ဟိုတလောကရန်ကုန်လေဆိပ်မှာAirKBZလေယာဉ်ကိုပျက်ကျအောင်လေဝင်ပေါက်တွေထဲသစ်ရွက်ခြောက်အစအနတွေထည့်ထားပြီးလုပ်ကြံတယ်လို့သတင်းတွေတက်လာတယ်။အဲ့တုန်းကတော့ဘယ်သူတွေဉာဏ်တိမ်ပြီးလုပ်တာပါလိမ့်လို့ပဲတွေးမိတယ်။လေယာဉ်တစ်စင်းကိုပျက်ကျအောင်လုပ်ချင်ရင်လူမသိသူမသိလုပ်လို့ရတဲ့နည်းတွေအများကြီးကိုး။
ဒီနေ့တော့တရားခံတွေမိပြီလို့စစ်ကောင်စီဘက်ကြေငြာလိုက်တယ်။ဖတ်ကြည့်လိုက်တော့စစ်ကောင်စီရဲ့လုပ်နေကျပုံစံအတိုင်းလုပ်ကြံအမှုဆင်ထားတာပါပဲ။လေကြောင်းလိုင်းဝန်ထမ်းတွေကိုတရားခံအဖြစ်စွပ်စွဲထားပြီးအင်ဂျင်နီယာဌာနကမန်နေဂျာအဆင့်ပုဂ္ဂိုလ်တွေလဲပါဝင်လာတယ်။အဲ့ဒီမှာစပြီးယုတ္တိမတန်တာကလေယာဉ်သန့်ရှင်းရေးဝန်ထမ်းကမန်နေဂျာကိုလုပ်ခိုင်းတယ်ဆိုတဲ့စွပ်စွဲချက်ပဲ။အဲ့ဒီမှာတင်လုံးဝအဓိပ္ပါယ်မရှိတော့ဘူး။တခြားမဖြစ်နိုင်တဲ့အချက်အလက်များစွာရှိသေးတယ်။အံသြဖို့ကောင်းတာကနိုင်ငံရဲ့အကြီးဆုံးလေကြောင်းလိုင်းဘက်ကဘာသံမှထွက်မလာတာပဲ။အားလုံးဟာစစ်ကောင်စီအလိုကျအတိုင်းပဲဖြစ်သွားတယ်ထင်ပါတယ်။
အလားတူဖြစ်ရပ်မျိုးပြီးခဲ့တဲ့တပတ်လောက်ကဧရာဝတီဘဏ်မှာလဲဖြစ်ခဲ့သေးတယ်။ပဲခူးမြို့နားမှာဘဏ်ငွေပို့ကားဓားမြတိုက်ခံရတယ်လို့သိန်းလေးသောင်းခန့်ပါသွားတယ်။တရက်တောင်မကူးပဲတရားခံမိတယ်ဆိုပြီးPDF တွေကိုလွှဲချတယ်။တကယ်တမ်းကစစ်ကောင်စီကပဲဇတ်လမ်းရိုက်သွားတာ။
CNNသတင်းထောက်လာတုန်းကရန်ကုန်ကကိုယ့်ကုန်တိုက်နှစ်ခုကိုယ့်ဘာသာကိုယ်မီးရှို့ပြီးပြည်သူကိုလွှဲချကတည်းကစစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်တွေကဘယ်သူမှမယုံကြတော့ပါဘူး။