၁။ PDF
မေး။ NUG ရဲ့ ပီဒီအက်ဖ်တွေက စစ်သင်တန်း ၃လကျော် ၄လသားတွေပဲရှိသေးတယ်။ စစ်တိုက်နိုင်ပါ့မလား။
ဖြေ။တိုက်နိုင်ပါတယ်။PDFတွေဟာအင်အားထောင်ကြီးကြီးသောင်းနားထိရှိတယ်။ဒါဒေသခံတပ်တွေမပါသေးဘူး။ စိတ်ဓတ်ပြိုကွဲပြီးနိုင်ငံအတွက်မဟုတ်ပဲစစ်ခေါင်းဆောင်တွေရဲ့အာဏာနဲ့ကြွယ်ဝချမ်းသာမှုကို အကာအကွယ်ပေးဖို့သက်သက်စစ်တိုက်နေရတဲ့၊အောက်ခြေမှာနှစ်ပေါင်းများစွာလစ်လျူရှူအသုံးချခံထားရတဲ့ စစ်သားတွေထက်တော့ ပိုတိုက်နိုင်ပါတယ်။ ဒါပေမယ့် EAO တွေနဲ့ ပူးတွဲတိုက်ခိုက်ဖို့တော့လိုမယ်။
၂။ EAO
မေး။ EAO တွေက တကယ်တိုက်ပါ့မလား။ မနေ့ကပဲ NCA လက်မှတ်ထိုးထားတဲ့ ၁၀ဖွဲ့က အာစီယံရဲ့ ၄လ အပစ်ရပ်တာကို လက်ခံတယ်။ နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးဖြေရှင်းကြမယ် ပြောနေတယ်။ ဘာသဘောလဲ
ဖြေ။ဒါကိုအသားကျနေတဲ့အတိုင်းစဉ်းစားတယ်လို့ခေါ်တယ်။ငြိမ်းချမ်းရေးလက်မှတ်ထိုးထားသူက အရင်ကတည်းကစစ်မတိုက်လိုလို့ထိုးထားတာ။ နမူနာတခုပေးပါ့မယ်။ (ဥပမာ လူတယောက်က နိုင်ငံခြားရောက်နေတယ်။ ဘယ်ပစ္စည်းဝယ်ဝယ်မြန်မာပြည်ကစျေးနှုန်းနဲ့ချိန်ထိုးစဉ်းစားနေတဲ့ သဘောမျိုးနဲ့ ဆင်တယ်။ အခြေအနေတွေပြောင်းသွားတာကို သူတို့သိတယ်။ ဒါပေမယ့်အတွေးအခေါ်ကမပြောင်းနိုင်ဘူး ဖြစ်နေတယ်)။ သူတို့ကိုအခြေအနေတွေပြောင်းသွားတယ်ဆိုတာကိုသက်သေပြဖို့အနည်းဆုံးစကစကို ပြတ်ပြတ်သားသားအနိုင်ရတဲ့ပွဲတပွဲလောက်တိုက်ပြဖို့လိုတယ်။ဒါဆိုရင်သူတို့အထိုင်ဖျက်ပြီးစဉ်းစားလာမယ်။ ကူးပြောင်းပါဝင်လာမယ်။
၃။ အာစီယံ
မေး။ အာစီယံကိုယ်စားလှယ်က ၄လအပစ်ရပ်ဖို့ပြောတယ်။ ဘာသဘောလဲ။
ဖြေ။အာစီယံရဲ့လူကြီးလူကောင်းမူကိုပြချင်တာ။(ဆိုလိုတာကစစ်ပွဲကိုအားမပေးဘူးလူသားချင်းအထောက်အကူပြုတဲ့မစ်ရှင်ကိုလုပ်မယ်။အားလုံးပါတဲ့နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးကိုကြိုးစားမယ်ဆိုတာပဲ)။ဒါပေမယ့်ပြန်ကြည့်တော့ကိုယ်ပိုင်ရပ်တည်ချက်မရှိတာကိုပြတယ်။ စစ်မတိုက်ချင်ဘူးဆိုတာ အမေရိကန်လိုင်း။ ဖြစ်နိုင်ရင်ဒီပလိုမေစီနဲ့သွားမယ်ဆိုတဲ့သဘော။အားလုံးပါတဲ့ဆွေးနွေးရေး(တနည်းဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်တောင်းတယ်) ဆိုတာ တရုတ်အနေနဲ့ မဖြစ်လို့ လက်ခံလိုက်ရတဲ့ လက်ရှိမူ။ တရုတ်သံတမန်လည်းတွေ့ခွင့်တောင်းတယ် ဆိုခဲ့တယ်။ အနှစ်ချုပ်ကြည့်တော့ အာစီယံအထိုင်ဆိုတာ နိုင်ငံကြီးတွေကိုသံယောင်လိုက်တာပဲ။ ကိုယ်ပိုင်အတွေးအခေါ် မရှိဘူး။ ဘာမှလုပ်မပေးနိုင်ဘူးဆိုပြီး နာမည်ပျက်မှာ ကြောက်နေတယ်။
