Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ဖားကန့်တွင် အင်တာနက် ဖြတ်တောက်ခံထားရသည်မှာ နှစ်ပတ် နီးပါးရှိလာ

August 31, 2021
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်ကောင်စီ အခြေစိုက်စခန်းများမှလွဲ၍ အရပ်သားများ အသုံးပြုသည့် အင်တာ နက်လိုင်းများ အားလုံးကို အသုံးပြုခွင့် ဖြတ်တောက်ခံထားရသည်မှာ ၁၀ ရက်ကျော်ကြာပြီဖြစ်သည်ဟု သတင်း ရရှိ သည်။

ဖားကန့်မြို့တွင်း နေထိုင်သည့် ဒေသခံတဦးက “ကျမတို့မြို့နယ် တခုလုံးကတော့ အင်တာနက် အခုထိ မရသေးပါဘူး။ တချို့ နေရာတွေဆိုရင် SMS တောင် ပို့ရခက်တာ လိုင်းမကောင်းတာတွေ ဖြစ်နေတယ်။ ဒါပေမယ် နမ့်မှော်က မြန်မာ သူရ ကုမ္ပဏီဝင်းနေရာထဲမှာ တပ်စွဲထားတဲ့ စစ်တပ်တွေကတော့ Mytel အင်တာနက်ရတယ်။ သူတို့ဝင်းနားကို ကပ် လိုက်ရင် အနားမှာ အင်တာနက်လိုင်း နည်းနည်းမိတယ်။ ဒါပေမယ့် ကျမတို့ မသုံးရဲဘူး။ မလုံခြုံဘူးလို့ ကျမတို့ ခံစား ရလို့ သူတို့လိုင်းကိုလည်း မသုံးရဲဘူး” ဟု ပြောသည်။

ဖားကန့်မြို့နယ်တွင် ဖုန်းအင်တာနက်လိုင်းများကို သြဂုတ် ၂၀ ရက်၊ ည ၈ နာရီဝန်းကျင်တွင် စတင်ဖြတ်တောက်ခဲ့ပြီး ဝိုင်ဖိုင်လိုင်းများအားလုံးကို ည ၁၀ နာရီဝန်းကျင်တွင် ဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်။

ဒေသခံများက အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည့်အပေါ်တွင် ဆက်သွယ်ရေး ကုမ္ပဏီများ၊ ရုံးများကို ဆက်သွယ်မေးမြန်းရာ ကနဦးတွင် မည်သည့်အကြောင်းအရင်းကြောင့် ဖြတ်တောက်သည်ကို ရှင်းပြရန် အဖြေ မရှိ ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

အင်တာနက်ဖြတ်တောက်ခံရပြီး ရက်သတ္တပတ်အကြာတွင် ဒေသခံအချို့က ထပ်မံ ဆက်သွယ်မေးမြန်းကြရာ ဆက် သွယ်ရေး ရုံးဝန်ထမ်းအချို့က ဆက်သွယ်ရေး တာဝါတိုင်များ ပြုပြင်နေသဖြင့် အင်တာနက်လိုင်းများ ပြတ်တောက် နေခြင်း ဖြစ်ကြောင်းနှင့် မည်သည့်အချိန်တွင် အင်တာနက်လိုင်းများ ပြန်ရမည်ကို မပြောနိုင်သေးကြောင်း ပြန်လည် တုံ့ပြန်ပြောဆိုသည်ဟု ဒေသခံများထံက သိရသည်။

အင်တာနက်ဖြတ်တောက်ခံရပြီး ရက်သတ္တပတ်အကြာတွင် ဒေသခံများက အင်တာနက်လိုင်း မိနိုင်သည့် နေရာများ ရှာဖွေခြင်း ပြုလုပ်ရာ နမ့်မှော်ကျေးရွာအတွင်း စစ်တပ်အခြေစိုက်ထားသည့် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီဝင်း အဟောင်းအတွင်း၌ Mytel အင်တာနက်လိုင်း သုံးစွဲ၍ ရရှိနေခြင်းကို သိရှိကြခြင်း ဖြစ်သည်။

ဖားကန့်မြို့တွင် နေထိုင်သည့် အမျိုးသားတဦးကလည်း “သူတို့ တပ်စွဲထားတဲ့ နေရာနားမှာတော့ အင်တာနက်က H+ တက်တယ်။ တခြားနေရာ ဘယ်မှာမှ မရဘူး။ ဒါပေမယ့် ဘယ်သူမှ သွားမသုံးရဲကြဘူး။ ဆိုင်ကယ်နဲ့ နည်းနည်း ဖြတ် သွားတုန်းပဲ လိုင်းမိတယ်ဆိုတာကို စမ်းကြည့်တာပေါ့။ ဒီမှာ အင်တာနက်မရတော့ တနေရာနဲ့ တနေရာ ဘာဖြစ်နေလဲ ဆိုတာလည်း မသိရဘူး။ မျက်စိတွေ နားတွေ မရှိသလို ခံစားရတယ်။ ကျနော်တို့က စစ်ကောင်စီ လက်အောက်မှာ သတင်းဖတ်ပိုင်ခွင့်နဲ့ ဆက်သွယ်ရေးဆိုင်ရာ အခွင့်အရေးတွေ ချိုးဖောက်ခံနေရတာ” ဟု ဆိုသည်။

