Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ပဲခူးလူထုကို ကင်းစောင့်ခိုင်းသည့်နည်းဖြင့် စစ်တပ်က အနိုင်ကျင့်

ပဲခူးရပ်ကွက်တချို့တွင် ကင်းမစောင့်နိုင်လျှင် ဒဏ်ကြေး၊ လူငှားခ ပေးဆောင်နေရပြီး စစ်ကောင်စီတပ်စွဲထားသည့် နေရာ၌ပင် စောင့်ပေးနေရသည်ဟု ဆိုသည်

August 20, 2021
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

Myanmar Now
Published on Aug 11, 2021
ပဲခူးမြို့ရှိ အလင်းရောင်၊ ပုဏ္ဏားစု၊ နန်းတော်ရာ ရပ်ကွက်များတွင် စစ်ကောင်စီက ပြည်သူတို့ကို အလှည့်ကျ ကင်းစောင့်ခိုင်းနေပြီး မစောင့်နိုင်ပါက အခကြေးငွေပေးချေနေရကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူ ဒေသခံ ၄ ဦးက Myanmar Now ကို အတည်ပြုသည်။

အလင်းရောင် (၁) လမ်းထိပ်ရှိ စစ်သားအချို့ တပ်စွဲထားသည့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတို့တွင် ရာအိမ်မှူး၏ ကြီးကြပ်မှုဖြင့် မေလလယ်ခန့်မှစ၍ အိမ်ထောင်စုတစ်စုလျှင် တစ်ဦးနှုန်း ကင်းစောင့်နေရကြောင်း၊ ၎င်းတို့မိသားစုဝင်တစ်ဦး တစ်ကြိမ် လုပ်အားပေးပြီးဖြစ်ကြောင်း အလင်းရောင် ၁ လမ်းနေ အသက် ၂၄ နှစ်အရွယ် အမျိုးသားက ပြောသည်။

“(ကင်းစနစ်စတင်ပြီး မကြာမီနုတ်ထွက်တဲ့) အရင်ရာအိမ်မှူးတုန်းက ကင်းမစောင့်နိုင်ဘူးဆိုရင် သူ့ကို ၅၀၀၀ ပေးရတယ်။ ပေးလိုက်ရင် သူက သူ့ဘာသာသူ ကင်းသမားရှာပြီးတော့ ထည့်ပေးတယ်။ နောက်ရာအိမ်မှုးက ဒီအိမ်က ကင်းစောင့်မယ့်အလှည့်ရောက်ရင် သူက ရုံးစာရွက်မျိုး လာပေးတယ်။ ကိုယ်က မစောင့်နိုင်ဘူးဆိုရင် ကိုယ့်ဘာသာကိုယ်လူရှာ၊ ပြီးရင် အဲဒီလူကို ကိုယ့်အစား သွားစောင့်ခိုင်းတယ်”ဟု ၎င်းက ပြောသည်။

အလင်းရောင် ၁ လမ်းမှ ၇ လမ်း အတွင်း နေထိုင်သူများကို မူလွန်ကျောင်း၊ ၈ လမ်းမှ ၁၅ လမ်းအတွင်း နေထိုင်သူများကို ရာမဘုန်းတော်ကြီးသင်ပညာရေးကျောင်းတို့တွင် ကင်းစောင့်ရသည်ဟု ၎င်းက ဆက်ပြောသည်။

မနက် ၇ နာရီမှ ည ၇ နာရီထိ တစ်ကြိမ်၊ ည ၈ နာရီမှ မနက် ၅ နာရီထိတစ်ကြိမ် အလှည့်ကျစနစ်ဖြင့် အဖွဲ့ခွဲ၍ ကင်းစောင့်ရာတွင်၊ တစ်ဖွဲ့လျှင် ၆ ဦးခန့်ပါဝင်ကြောင်း၊ အိမ်ထောင်စုတစ်စုလျှင် တစ်လတစ်ကြိမ် အလှည့်ကျလေ့ရှိကြောင်း ၎င်းက ပြောသည်။

