Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

အောင်ပွဲဟာလက်တကမ်းအလို…

အောက်တိုဘာ 5, 2021
in သုံးသပ်ချက်များ
Reading Time:1min read
Share on FacebookShare on Twitter

လက်ရှိနိုင်ငံရေးအခြေအနေကို သုံးသပ်ရရင် ပြည်သူတွေရဲ့ပွဲသိမ်းအောင်ပွဲ အင်မတန်နီးကပ်လာပြီဆိုတာကို မြင်တွေ့နိုင်ပါတယ်။ အပေါ်ယံကြည့်ရင်တော့ သိသာထင်ရှားတဲ့အပြောင်းအလဲတွေကို မမြင်နိုင်ပေမယ့် သေချာလေ့လာသုံးသပ်ကြည့်တဲ့အခါ ဘက်ပေါင်းစုံမှာ အောင်ပွဲရနေတာကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။

ဒီအတိုင်းပြောရင် false hope တို့၊ motivation ပေးရုံသက်သက် စာလို့ ပြောနိုင်တဲ့အတွက် အချက်အလက်(fact) တွေကို အခြေခံပြီး သုံးသပ်ပြပါ့မယ်။

 

(၁) သံတမန်တိုက်ပွဲအောင်မြင်မှု

ကုလသမဂ္ဂ(UN) က သံအမတ်ကြီးဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် နောက်တစ်နှစ်အထိ အတည်ပြုလက်ခံလိုက်ပါပြီ။ အမေရိကန်နဲ့ တရုတ်ရဲ့ ကြိုတင်ညှိနှိုင်းသဘောတူညီချက်တွေအရ ယခင်က နိုဝင်ဘာလအထိသာ အတည်ပြုမယ်၊ နိုဝင်ဘာလကုန်ရင် ကိုယ်စားလှယ်အသစ်ရွေးချယ်မယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် နောက်တစ်နှစ်အထိ NUG အစိုးရကို ကိုယ်စားပြုတဲ့ ဦးကျော်မိုးထွန်းကိုသာ အတည်ပြုလက်ခံကြောင်း UN က တရားဝင်ကြေညာပြီးပါပြီ။

ဒါ့အပြင် Special Advisory Council for Myanmar (SAC-M) ကလည်း စစ်ကောင်စီရဲ့ လက်ရှိလုပ်ရပ်တွေဟာ အကြမ်းဖက်လုပ်ရပ်တွေသာဖြစ်တဲ့အတွက် အကြမ်းဖက်အဖွဲ့အစည်း(terrorist organization) အဖြစ် ကြေညာပြီး အမြန်ဆုံးအရေးယူနိုင်ဖို့ အဆိုပြုတင်သွင်းထားပါတယ်။

BBC နဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းအင်တာဗျူးထားတဲ့ ဗီဒီယိုကို ကြည့်တဲ့အခါမှာလည်း သံအမတ်ကြီးက ‘နိုင်ငံတကာအစိုးရတွေအနေနဲ့ သူတို့ရဲ့လုပ်ထုံးလုပ်နည်းအဆင့်ဆင့်တွေရှိနေတဲ့အတွက် အချိန်အနည်းငယ်ကြာနေတာဖြစ်ပါတယ်၊ မကြာခင်မှာ ပြည်သူတွေဝမ်းသာရမယ့်သတင်းကောင်းတွေကို ကြားရတော့မှာပါ’ဆိုတာမျိုး ပညာသားပါပါ ဖြေဆိုထားပါတယ်။ အခုလည်း NUG ကိုယ်စားလှယ်ရုံးခွဲတွေကို နိုင်ငံတကာမှာ ဖွင့်လှစ်နိုင်နေပြီဖြစ်ပါတယ်။