Mytel အင်တာနက်လိုင်း ရရှိနေသည့် စစ်ကောင်စီ၏ တပ်စခန်းသည် စစ်တပ်က အာဏာသိမ်းပြီးနောက် ဧပြီလ အတွင်းကမှ ခြံဝင်းများ အသစ်ကာရံကာ ဝင်းအထဲတွင် တပ်လာစွဲထားခြင်း ဖြစ်သည်ဟု မျက်မြင်တွေ့သည့် ဒေသခံ များထံမှ သိရသည်။

ဖားကန့်မြို့နယ်တွင်း အင်တာနက် ဖြတ်တောက်ခံထားရသည်မှာ ၁၁ ရက် ရှိပြီဖြစ်သော်လည်း စစ်ကောင်စီ၏ ပြော ရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဖားကန့်ကို သီးခြား အင်တာနက်ဖြတ်တောက်ထားရန် ညွှန်ကြားထားခြင်း မရှိ ဟု ဆိုသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဖားကန့်မှာ အင်တာနက်သီးခြားဖြတ်ထားတာ မရှိပါဘူး။ အဆက်အသွယ်လည်း ရနေတာ ပဲ” ဟု ပြောသည်။

ဖားကန့်မြို့နယ်တွင်း အင်တာနက်ဖြတ်တောက်ပြီးနောက် သြဂုတ် ၂၁ ရက်တွင် ဆိပ်မူကျေးရွာအနီး တည်ရှိသည့် ရဲတပ်ဖွဲ့၏ အမှတ် (၃၀) ရဲကင်းစခန်းကို ရဲတပ်ဖွဲ့က စွန့်ခွာကာ မြို့တွင်းသို့ အင်အားများ စုပေါင်းခဲ့သည်။

ရဲတပ်ဖွဲ့က စွန့်ခွာခဲ့သည့် စခန်းကို သြဂုတ် ၂၁ ရက်၊ ညပိုင်းတွင် KIA က ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့သည်။

စစ်ကောင်စီ၏ တပ်များသည်လည်း အင်အား ၅၀ မှ ၁၀၀ ကြား စုဖွဲ့ကာ ညပိုင်းတွင် မြို့တွင်းနှင့် ကျေးရွာများ အတွင်း သို့ ကင်းလှည့်ခြင်းများ ပြုလုပ်ခဲ့သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် ဖားကန့်မြို့နယ်တွင်း စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ကြား တိုက်ပွဲဖြစ်ပွားထားခြင်းနှင့် စစ်ကောင်စီ၏ ကင်းလှည့်ယာဉ်တန်းများ ဗုံးခွဲ တိုက်ခိုက်ခံရခြင်းများ ဖြစ်ပွားထား သဖြင့် အင်တာနက်ဖြတ်တောက်ခံရပြီးနောက်တွင် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်မှုများ ရှိခဲ့သည်။

ထို့ပြင် ဖားကန့်မြို့နယ်တွင်း ဒေသခံလူထုသည်လည်း အာဏာသိမ်း စစ်တပ်၊ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား အားလုံးကို ဆန့်ကျင်ကြောင်း နေ့စဉ် လမ်းမပေါ်ထွက်၍ဆန္ဒပြခြင်း များ ပြုလုပ်နေရာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ များ၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြုလုပ်သူများကိုလည်း အင်တာနက်ဖြတ်တောက်ခံထားရသည့် အချိန်တွင် လိုက်လံဖမ်းဆီးခြင်းများ လုပ်ဆောင်မည်ကိုလည်း ဒေသခံများကြား စိုးရိမ်နေကြသည်။

ဖားကန့်မြို့နယ်သည် စစ်ကောင်စီနှင့် KIA တို့ နှစ်ဖက်လုံးမှ လှုပ်ရှားနေသည့် နယ်မြေ ဖြစ်ပြီး ဖားကန့်မြို့နယ်တွင်းရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများ အားလုံးသည်လည်း စစ်ကောင်စီ၏ တပ်များနှင့် KIA တို့ထံသို့ ငွေကြေး အခွန် ပေးဆောင်နေကြသဖြင့် နှစ်ဖက်တပ်များက ဝင်ငွေ ရရှိနေသည့် နယ်မြေလည်း ဖြစ်သည်။