“ကျောင်းက စက်ဘီးထားတဲ့ နေရာမျိုးမှာ အမိုးတွေတော့ရှိတယ်၊ ငုတ်တုတ်ထိုင်ပြီး နေရတာ။ ကင်းစောင့်ခိုင်းတာ ဘာအတွက်စောင့်ခိုင်းတာလဲဆိုတဲ့ မေးခွန်းကို ကျွန်တော်တို့မသိရဘူး။ ဘာကြောင့် ကင်းစောင့်ခိုင်းတာလဲဆိုတာ ဘယ်သူမှမသိဘူး”ဟု အထက်ပါ အမျိုးသားကပင် ပြောသည်။

အလင်းရောင် ၄ လမ်းတွင် နေထိုင်သူ အသက် ၃၀ အရွယ် အမျိုးသမီးကလည်း အထက်ပါသတင်းကို အတည်ပြုသည်။ အမျိုးသားမရှိသည့် အိမ်ထောင်စုများပါမကျန် ကင်းစောင့်ရမည့် စာရင်းတွင် ပါဝင်သဖြင့် ၎င်း၏ မိသားစုအတွက် ငွေကျပ် ၅၀၀၀ ဖြင့် လူငှားရမ်း၍ ဖြေရှင်းနေရကြောင်း ပြောသည်။
“ဘာမှကိုမရှိပဲနဲ့ကို စောင့်ခိုင်းတာ။ ဘာမှမရှိဘူး။ အဲဒီမှာသွားပြီး ငုတ်တုတ်ကို သွားထိုင်နေကြရတာ။ ဘာမှလဲ ဟုတ်တာမဟုတ်ဘူး။ ဒါပေမဲ့ အဲဒီကျောင်း(မူလွန်) မှာတော့ သူတို့(စစ်သား)တွေ တပ်စွဲထားတယ်။ ကျွန်မတို့ကိုခေါ်ပြီး ဓားစာခံလုပ်ထားတာလို့ပဲ တွေးမိတယ်”ဟု ထိုအမျိုးသမီးက ပြောသည်။
ပုဏ္ဏားစုရပ်ကွက်တွင်လည်း မေလလယ်မှစ၍ ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ပုဏ္ဏားစု ၁၀ လမ်း အနောက်ထိပ်ရှိ နာရေးကူညီမှုရုံး၌ တစ်အိမ်တစ်ယောက်နှုန်း အလှည့်ကျစောင့်ခိုင်းသည်ဟု ထိုရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။

ဇူလိုင်လလယ်မှစ၍ တာဝလမ်းတောင်ပိုင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကိုကိုနိုင်၏ နေအိမ်ရှေ့တွင် နောက်တစ်ဖွဲ့ ထပ်ခွဲကာ စောင့်ဆိုင်းပေးနေရသည်ဟု ဆိုသည်။

“(ရပ်ကျေးအုပ်ချုပ်ရေးမှူး) သူ့အိမ်လုံခြုံရေးယူပေးရတာ။ သူ့အိမ် ခြံပြင်က ဇရပ်မှာ စောင့်ရတာ”ဟု ၎င်းက ပြောသည်။

ပုဏ္ဏားစုရပ်ကွက်တွင် တစ်ည သုံးဦးနှုန်းဖြင့် အဖွဲ့နှစ်ဖွဲ့ခွဲ၍ လုပ်အားပေးနေရခြင်းဖြစ်ပြီး ပျက်ကွက်လိုလျှင် ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ ဒဏ်ငွေ ကျပ်သုံးထောင် (သို့မဟုတ်) လူငှားခပေးရကြောင်း အထက်ပါ အမျိုးသားက ဆက်ပြောသည်။

နန်းတော်ရာရပ်ကွက် ဥဿာပိုင်းတွင်မူ ဧပြီလမှ ဇူလိုင်လအစောပိုင်းအထိ ညစဉ် ကင်းစောင့်ရန် ခိုင်းစေခဲ့ပြီး ပျက်ကွက်လျှင် ဒဏ်ငွေ ၅၀၀၀ ပေးဆောင်ခဲ့ရဖူးသော်လည်း လက်ရှိတွင်မူ စေခိုင်းခြင်းမရှိတော့ဟု ရပ်ကွက်သားတစ်ဦးက ပြောသည်။

