ကျွန်တော် စဉ်းစားထားတဲ့
ဖြစ်နိုင်ချေ ၄ ခု ရှိတယ် ။
ဖြစ်နိုင်ချေ တစ်ခုချင်းစီ အတွက်
ဘာ လုပ်မလဲ ?
ကြိုတွေးရင်း
ဉာဏ်ကစားချင်
ကစားကြည့်လို့ ရပါတယ် ။
ဖြစ်နိုင်ချေ ၁ ။
စကစ နိုင်မယ် …
နိုင်ငံရေး အခြေအနေက
ဦးသိန်းစိန် မတိုင်ခင်
ခေတ်ကလို အနေအထား ဖြစ်မယ် ။
လွန်ရောကျွံရော
ဦးသိန်းစိန် ခေတ်လောက်ပဲ
ပြန်မှန်းလို့ ရမယ် ။
•••••
ဖြစ်နိုင်ချေ ၂ ။
ပြည်သူက
အပြည့်အဝ နိုင်မယ် ။
စကစ ပျက်မယ် ။
လွှတ်တော်မှာ
အစိတ်သား မရှိတော့ ။
ပြည်နယ်တွေလည်း စုစည်းထားလို့ ရဆဲ …
Federal Democracy စနစ်
သေချာ အသက်ဝင်မယ် ။
•••••
ဖြစ်နိုင်ချေ ၃ ။
၂ ဖက်လုံး ရှုံးမယ် ။
တစ်ဖက်နဲ့ တစ်ဖက်
ပွဲပြီးအောင် မတိုက်နိုင်ကြလို့
ဇာတ်မျောကြီး ဖြစ်ပြီး
Failed State ဖြစ်သွားမယ် ။
စကစ နဲ့
ပေါင်းစားတဲ့ကောင်တွေ
အေးဆေး ရပ်တည်လို့
ရပေမယ့်
ဆန့်ကျင်သူတွေကတော့
အမြဲ ခက်ခက်ခဲခဲ
ရုန်းကန်နေရမယ် ။
••••••
ဖြစ်နိုင်ချေ ၄ ။
နိုင်တဲ့ အပိုင်းတွေ နိုင်ပြီး
ရှုံးတဲ့ အပိုင်းတွေ ရှုံးမယ် ။
စကစ ဆက် ထိမ်းချုပ်နိုင်တဲ့
နယ်မြေတွေ ရှိသလို …
တိုင်းရင်းသားတော်လှန်ရေး တပ်တွေကပဲ
သီးသန့် ထိမ်းချုပ်နိုင်တဲ့
နယ်မြေပေါင်းများစွာ
ထင်ထင်ရှားရှား ရှိလာမယ် ။
( မျက်စိထဲ အလွယ်မြင်အောင်
ပြောရရင်
တိုင်းတွေကို
စကစက ဆက်ကိုင်ထားနိုင်ပြီး
ပြည်နယ်တွေကို
တိုင်းရင်းသားတွေက
ပြန်ယူနိုင်သွားမယ် ။
တိုင်းတွေထဲမှာမှ
NUG ရဲ့ PDF အားကောင်းတဲ့
နယ်မြေကြီးကြီး တစ်ခုလောက်တော့
ရရင် ရလိုက်မယ် ။ )
စကစ ဆက်ထိမ်းထားနိင်တဲ့
တိုင်းတွေမှာ
တော်လှန်ရေး အင်အားစု
လက်ကျန်တွေက
တတ်နိုင်သလောက်
ဆက်လှုပ်ရှားနေကြပေမယ့်
သိမ်းနိုင်လောက်တဲ့
အင်အား နဲ့
အခြေအနေတော့
မရှိဖြစ်နေမယ် ။
သူတို့ကို
NUG နဲ့ EAOs တွေက
အပြင်ကနေ
တတ်နိုင်သလောက်တော့
ဆက် ထောက်ပံ့ပေးနေကြမယ် ။
•••••
ဒီ ၄ မျိုးမှာ
ဘယ် အခြေအနေ ဖြစ်လာရင်
ကိုယ် ဘာတွေ ဆက်လုပ်မယ် ဆိုတာ စဉ်းစားရင်း
လိုအပ်တာတွေ လေ့လာထား /
အဆက်အသွယ်တွေ ရှာထား /
ပြင်ဆင်နိုင်တာ ပြင်ဆင်ထားဖို့ ပါပဲ ။
Hope for the Best …
Prepare for the Worst . ပါပဲ ။
ဖြစ်နိုင်ရင်တော့
၂ ကို အလိုချင်ဆုံးပေါ့ဗျာ ။
ဒါပေမယ့်
၄ လောက်ပဲ ရသွားတာမျိုး ဖြစ်ရင်လည်း …
စိတ်မပျက်သွားပဲ
၄ ကနေ ၂ ပြန်ဖြစ်အောင်
ဆက် ကြိုးစားသွားချင်
ကြိုးစားသွားလို့ ရနိုင်ပါသေးတယ် ။
( နေနိုင်လွန်းခဲ့ သူတွေကို စိတ်မပျက်သေးရင်ပေါ့ )
#ကိုဇင်ဇေ
•••••