Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

အာဏာအတွက် မြန်မာပြည်သူများကို လူမျိုးတုန်းသတ်ဖြတ်နေသော ဟစ်တလာ လက်သစ် မင်းအောင်လှိုင်

အယ်ဒီတာ့အာဘော် (ခေတ်သစ်မီဒီယာ မှ ကူးယူဖော်ပြပါသည်။)

July 31, 2021
in သုံးသပ်ချက်များ
Reading Time:1 min read
Share on FacebookShare on Twitter

မြန်မာနိုင်ငံတွင် ကိုဗစ်တတိယလှိုင်းက အရှိန်အဟုန်ပြင်းပြင်းရိုက်ခတ်နေပြီ။ ကိုဗစ်ကူးစက်နှုန်း တိုးပွားနေသည်နှင့်အတူ သေဆုံးမှုနှုန်းကလည်း တစ်နေ့ တစ်ခြား တိုးများလာလျက်ရှိနေသည်။ သုဿာန်များတွင် အလောင်းများ အလျဉ်မီအောင် မသဂြိုလ်နိုင်တော့ခြင်း၊ နာရေးကားမရှိ၍ ဆိုင်ကယ်၊ ဆိုက်ကားများဖြင့် သုဿာန်သို့ အလောင်းပို့ရသည်အထိ အခြေ အနေက ဆိုးဝါးလာနေသည်။
ကိုဗစ်ကူးစက်ခံနေရသော အသက်အရွယ်ကြီးရင့်သူမှစ၍ အသက်ငယ်သူတွေအထိ အောက်စီဂျင်မရ၍ သော် လည်း ကောင်း၊ ဆေးကုသမှု မရ၍သော်လည်းကောင်း တဖြုတ်ဖြုတ်သေဆုံးနေကြရသည်။ ကိုဗစ်တတိယလှိုင်းသည် မင်းအောင်လှိုင်၏ အဆင်အခြင်မဲ့ အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီလမှစ၍ ဇွန်လအထိ ပြင်ဆင်ချိန် ကောင်းကောင်းရခဲ့သော်လည်း အာဏာအတွက် လိုချင်ရမက်ကြီးနေသော မင်းအောင်လှိုင်သည် ဆန္ဒပြပွဲများကိုသာ ရက်ရက်စက်စက် ပစ်ခတ် သတ်ဖြတ်ခြင်းဖြင့် အချိန်ကုန်နေခဲ့သည်။