KIA ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ၊ ဗိုလ်မှူးကြီး နော်ဘူက ဖားကန့်မြို့နယ်တွင်း အင်တာနက်ဖြတ်တောက် ထားချိန်တွင် စစ်ကောင်စီဘက်မှ စစ်ဆင်ရေး လုပ်ဆောင်ခြင်း၊ စစ်အင်အားတိုးချဲ့တပ်ဖြန့်ခြင်းများ လုပ်ဆောင်သည် ကို မတွေ့ရဘဲ မြို့တွင်း လူထုကြားတွင် အရပ်ဝတ်များဖြင့် သတင်းများ စုံစမ်းနေသည်ကိုသာ တွေ့ရသည်ဟု ဆိုသည်။

ဗိုလ်မှူးကြီးနော်ဘူက “သူတို့ဘာကြောင့် အင်တာနက်ဖြတ်လဲဆိုတဲ့ ဗျူဟာကိုတော့ KIO က တရားဝင် သုံးသပ်ထား တာ မရှိပါဘူး။ တခုက KIO/KIA ရဲ့ ဝင်ငွေက ဖားကန့်ကနေ ဝင်လာတဲ့ ငွေတွေကိုပဲ အဓိက သုံးစွဲတယ်ဆိုပြီး ဖြတ် တောက်ချင်တဲ့ သဘောမျိုးလည်း ဖြစ်နိုင်တာပေါ့။ ဖားကန့်မှာ လူမျိုး၊ လူတန်းစား အလွှာစုံတော့ သူတို့ စစ်ရေး လှုပ် ရှားချင်တာလည်း ဖြစ်နိုင်ပါတယ်။ အမျိုးမျိုးရှိမှာပါ။ ဒါပေမယ့် ရန်သူရဲ့ စစ်ရေးကို အကဲဖြတ်တဲ့ KIO ရဲ့ မဟာဗျူဟာ ပိုင်းတွေကတော့ ကျနော်လည်း ပြောလို့ မရပါဘူး”ဟုလည်း ဆိုသည်။

စစ်ကောင်စီနှင့် KIA သည် မတ်လမှစ၍ ကချင်ပြည်နယ်တွင်း တကျော့ပြန် တိုက်ပွဲများ ပြန်ဖြစ်ရာ ဖားကန့်၊ ဝိုင်းမော်၊ အင်ဂျန်းယန်၊ နမ္မတီး၊ ရွှေကူ၊ မိုးမောက်၊ ဗန်းမော်နှင့် ပူတာအိုမြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားထားသည်။

KIA သည် ပဏာမအပစ်ရပ်စာချုပ် (Bilateral) တစောင် ချုပ်ဆိုနိုင်ရန် အစိုးရနှင့် ညှိနှိုင်းဆွေးနွေးနေရာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာမှစ၍ စစ်တပ်က အာဏာ မသိမ်းခင်ကာလအထိ ကချင်ပြည်နယ်တွင်း တိုက်ခိုက်မှုများ မဖြစ်စေရန် ညှိနှိုင်း ကာ အပစ်အခတ်ကို ရပ်ဆိုင်းထားခဲ့ကြသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် မြစ်ကြီးနားမြို့၌ အရပ်သားများကို စတင် ပစ်ခတ်ရာမှ သေဆုံးမှုများ ရှိလာရာ KIA သည် မတ် ၁၁ ရက်မှစ၍ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာအနီးရှိ စစ်ကောင်စီ တပ်စခန်းတခုကို ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ပြီး စစ်မျက်နှာ စဖွင့်ခြင်း ဖြစ်သည်။

ထို့နောက် မြစ်ကြီးနား-ဗန်းမော် ကားလမ်းပိုင်းကို ထိန်းချုပ်နိုင်ရန် ဗျူဟာကျသည့် အလော့ဘွမ် ဗျူဟာကုန်းကိုလည်း KIA က စစ်တပ်ထံမှ တိုက်ခိုက်သိမ်းယူပြီး ယနေ့ထိ စခန်းထိုင်ထားဆဲ ဖြစ်သည်။

စစ်ကောင်စီဘက်ကလည်း တိုက်ပွဲများ ဖြစ်ပွားချိန်တွင် တိုက်ခိုက်ရေး ရဟတ်ယာဉ်များကို အသုံးပြုကာ ပစ်ခတ်ခြင်း၊ KIA ၏ ဌာနချုပ် နယ်မြေအတွင်းသို့ လက်နက်ကြီးကျည်များ ပစ်ခတ်ခြင်းများကို ပြုလုပ်ထားသည်။