အတိုချုပ်ပြောရရင်စစ်ကောင်စီဟာသံတမန်တိုက်ပွဲမှာNUGနဲ့မြန်မာပြည်သူတွေကိုအပြတ်အသတ်ရှုံးနိမ့်သွားပါပြီ။ သူတို့မှာ ဘာမျှော်လင့်ချက်မှ မရှိတော့ပါဘူး။ NUG ကို တရားဝင်အစိုးရအဖြစ်အသိအမှတ်ပြုရေး၊ တရားဝင်စစ်ရေးအကူအညီ၊ငွေကြေးအကူအညီ၊လက်နက်အကူအညီရရှိရေးတွေလည်းမကြာတော့ဘူးဖြစ်ပါတယ်။

 

(၂) ပြိုလာတဲ့တပ်၊ ပျက်နေတဲ့ တပ်

စစ်ကောင်စီ ရှုံးနိမ့်ဖို့အတွက် အဓိကအချက်က‌တော့နေ့စဉ်ရက်ဆက် CDM ဝင်လာတဲ့ စစ်သား နဲ့ ရဲတွေ များနေတာပဲဖြစ်ပါတယ်။ ပြည်သူ့ရင်ခွင်ကိုခိုလှုံလာတဲ့ ရဲနဲ့စစ်သားတွေကြောင့် မအလတို့ ဆောက်တည်ရာမဲ့နေကြပါတယ်။ယခင်ကပြည်သူကိုငြိမ်အောင်လုပ်နိုင်ရင်အာဏာသိမ်းတာအောင်မြင်မယ်လို့ တွက်ထားတဲ့ မအလတို့ဟာ ပြည်သူတွေရဲ့ တော်လှန်စိတ်၊ စစ်အာဏာရှင်လက်အောက်က လွတ်မြောက်လိုစိတ်၊ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်လိုစိတ်တွေကို ဘယ်လိုနည်းနဲ့မှ တားဆီးမရတော့ပါဘူး။ ကြောက်အောင်ဖမ်းပြ၊သတ်ပြရင် ငြိမ်သွားမယ်ထင်ပြီး ဖမ်းပြ၊ သတ်ပြပေမယ့် တဖြည်းဖြည်းပိုဆိုးလာတာပဲရှိပါတယ်။ ပြည်သူတွေရဲ့ ပြတ်သားတဲ့စိတ်၊ ရဲရင့်တဲ့စိတ်တွေကို မကိုင်တွယ်နိုင်တော့ပါဘူး။

အဆိုးဆုံးက တပ်ပျက်လာတာပဲဖြစ်ပါတယ်။ ယခင်က ဘာသာရေးမှိုင်း၊ လူမျိုးရေးမှိုင်းတွေနဲ့ ထိန်းချုပ်ထားပြီး အဆင့်ဆင့် ခေါင်းပုံဖြတ်မှုတွေဟာ အောင်မြင်ခဲ့ပေမယ့် လက်ရှိနွေဦးတော်လှန်ရေးမှာ အလုပ်မဖြစ်တော့ပါဘူး။ ပြည်သူတွေရဲ့ ကြိုးပမ်းမှု၊ CDM ဝင်လာတဲ့ ရဲနဲ့စစ်သားတွေရဲ့ ကူညီမှု၊ တပ်တွင်းဖရဲသီးတွေရဲ့ ပူးပေါင်းမှုတွေကြောင့် မအလဟာ သူ့တပ်ကိုသူ မထိန်းချုပ်နိုင်တော့ပါဘူး။ တဖြည်းဖြည်း သူတို့ယုတ်မာတာ၊ သူတို့အသုံးမကျတာ လူသိလာတာပဲ အဖတ်တင်ပါတယ်။ ပြည်တွင်းစစ်တောင် မဖြစ်ရသေးဘူး၊ မအလတပ်ဟာ ပြိုနေပြီ၊ ပျက်နေပါပြီ။

 

