Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

NUG ရဲ့PDF မဖြစ်မနေဖြေရှင်းရမယ့်စိန်ခေါ်မှုကြီးများ

ဇွန် 26, 2021
in သုံးသပ်ချက်များ
Reading Time:1min read
Share on FacebookShare on Twitter

အခုဆိုရင် NUG ဟာ စစ်အာဏာသိမ်းစ စ်တပ်ကိုလက်နက်ကိုင်တော်လှန်ဖို့ PDFကိုဖွဲ့စည်းလိုက်တာကိုအားလုံးပဲသိကြမှာပါ။ မဝေးတော့ကာလတစ်ခုမှာစစ်ကောင်စီကိုပြန်လည်တိုက်ခိုက်ဖို့ပြည်သူတွေအတွက် Standard Army တစ်ခုပေါ်ပေါက်လာဖို့ရှိနေပါပြီ။ PDFအနေနဲ့StandardArmyဖြစ်ဖို့ဖြေရှင်းရမယ့်စိန်ခေါ်မှုကြီးတွေကလည်းစောင့်ကြိုနေပါတယ်။

(၁) စစ်ဉီးစီးချုပ်ခန့်အပ်ရေး

ပထမဆုံးအနေနဲ့NUGဟာPDFအတွက်စစ်ဉီးစီးချုပ်တစ်ယောက်ခန့်အပ်နိုင်ဖို့လိုအပ်ပါတယ်။ စစ်ဉီးစီးချုပ်နေရာမှာလက်ရှိတိုက်နေတဲ့EAOခေါင်းဆောင်တွေထဲကရွှေးမလား..ကိုယ့်ဘာသာကိုယ်တစ်ယောက်တင်မလားအရင်စဉ်းစားရဖို့လိုပါတယ်။

အရှုပ်အရှင်းကင်းပြီးမြန်မြန်ဆန်ဆန်ဖြစ်အောင်NUGကသူ့လူတစ်ယောက်ကိုစစ်ဉီးစီးချုပ်ခန့်အပ်လိုက်မယ်ပဲဆိုကြပါစို့။ပြသနာကNUGမှာခုလောလာဆယ်စစ်ဉီးစီးချုပ်နေရာအတွက်အရည်အချင်းပြည့်စုံလုံလောက်တဲ့သူခုထိမတွေ့မိသေးပါဘူး။ရှိနေတယ်ပဲထားပါဉီး…NUGကတင်တဲ့သူအောက်မှာလက်ရှိEAOတွေကခေါင်းဆောင်တွေလိုလိုလားလားနဲ့ပူးပေါင်း‌ပေးဖို့မလွယ်ပါဘူး။နောက်မှပေါ်လာပြီးEAOတွေအပေါ်ကနေချင်လို့မရပါဘူး။ရှုပ်ကုန်လိမ့်မယ်။တစ်နိုင်ငံလုံးမှာPDFနဲ့EAOတွေတပြိုင်နက်စတိုက်ကြမယ်ဆိုရင်တပ်တွေအကုန်NUGရဲ့ဉီးဆောင်မှုအောက်ကပဲသွားမှာအဆင်ပြေမှာပါ။ဒီနေရာမှာစစ်ဉီးစီးချုပ်ကိုNUGကသူ့လူသူတင်တာထက်EAOခေါင်းဆောင်တွေထဲကတစ်ယောက်ရွှေးလိုက်တာပိုသင့်တော်ပါတယ်။

EAOတွေထဲကရွှေးမယ်ဆိုရင်တိုင်းရင်းသားခေါင်းဆောင်တွေအများကြီးထဲမှာမှဘယ်သူ့ကိုရွေးမလဲ။လုပ်လို့ရတာတစ်ခုတော့ရှိတယ်။EAOတွေကိုအကုန်သေချာစုပြီးတပ်ပေါင်းစုအနေနဲ့တိုင်းတွေတွဲလို့ရအောင်သေချာညှိ..နိုင်ငံရေးသဘောတူညီချက်တွေအကုန်ချပြပြီးသဘောတူမှအီးအေအိုတွေအကုန်လုံးပါဝင်တဲ့အစည်းအဝေးကိုNUGကစုဖွဲ့ပြီးသဘောတူသူတစ်ယောက်ကိုတင်မြှောက်မှရမယ်။အချိန်တော့ကြာသွားနိုင်တယ်။ခုရှုပ်မှနောင်ရှင်းပေါ့။