“လမ်းနှစ်လမ်းကို မီးကင်းစောင့်သလို ပတ်ရတာ၊ တစ်နာရီခြားတစ်ခါလောက်ပေါ့”ဟု ၎င်းက ထိုစဉ်က အခြေအနေကို ပြန်ပြောပြသည်။

အရပ်သားများကို ကင်းစောင့်ခိုင်းသည့်နည်းဖြင့် အနိုင်ကျင့်ခြင်း၊ ငွေတောင်းခြင်းနှင့် ပတ်သက်ပြီး မေးမြန်းရန် ကြိုးစားသော်လည်း ပဲခူးမြို့ စစ်ကောင်စီတာဝန်ရှိသူတို့နှင့် ဖုန်းအဆက်အသွယ် မရသေးပေ။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးချိန်မှစ၍ ပြင်းပြင်းထန်ထန်ဆန့်ကျင်သည့် ပဲခူးမြို့တွင် စစ်တပ်က ရက်စက်စွာဖြိုခွင်းမှုများပြုလုပ်ခဲ့ပြီး လူအသေအပျောက် အတည်ပြုရန်ပင်ခက်သည့် ဧပြီ ၉ ရက် မဂ္ဂတစ်ခံတပ်ဖြိုခွင်းခံရမှုမှာ ထင်ရှားသည်။

ထိုဖြစ်စဉ်နောက်ပိုင်းတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လူငယ်များက ဒေသကာကွယ်ရေးအဖွဲ့ (PDF) ဖွဲ့စည်းခဲ့ကြပြီး စစ်ကောင်စီ၏ ဒေါက်တိုင်များကို တိုက်ခိုက်မည်ဟု မေလအတွင်း ကြေညာခဲ့သည်။

ယင်းမှစ၍ ၎င်းတို့ကို ဆန့်ကျင်သည့် အင်အားစုများကို စစ်ကောင်စီက ပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်နေသလို PDF ဘက်ကလည်း စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများကို ပဲခူးမြို့ပေါ်၌ပင် ပြုလုပ်နေသည်။
Source – Myanmar NOW
https://www.myanmar-now.org/mm/news/7757

Related Posts

ဖားကန့်မြို့တွင် လက်နက်ကြီးကြောင့် အဘွားအို၊ သုံးနှစ်သားအပါအဝင် ကိုးဦး သေဆုံး မြို့အနောက်ဘက်ရှိ စစ်တပ်ကုန်းတစ်ခုကို KIA သိမ်းပြီးနောက် မြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေရာ ရက်ပိုင်းအတွင်း လူမမယ်ကလေးငယ်အပါအဝင် ကိုးဦး သေဆုံးကာ လူ ၃၀ ကျော် ဒဏ်ရာရသည်။
သတင်း

ဖားကန့်မြို့တွင် လက်နက်ကြီးကြောင့် အဘွားအို၊ သုံးနှစ်သားအပါအဝင် ကိုးဦး သေဆုံး မြို့အနောက်ဘက်ရှိ စစ်တပ်ကုန်းတစ်ခုကို KIA သိမ်းပြီးနောက် မြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေရာ ရက်ပိုင်းအတွင်း လူမမယ်ကလေးငယ်အပါအဝင် ကိုးဦး သေဆုံးကာ လူ ၃၀ ကျော် ဒဏ်ရာရသည်။

August 9, 2025

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ယခုရက်ပိုင်း...

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်
သတင်း

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်

July 24, 2025

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်၊ ခြောက်အိမ်တန်းကျေးရွာမှာ ဦးလေးဖြစ်သူရဲ့ အဓမ္မပြုကျင့်တာ...

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး
သတင်း

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး

July 24, 2025

စစ်ကောင်စီတပ်နဲ့ အိန္ဒိယတပ်မတော်တို့ ပူးပေါင်းကာ  ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English