(၃) တရုတ်ရဲ့သဘောထား

စစ်ကောင်စီ သက်ဆိုးရှည်နေတာဟာ အဓိကက တရုတ်နဲ့ရုရှားကူညီနေတာရယ်၊ Non CDM တွေက သစ္စာခံနေတာရယ်ကြောင့် ဖြစ်ပါတယ်။ တရုတ်ရဲ့သဘောထားကတော့ ရှင်းပါတယ်။ လူ့အခွင့်အရေးတွေ၊ တရားမျှတမှုတွေကို လုံးဝစိတ်မဝင်စားပါဘူး။ သူ့နိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကိုပဲ စိတ်ဝင်စားတာပါ။ အဲဒါကြောင့်လည်း စစ်ကောင်စီကို ကူညီနေတာဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာပြည်သူတွေရဲ့ ထက်သန်ပြင်းပြတဲ့ တော်လှန်စိတ်၊ အောင်စိတ်၊ လုပ်ရပ်တွေကြောင့် တရုတ်ဟာ သူတို့ရဲ့သဘောထား၊ ဗျူဟာကို ပြောင်းလဲလာပါတယ်။ ဘယ်မှာသိသာသလဲဆိုတော့ အမေရိကန်နဲ့ အပေးအယူလုပ်တာတွေ၊ NLD ပါတီကို အခမ်းအနားဖိတ်တာတွေကို ကြည့်ရင် သိနိုင်ပါတယ်။

တရုတ်ဟာ ယုံကြည်စိတ်ချရလားလို့မေးရင်တော့ ‘No’ လို့ပဲ ဖြေပါမယ်။ တရုတ်ရော မအလတို့ရော တစ်စက်မှယုံကြည်စိတ်ချလို့မရတဲ့သူတွေပါ။ တရုတ်ဟာ သူတို့အကျိုးအမြတ်မရှိတဲ့အလုပ်တွေကို ဘယ်တုန်းကမှ မလုပ်ခဲ့ပါဘူး။ အရှုံးခံပြီး စီးပွားရေးမလုပ်သလို အရှုံးခံပြီး နိုင်ငံရေးမလုပ်ပါဘူး။ အဲဒါကြောင့်လည်း စစ်ကောင်စီကို ကူညီနေတဲ့အပေါ် ပြန်လည်သုံးသပ်လာတာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်သူတွေရဲ့ ငုံ့မခံတဲ့စိတ်ကို ကောင်းကောင်းသဘောပေါက်သွားသလို၊ မအလရဲ့ ညံ့ဖျင်းမှုတွေကို တဖြည်းဖြည်း မြင်တွေ့လာလို့ဖြစ်ပါတယ်။ အတွင်းသတင်းတွေအရ မအလကို အချိန်(၂) လ ပေးထားတယ်လို့ သိရပါတယ်။ ရှေ့ (၂) လအတွင်းမှာ မအလ သေချာမကိုင်တွယ်နိုင်ရင် ဆက်လက်မကူညီတော့ဘဲ NUG နဲ့ လက်တွဲမလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

 

(၄) ဝါးလုံးခေါင်းထဲဝင်တဲ့ ခွေးပမာ

လက်ရှိ စစ်ကောင်စီရဲ့အခြေအနေ၊ မအလရဲ့အဖြစ်ဟာ ‘ဝါးလုံးခေါင်းထဲဝင်တဲ့ခွေး’ လို ဖြစ်နေပါပြီ။ ရှေ့လည်းဆက်သွားလို့မရ၊ နောက်ပြန်လှည့်လို့လည်းမရ တဲ့ အဖြစ်ပါ။ အကြံလည်း ကုန်နေပြီ။ ဖမ်းမယ်စီးမယ်၊ သတ်မယ်ဖြတ်မယ်၊ ကြောက်အောင်ခြောက်မယ်၊ ဆိုက်ဝါးဖြန့်မယ်၊ အချင်းချင်းသွေးကွဲအောင်လုပ်မယ်၊ ဒါတွေပဲ သူတို့လုပ်တတ်တာပါ။ အဲဒါတွေအကုန်လုပ်ပြီးပါပြီ။ ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ပြည်သူတွေရဲ့ အမုန်းတရားနဲ့ စက်ဆုပ်ရွံရှာစိတ်တွေသာ ပိုမိုကြီးထွားလာပြီး တော်လှန်ရေးအရှိန်ကိုသာ တွန်းအားဖြစ်စေခဲ့ပါတယ်။ မအလရဲ့အဖြစ်ဟာ ‘ဝါးလုံးခေါင်းထဲဝင်တဲ့ခွေး’ ပမာပါပဲ။

