ဒီနေ့ဟာနိုင်ငံမိခင်ကြီးဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပါ။ဒီနှစ်မှာတော့သူမဟာမွေးနေ့မှာတကျော့ပြန်မတရားအကျဉ်းကျခံနေရတယ်။နိုင်ငံတဝန်းလုံးမှာတော့သူမရဲ့မွေးနေ့အတွက်နှင်းဆီပန်းတွေနဲ့အတူပန်းသပိတ်လုပ်ပေးကြတယ်။သူမရဲ့နောက်ထပ်အမည်တစ်ခုကသံမဏိနှင်းဆီလေ။ဒီနေ့မှာတော့နှင်းဆီပန်းတွေရောင်းကောင်းလွန်းလို့မနက်ပိုင်းမှာတင်ဝယ်လို့မရတော့တဲ့အထိဖြစ်သွားတယ်။
စစ်ကောင်စီကလဲဘယ်လောက်တောင်ကြောက်နေသလဲဆိုရင်နှင်းဆီပန်းပန်တဲ့မိန်းကလေးတွေကိုပါလိုက်ဖမ်းနေတယ်။ပြင်ဦးလွင်ကလက်ဖက်ရည်ဆိုင်တစ်ခုမှာဆိုရင်နှင်းဆီပန်းဝေလို့ဆိုပြီးဆိုင်ပိုင်ရှင်ရောစားပွဲထိုးတွေပါဖမ်းသွားတယ်။သေနတ်ကိုင်တဲ့သူတွေကပန်းကိုကြောက်ကြတယ်တဲ့။ရယ်စရာတော့အတော်ကောင်းသားပဲ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


