ချင်းပြည်နယ်ပြီးတော့ဒီတခေါက်ပြန်ပီးအလှည့်ကျတာတော့ကယားပြည်နယ်ပါပဲ။စစ်ကောင်စီဟာချင်းပြည်နယ်မှာလိုပဲကယားဘက်မှာနယ်မြေစိုးမိုးမှုပြန်ရအောင်ကြိုးစားလုပ်ဆောင်နေပါတယ်။စစ်ဆင်ရေးလုပ်ဖို့အတွက်ပြည်မဘက်ကအင်းအားသုံးရာကျော်စစ်ကားအစီးလေးဆယ်လောက်နဲ့ပြီးခဲ့တဲ့ရက်တွေကစပြီးအင်အားဖြည့်စစ်ကြောင်းထိုးပါတယ်။သူတို့ရဲ့အဓိကရည်မှန်းချက်ကPDFတွေရှိနေတဲ့ဒီမော့ဆိုကိုပြန်ထိန်းချုပ်နိုင်ဖို့ပေါ့။တိုက်ပွဲတွေနှစ်ရက်တာအပြင်းအထန်ဖြစ်ပွားခဲ့တယ်။PDFတွေရဲ့အပြင်းအထန်ခုခံမှုကြောင့်ဒီမော့ဆို့ကိုရောက်ဖို့နေနေသာသာလွိုင်ကော်တောင်မရောက်လိုက်ပဲတပ်လန်ပြီးပြန်ဆုတ်သွားပြီ။ ပြန်ဆုတ်တဲ့လမ်းမှာထုံးစံအတိုင်းရွာတွေမီးရှို့သွားသေးတယ်။
နှစ်ရက်တာတိုက်ပွဲအပီးမှာစစ်သူပုန်လေးဆယ်ခန့်သေဆုံးတယ်လို့KPDFကသတင်းထုတ်ပြန်တယ်။တခြားအတည်မပြုနိုင်တဲ့သတင်းတွေအရတော့ချီတက်လာတဲ့အယောက်သုံးရာမှာရှစ်ဆယ်ခန့်သာအကောင်းအတိုင်းကျန်တယ်ပြောကြတယ်။
ချင်းပြည်နယ်နဲ့ကယားပြည်နယ်ဘယ်သူကအရင်လွတ်မြောက်နယ်မြေဖြစ်မလဲစောင့်ကြည့်ရမှာပဲ။