နောက်တခု ကြည့်တော့ အာစီယံနိုင်ငံတွေရဲ့ အခြေအနေနဲ့ဆိုင်တယ်။ ဒီမိုကရေစီဖြစ်ဖြစ်မြောက်မြောက် တနိုင်ငံမှ မရှိသေးဘူး။ တန်ဖိုးအရကို မရှိတာ။ မြန်မာဟာ လက်ရှိနွေဦးတော်လှန်ရေးသဘောထားမှာ အာစီယံနိုင်ငံအားလုံးထက်ဒီအချက်မှာသာလွန်တယ်။ကိုယ်နိုင်အောင်တိုက်နိုင်ရင်ကိုယ့်ရဲ့တကယ့်တန်ဖိုးနောက်ကိုသူတို့လိုက်ကြဖို့ပဲ။လက်ရှိNUGကြေညာချက်ဟာအာစီယံသဘောထားကိုမျက်ခွက်ဖြတ်ရိုက်လိုက်တာဖြစ်တယ်။
၄။ အနိုင်အရှုံး
မေး။ တိုက်ရင်နိုင်ပါ့မလား
ဖြေ။သေချာပေါက်နိုင်တယ်။ဘာလို့ဒီလိုပြောနိုင်ရသလည်းဆိုရင်အာဏာသိမ်းစစ်တပ်ရဲ့နိုင်ငံကို ဦးဆောင်မှုအခန်းဂဏ္ဍဟာ ပျောက်ဆုံးသွားလို့ဖြစ်တယ်။ လူထုက လက်နက်နဲ့ နိုင်ငံရေးပေါင်းစပ်ထားတဲ့ အာဏာနဲ့ တိုင်းပြည်အပေါ်အမြတ်ထုတ် ဖိနှိပ်အုပ်ချုပ်ခဲ့တာကို လက်တွေ့ သိမြင်သွားတယ်။ အရင်သိမြင်မှုအားလုံးထက်သာလွန်တဲ့ အသိနဲ့ အဲဒီနာကျည်းမှုပေါ်အခြေခံတဲ့ လုပ်ရပ်ထွက်လာတယ်။ ဒါကြောင့်တိုက်ပွဲဝင်ရဲသွားတယ်။ဒီနေရာမှာမျိုးဆက်သစ်ကအဓိကပဲ။ဒါပေမယ့်အချက်၂ချက်နဲ့ကိုက်ညီမှ အောင်မြင်မှုကို ချက်ခြင်းလက်ငင်းတွေ့ရမယ်။
၁။ လူထုရဲ့ လက်ရှိ တော်လှန်ရေးအတွက် စိတ်ပိုင်းဆိုင်ရာထောက်ခံမှုကို အခွင့်အရေးပေါ်လာတာနဲ့ လက်တွေ့လုပ်ရပ် တခုခုနဲ့ ပြသပါ။ လိုအပ်တဲ့နေရာတိုင်းမှာ လူကိုယ်တိုင် ဝင်ရောက်ထောက်ခံကူညီပေးပါ။
၂။ တပ်စီဒီအမ်ကို ဆွဲဆောင်ပါ။ တပ်စီဒီအမ်ဟာ အခြေအနေတခုအထိ လိုအပ်တယ်။ စစ်တပ်ဟာ အပေါ်ရော အောက်ပါ ပြိုကျလုနီးပါး အနေအထားကို ရောက်နေပြီဖြစ်တယ်။
၅။ အချိန်
မေး။ ဘယ်လောက်ကြာမလဲ
ဖြေ။ လူတိုင်းတနည်းနည်းနဲ့ ဝင်ရောက်ရုန်းကန်ပါ။ မေးခွန်းတွေ မေးနေမယ့်အစား အဖြေထွက်အောင် လုပ်ပါ။ ဒါဆိုမကြာဘူး။
၆။ လေတပ်
မေး။ NUG က လေကြီးမိုးကြီးပဲ။ လေတပ်တောင်ဖွဲ့ထားပြီဆို။ ဘယ်လိုဖြစ်နိုင်မလဲ။
ဖြေ။ လေတပ်ဆိုတာ ဒီခေတ်မှာ တိုက်လေယာဉ်မောင်းပြီး ဗုံးကြဲတိုက်ခိုက်တာကို ပြောတာမဟုတ်တော့ဘူး။ ဒရုန်းတွေပေါ်နေပြီ။ အီလွန်မတ်ပြောတာကိုသတိရပါ။ ဖိုက်တာတွေရဲ့ အခန်းဂဏ္ဍဟာ ပြီးဆုံးသွားပြီ။ နည်းပညာမှာ တောထဲကလူငယ်တွေနဲ့ နိုင်ငံရပ်ခြားထောက်ခံမှုဟာ စကစ ထက်အများကြီးသာတယ်။
၇။ အနှစ်ချုပ်
မေး။ နောက်ဆုံး ဘာဖြည့်စွက်ပြောချင်သေးလဲ။
ဖြေ။ လက်ရှိ NUG စစ်ကြေညာနိုင်တဲ့ အဆင့်အထိရောက်လာတဲ့ အသီးအပွင့်ဟာ လူထုဆန္ဒပြပွဲတွေနဲ့ စီဒီအမ်တွေကြောင့်ဖြစ်တယ်။ လက်ရှိအနေအထားမှာ လူထုဆန္ဒထုတ်ဖော်မှုတွေကို အခွင့်သာတိုင်းလုပ်ပါ။ ခုချိန်ကတခြားဌာနတွေထက်တပ်စီဒီအမ်ကိုရအောင်ဆွဲထုတ်ပါ။နောက်ဆုံးမှာပွဲကြီးတပွဲနိုင်အောင်
တိုက်ပြပါ။ အားလုံး ပြိုဆင်းလာပါလိမ့်မယ်။
လွတ်လပ်စွာကူးယူနိုင်တယ်။
ဆိုရှယ်မီဒီယာများပေါ်မှပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသည်၊မူရင်းရေးသားသူအားcreditပေးပါသည်။