အစိုးရနဲ့ပြည်သူဆိုတာစျေးရောင်းစျေးဝယ်သဘောပဲ။ ပြည်သူက အစိုးရကို အခွန်အခပေးတယ်။ အစိုးရက ပြည်သူ့ကိုပေးရတဲ့အခွန်အခနဲ့ထိုက်တန်တဲ့ဝန်ဆောင်မှုပေးတယ်ပေါ့။၁၉၈၈ မတိုင်မီကတော့ ပြည်သူက အစိုးရကို အလွန်အမင်းမှီခိုထားရတဲ့ နိုင်ငံရေးအခင်းအကျင်းပေါ့။ အဲဒါကြောင့် အရေးအခင်းဖြစ်တော့ အစိုးရရဲ့ပုံမှန်ဝန်ဆောင်မှုတွေ၊သမဝါယမတွေရပ်သွားပြီးပြည်သူတွေဒုက္ခတွေ့ကုန်တယ်။အရေးတော်ပုံမတိုင်မီကလည်းငွေကြေးဝန်ဆောင်မှုဖြစ်တဲ့၇၅ကျပ်တန်တွေဘာတွေဖျက်သိမ်းတော့ပြည်သူပဲဒုက္ခရောက်ကြရတာ။ နိုင်ငံရေးအခင်းအကျင်းကိုက အစိုးရက လုပ်ချင်တိုင်းလုပ်လို့ရတဲ့အခင်းအကျင်းကိုး။
၂၀၁၀နောက်ပိုင်းဖားတပိုင်းငါးတစ်ပိုင်းခေတ်တွေမှာတော့ဟုတ်တာမဟုတ်တာအပထားစျေးကွက်စီးပွါးရေးစနစ်ကလူတစုရဲ့လက်ဝါးကြီးအုပ်ရာကနေအတန်အသင့်ရုန်းထွက်လာနိုင်တယ်။ပရိုက်ဗိတ်တိုက်စျေးရှင်းနဲ့အတူဝန်ဆောင်မှုတွေဟာအစိုးရဆီကတိုက်ရိုက်လာတာမျိုးမဟုတ်တော့ဘူး။အော်တာနိတ်တစ်ဆားဗစ်တွေ ရလာတယ်။ စောင်အစိုးရချည်း အားကိုးစရာ မဟုတ်တော့ဘူးပေါ့။
၈၈ အာဏာသိမ်းတာကတော့ လွယ်တယ် အစိုးရရဲ့ ဆားဗစ်တွေကို စစ်တပ်က သိမ်းယူတယ် ပြည်သူတွေကို ဟျောင့်တွေ ဒါကတော့ ငါလုပ်ပေးမှ ရတာနော် ဆိုပြီး အကြပ်ကိုင်တော့ ပြည်သူအပေါင်းဟာအကြပ်တွေ့ပြီး ခဏနဲ့ငြိမ်ပေးလိုက်ရတာ။အခုတော့အရာရာအစိုးရမင်းတွေလုပ်ပေးမှရတာဆိုပြီးအကြပ်ကိုင်လို့မရတော့ဘူး ပြည်သူတွေရွေးချယ်စရပုဂ္ဂလိက ဆားဗစ်တွေအများကြီးရှိနေပြီ။ ပဲပြုတ်သည်ဒေါ်အာကျယ်ဆီကပဲ ဝယ်လို့ရတာမဟုတ်တော့ဘူး ကုန်စုံဆိုင်က ဝယ်မလား စျေးတန်းကဝယ်မလားဖြစ်သွားပြီ။ အဲဒါကို သေချာ မတွက်ချက်ဘဲ အာဏာသိမ်းတော့ စစ်ကောင်စီပဲ ၈ လလုံးလုံးခွေးဖြစ်ကိန်းဆိုက်တာပဲ။
ပြည်သူကအခွန်အခတွေမပေးဘူး(ကညနတွေဘာတွေဝင်တာလူနည်းစုပါ၊စပါးချေးငွေ၊မီတာခ၊ဝင်ငွေခွန်၊ ဘာခွန်ညာခွန်တွေမရတာကအများကြီး)။ အခွန်အခမပေးလို့ ဆားဗစ်ဖြတ်တော့လည်းမင်းတို့ဆီကမရလည်း လိမှမယူဘူး ပုဂ္ဂလိက ဆားဗစ်တွေရှိတယ်ဆိုပြီး ပြည်သူက နေသာသပ လေညာကပဲ။ အခွန်တွေ အတင်းဓမ္မကောက်မယ်ကြံတော့လည်း နယ်မြေမစိုးမိုးတော့ အဝုန်းခံထိတာ ဘာညာဖြစ်လာတယ်။
