တန့်ဆည်မှာ ရွာတွေကို လိုက်လံဖျက်ဆီးနေတဲ့ စစ်ခွေးယာဉ်တန်းကို အပြန်မှာမိုင်းထိခံရတယ်။ ရွာတစ်ချို့မှာ စစ်တပ်ကဝင်ပြီး လူတွေကိုနှိပ်စက်၊ ရွာလုံးကျွတ်မီးရှို့တာတွေ လုပ်တယ်။ ပေါ်ပေါ် တင် တင်ပဲ။ ဒီကောင်တွေ ယုတ်မာချက်က ကမ်းကုန်နေပြီ။ ရွာအလိုက်ပြောင်း ရရွှေ့ရပြီး အိုးမဲအိမ်မဲ့ တွေများ လာပြီ။ ကျွန်တော်တို့မြန်မာပြည်သူပြည်သားတွေ ဘယ်လောက်ထိ နှိပ်စက်ခံနေရဦးမလဲ။ ဒီကောင် တွေက သူတို့လုပ်ပြီးရင်လည်း သူတို့လုပ်ကြောင်းကို ဝန်မခံဘူး။ ပေါ်တင်ကြီးလုပ်ပြီး ဗြောင်ငြင်းကြတာ။
ဒီဇင်ဘာ ၁၃၊ ၂၀၂၄။ (သောကြာ)
ရှမ်းမြောက်ကတော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်တွေတရုတ်ဖိအားကြောင့်ငြိမ်နေရချိန်မှာ မြန်မာနိုင်ငံတဝှမ်းစစ်ကောင်စီကိုဒေသအလိုက်တိုက်ပွဲတွေဆက်လက် ဖော်ဆောင်နေတာအားရဖို့တော့ကောင်းပါတယ်။ရှမ်းမြောက်က၁၀၂၇စစ်ဆင်ရေး ဒုတိယပိုင်းဟာစက်တင်ဘာလလောက်ကတည်းက...