မြို့ပေါ်မှာလူမသိသူမသိဖမ်းဆီးခံရတဲ့လူငယ်တွေပိုများလာတယ်။သတင်းတွေကနေအတည်ပြုလို့မရပေမယ့်အရင်ကထက်ဖမ်းဆီးမှုတွေခပ်စိတ်စိတ်ဖြစ်လာတာသေချာတယ်။ကိုယ့်ဘေးပတ်ဝန်းကျင်မှာ၊ကိုယ့်မိတ်ဆွေအသိအကျွမ်းတွေဆီကတဆင့်ခိုင်လုံတဲ့သတင်းတွေကြားနေရတယ်။ပိုရင်နာဖို့ကောင်းတာကဖမ်းဆီးခံရတဲ့လူငယ်တွေဟာအရင်လိုသပိတ်အဖွဲ့တွေကမဟုတ်တော့ဘူး။မြို့ပြပျောက်ကျားတော်လှန်ရေးအတွက်ပြင်ဆင်နေကြတဲ့လူငယ်လေးတွေဆိုတော့သူတို့နဲ့အတူတန်ဖိုးကြီးလက်နက်တွေပါပါကုန်တယ်။
စစ်ကောင်စီရဲ့ထောက်လှမ်းရေးယန္တရားဟာဗိုလ်ခင်ညွှန့်ခေတ်ကလိုအရမ်းကြီးအစွယ်မရှိတော့ပေမယ့်အာဏာသိမ်းပြီးခုနှစ်လကျော်ကြာလာတဲ့ခုလိုအချိန်မှာတဖြည်းဖြည်းနဲ့အချိတ်အဆက်မိလာပြီလို့ယူဆရတယ်။ကြာရင်မြို့ပေါ်ကမြေအောက်လူငယ်လေးတွေလုံးပါးပါးလာလိမ့်မယ်။