ရန်ကုန်မြို့မှာ လူသေဆုံးနှုန်း အရင်ကထက် ၁၀ ဆမြင့်တက်လာတယ်လို့ သတင်းတွေကဖော်ပြကြ တယ်။ ဟို အကုသိုလ်တွေက မသိချင်ယောင်ဆောင်ထားတယ်။ သတင်းအမှောင်ချထားတယ်။ လူငယ် ပရဟိတသမားတွေလည်း တတ်နိုင်သမျှဝင်ကူကြရတော့တယ်။ လူမှုစီးပွားရေးပြသနာ၊ နိုင်ငံရေးပြသနာ နဲ့ ရောဂါဆိုးပြသနာတွေကြားထဲမှာ လူတွေဟာ အလူးအလှိမ့်ခံစားနေကြရတဲ့အချိန်ပဲ။ ကျွန်တော်ကိုယ် တိုင်လည်း နေမကောင်းဘူး။ ဒီအချိန်မှာ နေမကောင်းရင် ကိုဗစ်ပဲလို့ အားလုံးက ယူဆထားကြတယ်။ ဘာပဲဖြစ်ဖြစ် အကောင်းဆုံးကျော်ဖြတ်ကြဖို့ အချင်းချင်းအားပေးစကားပြောကြရတယ်။
စက်တင်ဘာ ၂၇၊ ၂၀၂၅။ (စနေ)
စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းဥပဒေအောင်မြင်လာတာဟာ တော်လှန်ရေးအတွက် အလွန်အန္တရာယ်ကြီးပါတယ်။ကိုယ်တွေဘက်ကလဲ အခုချိန်ထိထိုဥပဒေကို...