တိုက်ပွဲများ ဖြစ်ပွားနေချိန်ကာလအတွင်း စစ်တပ်၏ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လေတပ်စခန်းကို ခြိမ်းခြောက် ပစ် ခတ်ခြင်း၊ ပူတာအိုမြို့ရှိ လေယာဉ် အဆင်းအတက် ပြုလုပ်ရာ လေယာဉ်ကွင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း များကို KIA က ပြုလုပ်သည့် အပြင် ရွှေကူမြို့နယ်၊ မြို့လှမြို့နယ်ခွဲအတွင်း စစ်ကောင်စီတပ်များ တရားမဝင် တူးဖော် နေသည့် ရွှေလုပ်ကွက် အနီး၌လည်း KIA ဘက်မှ သွားရောက်တိုက်ခိုက်ခြင်းများ ပြုလုပ်ထားသည်။

မြို့လှမြို့နယ်ခွဲအနီးတွင် တရားမဝင် လုပ်ကိုင်နေသည့် စစ်ကောင်စီတပ်များ၏ ရွှေလုပ်ကွက်များကို KIA ဘက်မှ တိုက်ခိုက်ခြင်းကို KIA ဘက်မှ အတည်ပြုပြောဆိုခြင်း မရှိသော်လည်း ဧရာဝတီက ဒေသခံများ၊ မြို့လှမြို့တွင်း အခြေ စိုက်သည့် စစ်ကောင်စီတပ်များနှင့် နီးစပ်သူများထံမှ သတင်းအချက်အလက်များ ရရှိခြင်း ဖြစ်သည်။

ကချင်ပြည်နယ်တွင်း စစ်ကောင်စီနှင့် KIA သည် တိုက်ပွဲများ ဖြစ်ပွားရာတွင် စစ်ရေးအရသာ တိုက်ခိုက်ခြင်း မဟုတ်ဘဲ နှစ်ဖက်တပ်များ၏ ဝင်ငွေရှိသည့် နယ်မြေများ၊ သယံဇာတ တူးဖော်နေသည့် လုပ်ကွက်များ၊ စီးပွားရေးလုပ်ငန်းများကို လည်း ဖြိုလဲရန် တိုက်ခိုက်မှုများ ရှိသည်။

၂၀၁၁ ခုနှစ်၊ ဇွန်မှ ၂၀၁၈ ခုနှစ်အတွင်း တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေစဉ်အတွင်း၌လည်း ဖားကန့် မြို့နယ် နှင့် တနိုင်းမြို့နယ်အတွင်းရှိ KIA၏ ရွှေနှင့် ပယင်းကျောက် တူးဖော်ရေးလုပ်ငန်းများကို စစ်ဆင်ရေးပြုလုပ်ကာ သိမ်း ပိုက်ခဲ့သည်။

ထိုစဉ်ကလည်း KIA က တရားမဝင် သယံဇာတများကို တူးဖော်နေခြင်းကြောင့် နှစ်စဉ် န်ိုင်ငံတော် ဘဏ္ဍာငွေသန်းချီ ဆုံးရှုံးနေသည်ဟူသည့် အကြောင်းပြချက်ဖြင့် စစ်တပ်က တနိုင်းမြို့နယ်တွင်း ထိုးစစ်ဆင်ကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ် သည်။

Source: ဧရာဝတီ

Related Posts

ဖားကန့်မြို့တွင် လက်နက်ကြီးကြောင့် အဘွားအို၊ သုံးနှစ်သားအပါအဝင် ကိုးဦး သေဆုံး မြို့အနောက်ဘက်ရှိ စစ်တပ်ကုန်းတစ်ခုကို KIA သိမ်းပြီးနောက် မြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေရာ ရက်ပိုင်းအတွင်း လူမမယ်ကလေးငယ်အပါအဝင် ကိုးဦး သေဆုံးကာ လူ ၃၀ ကျော် ဒဏ်ရာရသည်။
သတင်း

ဖားကန့်မြို့တွင် လက်နက်ကြီးကြောင့် အဘွားအို၊ သုံးနှစ်သားအပါအဝင် ကိုးဦး သေဆုံး မြို့အနောက်ဘက်ရှိ စစ်တပ်ကုန်းတစ်ခုကို KIA သိမ်းပြီးနောက် မြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေရာ ရက်ပိုင်းအတွင်း လူမမယ်ကလေးငယ်အပါအဝင် ကိုးဦး သေဆုံးကာ လူ ၃၀ ကျော် ဒဏ်ရာရသည်။

August 9, 2025

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ယခုရက်ပိုင်း...

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်
သတင်း

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်

July 24, 2025

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်၊ ခြောက်အိမ်တန်းကျေးရွာမှာ ဦးလေးဖြစ်သူရဲ့ အဓမ္မပြုကျင့်တာ...

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး
သတင်း

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး

July 24, 2025

စစ်ကောင်စီတပ်နဲ့ အိန္ဒိယတပ်မတော်တို့ ပူးပေါင်းကာ  ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English