အဲ့လိုမှမဟုတ်ပဲအချိန်လည်းမရဘူး၊EAOတွေထဲကခေါင်းဆောင်တစ်‌ယောက်လဲရွေးမရဘူးဆိုရင်တော့နောက်ဆုံးPDFကသပ်သပ်၊EAOတွေကသပ်သပ်ညှိနှိုင်းပြီးတိုက်ကြရမှာပဲ။စစ်အာဏာရှင်ကိုအမြစ်ဖြတ်ဖို့ကအဓိကမဟုတ်လား။ Chief of Command တော့ပျောက်ဆုံးသွားမှာပေါ့။

(၂ ) လက်နက်ရရှိနိုင်မှုနှင့်ရန်ပုံငွေအခြေအနေ

PDFဖွဲ့စည်းလိုက်ပြီဆိုကတည်းကလေးခွတွေ၊လောက်စလုံးတွေနဲ့တိုက်လို့မရပါဘူး။သေနတ်တွေ၊ကျည်ဆံတွေ၊လက်နက်ကြီးလက်နက်ငယ်မျိုးစုံလိုလာပါပြီ။ခုဆိုစစ်ကောင်စီကလေယာဉ်တွေရဟတ်ယာဉ်တွေလှိုင်လှိုင်သုံးလာတော့လေယာဉ်ပစ်လက်နက်တွေပါဝယ်ရတော့မှာပါ။

အဲ့ဒီလက်နက်တွေအစုလိုက်အပုံလိုက်ဘယ်ကရမှာလဲ ? ဘယ်နိုင်ငံကတရားဝင်ရောင်းမှာလဲ ?

လက်နက်တွေတရားဝင်ဝယ်ဖို့ဆိုတာNUGကိုနိုင်ငံတကာကတရားဝင်ထောက်ခံထားဖို့လိုပါတယ်။ခုလောလောဆယ်NUGကိုတရားဝင်အသိအမှတ်ပြုထားတာဥရောပကချက်သမ္မတနိုင်ငံတစ်ခုထဲရှိပါသေးတယ်။ အဲ့ဒီတော့NUGအနေနဲ့လက်နက်တွေတရားဝင်ဝယ်နိုင်စွမ်းမှာရုန်းကန်ရနိုင်ပါတယ်။လုံးဝအဆင်မပြေနိုင်ဘူးလို့တော့မဆိုလိုပါဘူး။တရားဝင်လမ်းကြောင်းတွေကလောလောဆယ်မလွယ်သေးရင်တရားမဝင်လမ်းကြောင်းပေါင်းများစွာတော့ရှိပါသေးတယ်။ဒါပေမယ့်ရေရှည်မှာတော့တရားဝင်ဝယ်ခွင့်ရှိမှအဆင်ပြေမှာပါ။

လက်နက်ဝယ်ဖို့လမ်းကြောင်းတစ်ခုခုအဆင်ပြေသွားပြီဆိုရင်နောက်ထပ်မဖြစ်မနေလိုအပ်တာကငွေကြေးပါ။

စစ်ပွဲတစ်ပွဲတိုက်ပြီဆိုရင်ဒေါ်လာသန်းရာနဲ့ချီပြီးကုန်ကျပါမယ်။အရင်လတွေကCRPHအနေနဲ့အလှူခံတုန်းကတောင်တစ်လဒေါ်လာသန်း၂၀လောက်အသုံးစားရိတ်လိုတယ်လို့ပြောခဲ့ဖူးပါတယ်။ခုလက်ရှိပြည်တွင်းကအခြေအနေတွေအရဒီစစ်ပွဲဟာတပတ်နှစ်ပတ်၊တလနှစ်လနဲ့ပီးသွားမှာမဟုတ်ပါ။အနည်းဆုံးလနဲ့ချီ၊ကံမကောင်းရင်နှစ်နဲ့ချီပြီးတိုက်ရမှာပါ။စစ်ပွဲဟာနှစ်ပေါက်လာရင်ကုန်ကျစားရိတ်ကဘီလီယံချီလာပါမယ်။NUGမှာအဲ့ဒီလောက်ငွေပမာဏအများကြီးရှိမှာမဟုတ်ပါဘူး။ပြည်ပရောက်မြန်မာတွေလစဥ်ပုံမှန်လှူရင်တောင်ဘက်ဂျက်ပြသာနာကိုဖြေရှင်းဖို့မလွယ်ကူပါဘူး။ဒီကိစ္စဟာNUGအနေနဲ့အတော်ခေါင်းစားရမယ့်ကိစ္စပါ။