 

(၅) ပြည်သူတွေသာ ကျိန်းသေပေါက်နိုင်မယ့်ပွဲ

တပ်ထဲက (အကြောင်းကြောင်းကြောင့်) ထွက်မလာနိုင်သေးတဲ့ ဖရဲသီးဗိုလ်ကြီးတစ်ဦးရဲ့ သတင်းပေးမှုအရဆိုရင် မအလတပ်ရဲ့အင်အားဟာ ဒေါင်ဒေါင်မြည်ဆိုရင် ၁ သိန်းခွဲထက် မပိုဘူးတဲ့။ အခုဆိုရင်အင်အားတဖြည်းဖြည်းနည်းလာလို့စစ်မှုထမ်းဟောင်းတွေကို လက်နက်ကိုင်ခိုင်းနေရတဲ့အကြောင်း သတင်းပေးပါတယ်။ ဆိုလိုချင်တာက တစ်တိုင်းပြည်လုံးဝိုင်းတိုက်ကြပြီဆိုရင် မအလတပ်ဟာ ဖွတ်ဖွတ်ညက်ညက်ကြေသွားဖို့ပဲရှိပါတယ်။ လက်ရှိ PDF လူငယ်တွေရဲ့အင်အားဟာ၁သိန်းခွဲမကတော့ပါဘူး။ တိုင်းရင်းသားလက်နက်ကိုင်(EAOs) တွေ၊ ပြည်သူတွေပါ ဝိုင်းတိုက်ရင် သွေးပျက်နေပြီးသား မအလတပ်ဟာ အရှုံးကြီးရှုံးဖို့ပဲ ရှိပါတယ်။ ပြည်သူတွေသာ နိုင်မယ့်ပွဲပါ။

 

အထူးသတိထားရမယ့် (၂) လ

အပေါ်မှာပြောခဲ့သလိုပါပဲ။ တရုတ်က စစ်ကောင်စီကို အချိန်(၂) လ ထပ်ပေးထားတဲ့သတင်းဟာ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ ပြည်သူတွေ၊ PDF တွေ အထူးသတိထားရပါမယ်။ ဘာလို့လဲဆိုတော့ မအလတို့ရဲ့ထုံးစံအတိုင်း ရှုံးမဲမဲပြီး ဖမ်းတာ၊ သတ်တာ၊ မီးရှို့တာတွေကို ပိုပြီး လုပ်လာပါလိမ့်မယ်။ သူတို့ ဒါပဲလုပ်တတ်လို့ပါ။ မအလတို့ဟာ အရှက်မရှိကြတော့ သေတာတောင် အရှုံးကို လက်သင့်ခံတာမျိုး၊ ဝန်ခံတာမျိုး လုပ်မှာမဟုတ်ပါဘူး။ အဲဒီ့တော့ သူတို့မသေမခြင်း၊ ကြိုးစင်မတက်မခြင်း သတိထားရပါမယ်။

သတိထားခိုင်းတယ်ဆိုတာလည်း အရေးတော်ပုံမအောင်မှာကို စိတ်ပူလို့မဟုတ်ပါ။ အရေးတော်ပုံက အောင်ကိုအောင်တယ်။ ပြည်သူတွေ၊ အထူးသဖြင့် PDF လူငယ်တွေအတွက် စိတ်ပူလို့ပြောရခြင်းဖြစ်ပါတယ်။ သူတို့တွေက နည်းလမ်းမျိုးစုံနဲ့ ထောင်ချောက်ဆင်ဖမ်းမှာမို့လို့ဖြစ်ပါတယ်။