ဆားဗစ်ဖြတ်တဲ့အထဲ ပြည်သူထိမယ်ထင်တဲ့ ဆက်သွယ်ရေး အင်တာနက်ဆားဗစ်ဖြတ်တာကို လုပ်တယ်။ ငှင်းငှင်း မင်းဘာတတ်နိုင်သေးလဲ အထာပေါ့။ ခက်တာက အင်တာနက်မသုံးရလို့ ဖုန်းမပြောရလို့ သေတဲ့မသာမရှိတဲ့အတွက် ပြည်သူကအေးဆေးပဲ။ သို့ပေသော်ညား စစ်ကောင်စီအတွက်တော့ မအေးဆေးပြန်ဘူး အခု အထက်ဗမာပြည် နေရာတော်တော်များများ ဆက်သွယ်ရေး ဖြတ်လိုက်တာ စစ်ကောင်စီအဖို့ တစ်နေ့တစ်နေ့ ဒေါ်လာသန်းချီ အခွန်ငွေတွေ ဆုံးရှုံးပြန်ပြီ။
ဒါကြောင့် အခု နွေဦးတော်လှန်ရေးကြီးမှာ စကစဟာ အရင်နည်းဟောင်းတွေနဲ့ ပြည်သူကို ဘယ်လောက်ပိတ်ပင်ပိတ်ပင်မထိရောက်ဘဲ ကိုယ်ဘက်ပဲပြန်ထိနေလို့ ပိုပိုကြပ်တည်းလာနေပါတယ်။ ဒီသစ်ကိုင်းကိုခုတ်ပစ်လိုက်ရင် သူပြုတ်ကျပြီဆိုတာပဲ ဉာဏ်တထွာတမိုက်နဲ့တွေးပြီး ကိုယ်လည်း အဲဒီသစ်ကိုင်းပေါ်မှာ ရှိနေတာကို မေ့နေတဲ့ ပုံပြင်ထဲက ငမိုက်သားလိုဘဝကိုရောက်နေပါပြီ။
False Hope မပါဘဲပြောရရင် တော်လှန်ရေးဟာ အချိန်အတိုင်းအတာတစ်ခုထိကြာဦးမှာပါ။ ဒါပေမယ့် ပြည်သူ့ဘက်က ဒီအတိုင်းတောင့်ခံထားကြမယ်ဆိုရင်။ PDF တွေကသာ စစ်ကောင်စီကို ဒဲ့တိုက်မယ့်အစား စစ်ကောင်စီရဲ့ အကျိုးစီးပွါးတွေကိုနည်းဗျူဟာကျကျ ပါးပါးနပ်နပ် တိုက်ခိုက်နိုင်မယ်ဆိုရင် စကစဟာ တဖြည်းဖြည်း အားအင်ချိနဲ့ ပြိုလဲသွားမှာပါ။
လွန်ခဲ့တဲ့ မေလဆန်းက လက်လုပ်သေနတ်တွေ တူမီးတွေနဲ့ ခုခံစစ်နွှဲနေတဲ့CDF/KNDF/PDF လူငယ်တွေရဲ့ပုံနဲ့ အခုလက်ရှိ မောင်းပြန်တွေ လက်နက်ကြီးငယ်တွေနဲ့ဖြစ်နေပြီး ခုခံစစ်ကနေ ထိုးစစ်တောင်စနေနိုင်ပြီဖြစ်တဲ့ လူငယ်တွေရဲ့ သတင်းတွေ၊ ဓာတ်ပုံတွေကို နှိုင်းယှဉ်ကြည့်ရင် ပြည်သူတွေကိုယ်တိုင်တွန်းရွှေ့ခဲ့တဲ့တော်လှန်ရေးခရီးဟာ ၄ လအတွင်း ဘယ်လောက်ရောက်လာပြီဆိုတာ သိသာပါတယ်။ စိတ်ဓာတ်မကျကြပါနဲ့ ဘယ်သူရှိရှိမရှိရှိ၊ ဘယ်သူပါပါမပါပါ တော်လှန်ရေးကြီးဟာ ဆက်သွားနေဦးမှာပါပဲ။ မိုင်တဲဆင်းကတ်တွေ ဖုန်းထဲကထုတ်ပစ်ဖို့ နှောင့်နှေးနေကြတဲ့အခါ မိုင်တဲတာဝါတိုင်တွေ ပြိုလဲလာတဲ့ ဥပမာအတိုင်းပါပဲ။ အခုခေတ်က ရွေးချယ်စရာတွေအများကြီးလေ။
ဆိုရှယ်မီဒီယာများပေါ်မှပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသည်၊မူရင်းရေးသားသူအားcreditပေးပါသည်။