မြင်သာတဲ့ဖြေရှင်းနည်းကတော့USကထိန်းသိမ်းထားတဲ့1Bကိုရအောင်ပြန်တောင်းဖို့လိုပါမယ်။NUGကိုထောက်ခံတဲ့နိုင်ငံတွေဆီကငွေကြေးအကူအညီကိုရအောင်ကြိုးစားသင့်ပါတယ်။လက်နက်ရောငွေကြေးမှာပါအောက်လမ်းကရနိုင်မယ့်အကူအညီတွေလဲရှိနိုင်ပါတယ်။ကျိန်းသေတာတစ်ခုကတော့ဒီအချက်နဲ့ပတ်သက်ပြီးNUGအနေနဲ့ရေရှည်စီမံကိန်းတစ်ခုမဖြစ်မနေရှိရမယ်ဆိုတာပါပဲ။

(၃) PDF ကိုလက်နက်တင်ပို့ရန်လမ်းကြောင်းအနေအထား

ပိုက်ဆံလည်းရှိပြီ၊လက်နက်တွေလည်း အလွယ်တကူဝယ်လို့ရပြီဆိုရင်တောင်NUGအနေနဲ့ဒီအချက်ကိုဘယ်လိုကျော်လွှားမလဲ?

ပုံမှန်အခြေအနေမှာဆိုရင်ဒီလက်နက်တွေနယ်စပ်ဖြတ်ကျော်ြပီးပြည်တွင်းကိုသွင်းဖို့၊PDFဆီရောက်ဖို့အိမ်နီချင်းနိုင်ငံတစ်ခုရဲ့အကူအညီကိုလိုပါတယ်။ဗကပတွေတော်လှန်ရေးလုပ်တုန်းကတရုတ်နယ်စပ်ကသွင်းခဲ့တယ်။KNUတုန်းကလဲယိုးဒယားကကူညီပေးခဲ့တယ်။အခုလည်းကုန်းလမ်းကြောင်းနယ်စပ်တစ်ခုခုကနေအကော်အထည်ဖော်မှရမယ့်အနေအထားပါ။(ရေလမ်းကြောင်းကဆိုရင်တော့အမေရိကန်ရေတပ်သင်းဘောတွေနဲ့မြိတ်၊ထားဝယ်ဆိပ်ကမ်းတွေမှာကပ်ပြီးလာချပေးမှရမယ်)

စိတ်မကောင်းစရာကအားလုံးသိကြတဲ့အတိုင်းအိမ်နီးချင်းငါးနိုင်ငံလုံးကကိုယ်တွေဘက်မှာတစ်နိုင်ငံမှမရှိပါ။

တရုတ်နဲ့လာအိုကလုံးဝထည့်တွက်စရာမလိုဘူး၊ကွန်မြူနစ်အာဏာရှင်နိုင်ငံတွေ။ထိုင်းကလဲခုလက်ရှိအာဏာရှင်တပိုင်းဖြစ်နေပြီ။အိန္ဒိယကထင်မထားပဲနှာစေးနေတယ်။ဘင်္ဂလားဒေ့ရှ်ကအစောကတည်းကရိုဟင်ဂျာကိစ္စနဲ့သိပ်အဆင်ပြေတာမဟုတ်ဘူး။အဲ့ဒီတော့ဘယ်အပေါက်ကသွင်းမလဲ။လွတ်မြောက်နယ်မြေတွေပေါ်မှာC130တွေနဲ့လေထီးတွေနဲ့လာချပေးမှာလား။သွင်းရမယ့်လက်နက်တွေကလဲသေနတ်တွေချည်းမဟုတ်ဘူး။PDFရဲ့တပ်ဖွဲ့စည်းပုံမှာအမြောက်တပ်တွေပါပါတယ်လို့ကြေငြာသွားတယ်ဆိုတော့လက်နက်ကြီးတွေပါပါလာမှာ။နယ်စပ်လမ်းကြောင်းတစ်ခုတည်းကပဲအဆင်ပြေနိုင်လိမ့်မယ်။

