ကိုဗစ်ကြောင့်သေဆုံးမှုနှုန်းတွေ နည်းလာတယ်လို့ထင်ရတယ်။ အောက်ဆီဂျင်ရှာတဲ့သူတွေ၊ ဆေးရှာတဲ့ သူတွေ နည်းသွားတယ်။ ဆေးတွေအဆမတန်ဈေးနှုန်းမြင့်တက်လာတာမျိုးတွေလည်း ဈေးပြန်ကျသွား တယ်။ ဒါပေမဲ့ လောဘသားတွေရှိတုန်းပဲ။ ဆေးရုံဆေးခန်းတွေမှာတော့ စစ်ကောင်စီနဲ့ပတ်သက်တဲ့အ သိုင်းအဝိုင်းတွေကနေရာယူထားတုန်းပဲ။ မယုံရင် အခုချိန်ဝိတိုရိယလိုဆေးရုံမျိုးမှာ တက်ခွင့်ရအောင်သာ ကြိုးစားကြည့်။ လုံးဝမလွယ်ဘူး။ စစ်ကောင်စီအသိုင်းအဝိုင်းက ဆေးရုံကိုတောင်သူတို့နဲ့ပတ်သက်သူတွေ ကိုဦးစားပေးတက်ဖို့စီစဉ်ထားကြတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