 

NUG အား အကြံပြုချက်

NUG အနေနဲ့လည်း လာမယ့်(၂)လအတွင်းမှာ လက်ရှိလုပ်ဆောင်နေတဲ့ PDF အဖွဲ့တွေကို ချိတ်ဆက်၊ စုစည်း၊ ထောက်ပံ့မှုတွေကို အားသွန်ခွန်စိုက်လုပ်မှ ဖြစ်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ အချိန်ကြာလာလေ တိုင်းပြည်ဟာ ပိုပြီးဆင်းရဲလေ၊ ပြည်သူတွေ ဒုက္ခပိုရောက်လေမို့လို့ပါ။ ရှေ့လာမယ့်လတွေမှာ ပြည်သူတွေဟာ အငတ်ဘေးနဲ့ကြုံရကိန်းရှိပါတယ်။ အရေးတော်ပုံ အမြန်ဆုံးအောင်ဖို့ အရေးကြီးနေပါပြီ။

NUG အနေနဲ့ နောက်ထပ်အရေးကြီးလုပ်ဆောင်သင့်တာက CDM ဝန်ထမ်းတွေကို လစာ (သို့မဟုတ်) ထောက်ပံ့ကြေးပေးအပ်နိုင်ရေးကိစ္စပါ။ လက်ရှိမှာ CDM ဝန်ထမ်းတွေ အတော်ကျပ်တည်းနေကြပါပြီ။ (၈) လကျော်လောက် လစာမရ၊ ထောက်ပံ့ကြေးမရတော့ အင်မတန်ခက်ခဲနေကြပါပြီ။ ဘယ်အဖွဲ့အစည်းနဲ့မှ အချိတ်အဆက်မရှိ၊ ဘယ်ကမှ အထောက်အပံ့မရတဲ့ CDM တွေဟာ အင်မတန်ခက်ခဲနေကြပါတယ်။ စစ်ဖိနပ်အောက် ဒူးမထောက်ဘဲ ပြည်သူနဲ့အတူ တော်လှန်ရေးမှာ တိုက်ပွဲဝင်နေတဲ့ CDM ဝန်ထမ်းတွေဟာ အင်မတန်လေးစားစရာကောင်းတဲ့သူတွေပါ။ ရာထူးတွေ၊ နေအိမ်တွေ၊ မိသားစုတွေကို စွန့်လွှတ်ပြီး လစာမရဘဲ တောင့်ခံနေကြတာပါ။

CDM တွေဟာ NUG ရော၊ ပြည်သူတွေကရော အရေးတော်ပုံအောင်မြင်ရေးအတွက် PDF တွေကို အဓိကပံ့ပိုးနေတာကိုလည်း အပြစ်မမြင်ကြပါဘူး။ မငြိုငြင်ကြပါဘူး။ တချို့ CDM တွေဆိုရင် ဈေးရောင်းပြီးတောင် PDF တွေကို လှူနေကြပါတယ်။ တကယ်ကို လေးစားစရာကောင်းတဲ့ပုဂ္ဂိုလ်တွေပါ။ ပြည်သူတွေကို မေတ္တာရပ်ခံချင်တာက တတ်နိုင်လို့လှူမယ်ဆိုရင် PDF တွေကို လှူပါ။ CDM တွေကိုလည်း ပစ်မထားပါနဲ့လို့။ PDF တွေလိုပဲ CDM တွေဟာလည်း ဂုဏ်ပြုထိုက်တဲ့ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။

