အသက်ရှုမဝတဲ့သူတွေများလာတယ်။ ရန်ကုန်မြို့ရဲ့နေရာအနှံ့မှာ လူတွေဟာ အောက်ဆီဂျင်အိုးရရှိဖို့ အတွက် ပုံစံမျိုးစုံနဲ့ဝယ်ယူဖို့အသင့်ရှိနေကြတယ်။ အောက်ဆီဂျင်အိုးရဲ့ဈေးနှုန်းတွေဟာလည်း ပုံမှန်ထက် အဆမတန်မြင့်တက်သွားကြတယ်။ လူသေနှုန်းတွေလည်းတအားများလာတယ်။ ကိုဗစ်ရောဂါနဲ့သေဆုံး သူတွေ နေ့စဉ်ရာချီပြီရှိနေတယ်။ သင်္ချိုင်းမှာ အလောင်းတွေတောင်ပုံယာပုံဖြစ်နေတယ်။ အောက်ဆီဂျင် ကျပြီးသေဆုံးသူတွေချည်းပါပဲ။ ဆိုရှယ်မီဒီယာပေါ်မှာလည်း အရေးပေါ်အောက်ဆီဂျင်လိုအပ်နေတယ်ဆို ပြီး အကူအညီတောင်းတဲ့ပို့စ်တွေချည်းတွေ့နေရတော့တယ်။ စစ်သူပုန်တွေဟာ အောက်ဆီဂျင်ရောင်းချ တဲ့နေရာတွေကိုလည်း လိုက်လံတားဆီးနေတယ်လို့ ကိုယ်တွေ့ကြုံရသူတွေကပြောတယ်။ ဘာရည်ရွယ် ချက်နဲ့များ အခုလိုလုပ်ရတာလဲ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


