5 Million Raffle Ticket Challenge အတွက် ပါဝင်ကြဖို့ အချင်းချင်းလှုံ့ဆော်ကြတယ်။ မဝယ်တတ်တဲ့သူတွေအတွက်ဝယ်ပေးတဲ့သူတွေလည်းရှိကြတယ်။ ဒီလောက်ထိတက်ကြွနေကြတာ တောင်ကျွန်တော်တို့ရဲ့တော်လှန်ရေးက ဘာလို့မအောင်မြင်ရမှာလဲ။ မအလနဲ့အပေါင်းပါတစ်စုကို နိုင်ကိုနိုင်ရမယ်။ ဂန့်ဂေါနှမ်းခါးကျေးရွာမှာ စစ်ကောင်စီတပ်တွေဝင်ပြီး အသက် ၇၂ နှစ်အရွယ် အဖိုးအို တစ်ဦးကို ရိုက်နှက်ကန်ကျောက် ပြီးနေအိမ်တွေကိုဖျက်ဆီးခဲ့တယ်။ ရွာရဲ့တန်ဖိုး ကြီးပစ္စည်းတွေ ကိုလည်းခိုးယူသွားတယ်။ စစ်တပ်အုပ်စုဟာ တောမှာရော၊ မြို့မှာပါ လူနေအိမ်တွေကို မထင်ရင်မထင် သလိုဝင်ပြီး ပစ္စည်းတွေခိုးသွားတယ်။ နေအိမ်တွေကိုဖျက်ဆီးသွားတယ်။ လူတွေကို အကြောင်းမရှိ ရိုက်နှက်ဖမ်းဆီးတယ်။ အဲဒီလိုမျိုး နည်းလမ်းပေါင်းစုံနဲ့ ပြည်သူကိုနှိပ်စက်နေခဲ့တာကြာပြီ။ နှစ်ပေါင်း ၇၀ ဝန်းကျင်ကျမှပြည်သူတွေက အချင်းချင်းချိတ်ဆက်မိပြီး သိလာရတဲ့အဖြစ်ပါပဲ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