ဇူလိုင်လဆန်းပိုင်းမှစ၍ ကိုဗစ်တတိယလှိုင်းက အရှိန်ပြင်းပြင်းဖြင့် ရိုက်ခတ်နေရာ မင်းအောင်လှိုင်သည် ၎င်းအာဏာလုထားသည့် အချိန်ကာလများတွင် ကိုဗစ်ကာကွယ်ရေးထက် ၎င်းတို့၏ စစ်အုပ်စု အာဏာတည်မြဲရေးကိုသာ ဦးစားပေး ဖမ်းဆီးသတ်ဖြတ်ခြင်းများ လုပ်ဆောင်ခဲ့သည်မှာ ထင်ရှားလှသည်။
ကိုဗစ်တတိယလှိုင်း စတင်ရိုက်ခတ်သော ဇူလိုင်လဆန်းပိုင်းတွင် ပြည်သူများ အောက်စီဂျင်အတွက် အလုအယက် ရှာဖွေနေရချိန် ဇူလိုင်လ ၁၀ ရက်နေ့ ညနေပိုင်းတွင် မင်းအောင်လှိုင်နှင့်စစ်အုပ်စုသည် အောက်စီဂျင်များကို ပြည်သူများကို ရောင်းချခြင်းမပြုရန် အောက်စီဂျင်ထုတ်စက်ရုံများကို ပိတ်ပင်ခဲ့သည်။ ယင်းသို့ ပိတ်ပင်မှုများ ပြုလုပ်ခဲ့ကြောင်းလည်း စစ်အုပ်စု၏ ပြောခွင့်ရဇော်မင်းထွန်းက အတည်ပြုပြောဆိုခဲ့သည်။
ယင်းပိတ်ပင်မှုများကြောင့် အောက်စီဂျင်ပြတ်လပ်မှု ပြဿနာကို ပြည်သူများ အကြီးအကျယ်ရင်ဆိုင်ရပြီး ဇူလိုင်လ ၁၁ ရက်နေ့၊ ၁၂ ရက်နေ့ နှင့် ၁၃ ရက်နေ့တို့တွင် သေဆုံးမှု နှုန်းမြင့်တက်ခဲ့ပြီး အလောင်းများ တောင်ပုံရာပုံ ဖြစ်ပေါ်ခဲ့ရသည်။ ယင်းအခြေအနေများမှာလည်း လူမှုကွန်ရက်တွင် ဓာတ်ပုံ၊ ဗီဒီယိုသက်သေများနှင့်တကွ ပြန့်နှံ့ခဲ့သည်။
မင်းအောင်လှိုင်ကမူ အောက်စီဂျင် လုံလောက်ပါသည်ဟု အလိမ်အညာ စကားဆိုခဲ့သည်။ တစ်ဖက်တွင်လည်း အောက်စီဂျင်စက်ရုံကို ပြည်သူကို မရောင်းဘဲ ၎င်းတို့ကိုသာ ရောင်းရန် ကန့်သတ်မှုပြုခဲ့သည်။
ဟစ်တလာသည် အဆိပ်ဓာတ်ငွေ့ကို သုံး၍ ဂျူးလူမျိုးသန်းပေါင်းများစွာ သတ်ဖြတ်သကဲ့သို့ မင်းအောင်လှိုင်သည် လူထုအတွက် လိုအပ်နေသော အောက်စီဂျင်ကို ဖြတ်တောက်၍ မြန်မာပြည်သူများကို သတ်ဖြတ်လျက်ရှိသည်။
ဆေးကုသရေးပိုင်းဆိုင်ရာတွင်လည်း မင်းအောင်လှိုင် မည်သည့် အစီအမံမှ ချမှတ်နိုင်ခြင်းမရှိဘဲ ကိုဗစ်ကူးစက်ခံရသော မြန်မာပြည်သူများမှာ ဆေးကုသမှု မရရှိဘဲ နေအိမ်များတွင် အတုံးအရုံး လဲပြိုသေဆုံးနေကြရသည်။ NLD အစိုးရလက်ထက်က လူထုကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပြီး အင်အားကောင်းခဲ့သော Q စင်တာများ၊ ဆေးရုံများ၏ မြင်ကွင်းများမှာ တွေ့မြင်ရတော့ခြင်းမရှိဘဲ လာသမျှ လူနာကို ပြန်လွှတ်သည့် အားမကိုးရသော ဆေးရုံများဖြစ်လာကြသည်။ ကျန်းမာရေး စနစ်ပြိုလဲမှုကြောင့် မြန်မာပြည်သူများမှာ ပို၍ အထိနာ သေဆုံးကြရသည်။
CDM ဆရာဝန်များကြောင့်ဟု မင်းအောင်လှိုင်က အပြစ်တင် အကြောင်းပြသော်လည်း တစ်ဖက်တွင်မူ ကိုဗစ် လူနာများကို ကုသပေးနေသော ဆရာဝန်များ၊ စေတနာ့ဝန်ထမ်း၊ ပရဟိတ ဝန်ထမ်းများကို ဖမ်းဆီးခြင်းများ တောက်လျှောက်ဆိုသလိုမင်းအောင်လှိုင်တို့ စစ်ကောင်စီက လုပ်ဆောင်နေသည်။ မြောက်ဒဂုံမှ ကိုဗစ်လူနာများကို ပြုစောင့်ရှောက်ပေးနေသော ပရဟိတစေတနာ့ဆရာဝန် ၅ ဦးကို မကြာသေးမီက စစ်ကောင်စီက လူနာဟန်ဆောင် ဖုန်းဆက်ခေါ်၍ ဖမ်းဆီးသည်။ မန္တလေးမှ ဆရာဝန် ၂ ဦးကိုလည်း စစ်ကောင်စီက ရိုက်နှက်ဖမ်းဆီးသွားသည်။