CDM တွေရဲ့ ကျေးဇူးဟာ တိုင်းပြည်အပေါ် သိပ်ကြီးမားပါတယ်။ တကယ်လို့သာ ဝန်ထမ်းတွေရဲ့ အကြမ်းမဖက် အမိန့်အာဏာဖီဆန်မှု( Civil Disobedience Movement- CDM) ဆိုတာသာ မရှိခဲ့ရင်၊ CDM ဝန်ထမ်းတွေသာ မရှိခဲ့ရင် ကျွန်တော်တို့မြန်မာပြည်ဟာ ဖေဖော်ဝါရီလ(၁)ရက်နေ့ကတည်းကနေ စစ်ကျွန်ဘဝကို အပြီးတိုင်ကျရောက်ပြီးပါပြီ။ နွေဦးတော်လှန်ရေးဟာ CDM တွေက အစပြုခဲ့တဲ့ တော်လှန်ရေးဖြစ်ပါတယ်။

ကျွန်တော်ကတော့ CDM တွေရဲ့ ပြတ်သားမှု၊ စွန့်လွှတ်မှု၊ ပေးဆပ်မှုတွေအကြောင်း တွေးမိတိုင်း ပိုပြီးလေးစားမိ၊ သနားမိပါတယ်။ ကျွန်တော့်ဆီ အကူအညီလာတောင်းကြတဲ့အခါ ကူညီနိုင်ရင် ဝမ်းသာရသလို၊ မကူညီနိုင်တဲ့အခါ အားနာရ၊ စိတ်မကောင်းဖြစ်ရပါတယ်။

တကယ်လို့သာ NUG အနေနဲ့ CDM ဝန်ထမ်းတွေကိုသာ လစာ(သို့မဟုတ်) ထောက်ပံ့ကြေး အမြန်ဆုံးပေးအပ်နိုင်ရင်တော့ အတိုင်းထက်အလွန်ပါပဲ။

 

စာအရှည်ကြီးကို အနှစ်ပြန်ချုပ်ရရင် ပြည်သူတွေအားလုံးပဲ ပွဲသိမ်းအောင်ပွဲနီးကပ်လာပြီမို့ ကျန်းမာရေးဂရုစိုက်ကြပါ။လုံခြုံရေးအန္တရာယ်ကို အထူးဂရုပြုကြပါ။ အချင်းချင်းဖေးမကူညီကြပါ။PDF တွေကို အဓိကလှူပေးကြပါ။ CDM ဝန်ထမ်းတွေကိုလည်း ကူညီပေးကြပါဦးလို့ ။

လက်နက်နဲ့အာဏာအားကိုးပြီး တိုင်းပြည်ဖျက်နေတဲ့ စစ်အာဏာရှင်စနစ်ကျရှုံးရမည်။

အရေးတော်ပုံမုချအောင်ရမည်။

 

မိုးခ

Related Posts

ဇန်နဝါရီ ၁၁၊ ၂၀၂၃။ (ဗုဒ္ဓဟူး)
သုံးသပ်ချက်များ

ဘယ်ဘက်ကနိုင်နေပြီလဲ

ဇန်နဝါရီ 27, 2023

စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်နီးပါး ကြာမြင့်လာသောအခါ ဘယ်ဘက်ကနိုင်နေပြီလဲ...

မြန်မာ့အရေး သံခင်းတမန်ခင်း ၂၀၂၂ ခုနှစ် ရီဗျူး

မြန်မာ့အရေး သံခင်းတမန်ခင်း ၂၀၂၂ ခုနှစ် ရီဗျူး

ဇန်နဝါရီ 23, 2023

၂၀၂၂ ခုနှစ် နှစ်ကုန်ခါနီး မြန်မာ့အရေးနှင့် ပတ်သက်သည့်...

ဇန်နဝါရီ ၀၇၊ ၂၀၂၃။ (စနေ)

UNSC ရဲ့ ဆုံးဖြတ်ချက်နဲ့ အာဏာရှင်တို့ရဲ့ အဆုံးသတ်”

ဇန်နဝါရီ 13, 2023

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၂၂)နေ့ မြန်မာစံတော်ချိန်...

You can copy without credits to our site. We Need Freedom.

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist