပြီ။အာဆီယံနဲ့ပူးပေါင်းဆောင်ရွက်မှုမရှိဘူးဆိုရင်ဒီလကုန်မှာကျင်းပမယ့်အာဆီယံထိပ်သီးအစည်းအဝေးမှာစစ်ကောင်စီကိုတက်ရောက်ခွင့်မပေးဘူးလို့လေသံပစ်ထားတယ်။တကယ်လုပ်မလုပ်ကတော့စောင့်ကြည့်ရမှာပဲ။အာဆီယံဆိုတာသိပ်ယုံရတာမဟုတ်ဘူး။
ပြင်သစ်မှာတော့NUGကိုထောက်ခံဖို့အောက်လွှတ်တော်မှာမဲခွဲဆုံးဖြတ်လိုက်ပြီ။အထက်လွှတ်တော်မှာဆက်လက်မဲခွဲပြီးပြင်သစ်အစိုးရကသာဒါကိုအတည်ပြုရင်တော်လှန်ရေးအတွက်အများကြီးကောင်းသွားနိုင်တယ်။
အမေရိကန်မှာလဲစစ်ကောင်စီကိုပိတ်ဆို့မှုတွေထပ်လုပ်ဖို့Burma Artကိုပြဌာန်းဖို့လုပ်နေကြပြီ။
နိုင်ငံတကာကတော့စစ်ကောင်စီကိုတရစ်ချင်းစီတိုးတိုးကြပ်နေပြီ။