ကိုယ်တိုင်လည်း ကုသမပေးနိုင်ဘဲ ကုသပေးနေသည့် ဆရာဝန်များကို ဖမ်းဆီးခြင်းဖြင့် မင်းအောင်လှိုင်သည် ကိုဗစ်ကူးစက် ခံနေရသော မြန်မာပြည်သူများကို သေတွင်းသို့ ပို့ဆောင်လျက်ရှိသည်။ စစ်ဆေးရုံ၊ ပြည်သူ့ဆေးရုံ၊ ပုဂ္ဂလိကဆေးရုံ၊ ကုသရေးစင်တာများ မည်သည့် နေရာကမှ ကိုဗစ်ကူးစက်ခံ လူနာများကို ကုသမပေးနိုင်သည့်အချိန်တွင် ပရဟိတ ဆရာ ဝန်များကို ဖမ်းဆီးခြင်းဖြင့် မင်းအောင်လှိုင်သည် မြန်မာပြည်သူများ၏ ဆေးကုသခွင့် အခွင့်အရေးကို ပိတ်ပင်လျက်ရှိသည်။
ထိုမျှသာ မကသေးဘဲ မန္တလေးတိုင်း မိုးကုတ်မြို့တွင် ကိုဗစ် ဒုတိယလှိုင်းတုန်းကာလ ကောက်ခံရရှိထားသည့် ကိုဗစ်အလှူငွေ သိန်း ၉၅၀ နှင့် ဆေးဝါး၊ PPE ဝတ်စုံများကို စစ်ကောင်စီက သိမ်းဆည်းလိုက်သည်။ ပြည်သူများ တဖြုတ်ဖြုတ်သေနေချိန်တွင်လည်း မင်းအောင်လှိုင်သည် နေပြည်တော် စားပွဲပေါ်မှ ထိုင်၍ ကြက်ဥအတွက် စိုးရိမ်စရာမရှိ၊ အောက်စီဂျင် လုံလောက်သည်၊ Q စင်တာများ ဖွင့်ထားသည်၊ ဆေးရုံများ အရန်သင့်ပြင်ထားသည်ဆိုသော မြေပြင်အေခြအနေ နှင့် လုံး၀ (လုံး၀)ကိုက်ညီခြင်းမရှိသော မိုးလုံးပြည့်မုသားများကို ထုတ်ပြန်ပြောဆို၍ မြန်မာပြည်သူများကို လိမ်လည် သတ်ဖြတ်နေဆဲဖြစ်သည်။
ကိုဗစ်ကူးစက်ခံနေရသော မြန်မာပြည်သူများကို လွတ်လပ်စွာ အသက်ရှုခွင့်၊ ဆေးကုသခွင့်မပေးဘဲ မင်းအောင်လှိုင်သည် ကိုဗစ်ရောဂါကို လက်နက်သဖွယ်အသုံးပြု၍ ၎င်း၏အာဏာတည်တံ့ရေးအတွက် လုပ်ဆောင်လျက်ရှိသည်။
ဟစ်တလာသည် လူမျိုးရေး အမုန်းတရားအတွက် ဂျူး သန်းပေါင်းများစွာကို လူမျိုးတုန်းသတ်ဖြတ်ခဲ့သည်။ မင်းအောင်လှိုင်သည် ၎င်း၏ အာဏာတည်မြဲရေးအတွက် ကိုဗစ်ကို လက်နက်အဖြစ်အသုံးချ၍ မြန်မာပြည်သူများကို လူမျိုးတုန်းသတ်ဖြတ်လျက်ရှိသည်။
ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများကို လူမျိုးတုန်းသတ်ဖြတ်ခဲ့သော မင်းအောင်လှိုင်သည် ယခုတစ်ဖန် တိုင်းရင်းသားများအပါအဝင် မြန်မာပြည်သူများအားလုံးကို ကိုဗစ် လက်နက်အသုံးပြု၍ ထပ်မံ၍ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်လျက်ရှိနေသည်။
စစ်အာဏာရှင် မင်းအောင်လှိုင်၏ လုပ်ရပ်ကို နိုင်ငံတကာက ဝင်ရောက်ဟန့်တားခြင်းမပြုနိုင်လျှင် ကမ္ဘာ့သမိုင်းတွင် ၂၁ ရာစု၏ ခေတ်သစ်ဟစ်တလာ လက်သစ်အဖြစ် မင်းအောင်လှိုင် မှတ်တမ်းဝင်ရန် သေချာနေပြီဖြစ်ရာ နိုင်ငံတကာအသိုင်းအ၀ိုင်းအနေဖြင့် အချိန်မနှောင်းခင် မြန်မာပြည်သူများ လူမျိုးတုန်းသတ်ဖြတ်ခံရမှုမှ ဝင်ရောက်ကာကွယ်ပေးရန် လိုအပ်နေပြီ ဖြစ်ပါကြောင်း မီးမောင်းထိုးပြလိုက်သည်။
ဇူလိုင် ၂၁ ရက်၊ ခေတ်သစ်မီဒီယာအယ်ဒီတာ့အာဘော်အား ကူးယူဖော်ပြပါသည်။
မူရင်းလင့်ခ် https://www.facebook.com/khitthitnews/posts/1252113438559333

Related Posts

သုံးသပ်ချက်များ

အပစ်မရပ်ကြသူများ

April 30, 2025

အပစ်မရပ်ကြသူများ ခုရက်ပိုင်း ပွဲသတင်းတွေ တော်တော်လေး စိတ်နေတယ်။...

ဧပြီ ၀၁၊ ၂၀၂၅။ (အင်္ဂါ)
သုံးသပ်ချက်များ

ဘယ်သူ့​ကြောင့်လဲ

April 19, 2025

မန္တလေးငလျင်ကြီးလှုပ်ပြီးသွားတဲ့အခါ နိုင်ငံတကာကအကူအညီပေးတဲ့အဖွဲ့တွေအလျှင်အမြန်ရောက်လာပြီး နည်းပညာအကူအညီနှင့် ဒေသခံတွေပူးပေါင်းပြီး ကယ်တင်ကြတဲ့အတွက်...

သုံးသပ်ချက်များ

“၂၀၂၅ စိန်ခေါ်မှု”

March 28, 2025

ဘာကြောင့် တော်လှန်ရေး လုပ်ခဲ့ကြတာလဲဆိုတာကို မျက်ခြည်ပြတ်လာကြလေသလားလို့ စိုးရိမ်စရာတွေ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English