ဒီမနက်အစောပိုင်းမန္တလေးမြို့ထဲမှာတိုက်ပွဲတွေဖြစ်ပွားနေတယ်။PDFအဖွဲ့တွေရှိတဲ့နေရာကိုစစ်သူပုန်တွေအနံ့ရပြီးဝင်စီးတာပါ။PDFအဖွဲ့တွေကအိမ်ထဲကပြန်ပစ်လို့မနက်၈နာရီကနေ၁၀နာရီလောက်ထိအပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်။PDFဖက်က၂ယောက်ကျပြီး၆ယောက်အဖမ်းခံလိုက်ရတယ်။စစ်သူပုန်တွေဖက်ကတော့ဒုဗိုလ်မှုးကြီးတစ်ဦးအပါအဝင်သုံးယောက်မြေသြဇာဖြစ်သွားတယ်။ဒါတောင်ဒီအချိန်ပိုင်းတိုက်ပွဲလေးကိုစစ်သူပုန်တွေဘက်ကတမြို့လုံးကစစ်ကူတွေခေါ်၊သံချပ်ကာကားတွေထုတ်ပြ၊RPGတွေနဲ့ထုပြီးတိုက်နေရတယ်။အိမ်ထဲမှာပုန်းနေတဲ့လူငယ်တွေလက်ထဲမှာလက်နက်တွေရှိမယ်လို့သူတို့ထင်မထားခဲ့ဘူး။ညနေပိုင်းမှာလဲတခြားPDFတဖွဲ့ကမြို့လည်ခေါင်မှာရှိတဲ့တိုင်းရဲစခန်းရုံးရှေ့ကိုလက်ပစ်ဗုံးပစ်သွင်းသွားလို့ရဲနှစ်ယောက်ထပ်သေသေးတယ်။
စစ်ကောင်စီဟာနိုင်ငံကိုတည်ငြိမ်အောင်ထိန်းနိုင်ဖို့အမျိုးမျိုးကြိုးစားနေပေမယ့်လဲတိုက်ပွဲတွေဟာမန္တလေးလို့မြို့ကြီးပြကြီးပေါ်တောင်ရောက်လာပါပြီ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