ဒီကိစ္စကိုဖြေရှင်းဖို့အတွက်နိုင်ငံတကာအကူအညီယူရပါလိမ့်မယ်။အထူးသဖြင့်အမေရိကန်ဆီကပေါ့။အမေရိကန်လိုနိုင်ငံမျိုးကတဆင့်အိမ်နီးချင်းနိုင်ငံတွေကိုနယ်စပ်ဖြတ်ကျော်တင်သွင်းခွင့်ပေးဖို့တောင်းဆိုရမယ်။အိန္ဒိယနဲ့ထိုင်းကိုချဉ်းကပ်ရပါမယ်။ဘင်္ဂလားဒေ့ရှ်ကိုလဲရိုဟင်ဂျာကိစ္စအပေးအယူလုပ်ပြီးအကူအညီတောင်းနိုင်လောက်တယ်။ဒါပေမယ့်လက်ရှိကမ္ဘာ့နိုင်ငံရေးအခြေအနေအရပေါ်ပေါ်ထင်ထင်ကူညီနိုင်ဖို့မလွယ်ပါဘူး။အလွန်ဆုံးလျို့ဝှက်သဘောတူညီမှုလောက်ပဲမျှော်မှန်းလို့ရမှာပါ။အနောက်အုပ်စုကစိတ်ပါလက်ပါမဆောင်ရွက်ပေးရင်NUGပိုမိုရုန်းကန်ရနိုင်ပါတယ်။

(၄) NO FLY ZONE

အကြမ်းဖက်စစ်တပ်နဲ့PDFတို့တိုက်ပွဲတွေဖြစ်လာပြီဆိုရင် no fly zone လိုလာပါလိမ့်မယ်။

PDFအနေနဲ့ပုံမှန်အခြေအနေမှာစိတ်ဓာတ်ပျက်ပြားနေပြီးအရည်အချင်းကျဆင်းနေတဲ့အကြမ်းဖက်စစ်တပ်ကိုယှဉ်တိုက်နိုင်တယ်ဆိုတာယုံကြည်ပီးသားပါ။ဒါပေမဲ့စစ်တပ်ဖက်ကလေကြောင်းပစ်ကူပါလာရင်အခက်အခဲတွေရှိလာနိုင်ပါတယ်။အခုတောင်ပြောက်ကျားတိုက်နေတဲ့ပြည်သူတပ်ဖွဲ့လေးတွေကိုလေကြောင်းပစ်ကူသုံးနေတာအားလုံးအသိပါ။PDFမှာလေယာဉ်ပစ်လက်နက်တွေရှိလာရင်တောင်ရဟတ်ယာဉ်လောက်ကိုပဲပစ်ချလို့ရမှာပါ။စစ်တပ်ကတိုက်လေယာဉ်တွေကိုပစ်ချနိုင်ဖို့ဆိုရင်အဆင့်မြင့်လေယာဉ်ပစ်ဒုံးကျည်တွေလိုပါတယ်။ဈေးလဲကြီးသလိုငွေရှိရင်တောင်ဝယ်နိုင်ဖို့မလွယ်ကူပါဘူး။အဲ့ဒီအချိန်မှာ no fly zone လိုလာပါလိမ့်မယ်။ no fly zone မရှိရင်တော်လှန်ရေးမှာအထိခိုက်အကျအရှုံးများပါလိမ့်မယ်။အချိန်လည်းအများကြီးပိုကြာသွားနိုင်ပါတယ်။

နိုင်ငံတကာမှာ no fly zone ဆိုတာလုံခြုံရေးကောင်စီကအတည်ပြုပေးရတာပါ။လစ်ဗျားမှာတောင် no fly zone ကိုUNကသတ်မှတ်ပေးတာပါ။အကြမ်းဖက်စစ်တပ်ကိုလက်နက်ပိတ်ဆို့ဖို့တောင်မလုပ်ပေးနိုင်တဲ့ခုလိုအချိန်မှာလုံခြုံရေးကောင်စီကိုအားကိုးနေလို့မရပါဘူး။UNလမ်းကြောင်းကအဆင်မပြေဘူးဆိုရင်ရွေးချယ်စရာတခြားမရှိပဲUSကိုသာချဉ်းကပ်ရပါလိမ့်မယ်။USအနေနဲ့မြန်မာ့ကမ်းလွန်မှာလေယာဉ်တင်သင်းဘောတစ်စီးအထိုင်ချပြီးတက်လာသမျှစစ်ကောင်စီရဲ့လေယာဉ်တွေကိုပစ်ချပေးနိုင်ပါတယ်။အဲ့ဒါကတော့USနဲ့ပဲတိုက်ရိုက်သက်ဆိုင်သွားပါပြီ။သူမကူညီပေးချင်ရင်ဘာမှလုပ်လို့မရပါဘူး။ဒါကြောင့်လည်းNUGကမတ်လကုန်လောက်ထဲကno fly zoneကို စကားဉီးသန်းထားတာပါ။ခုချိန်ထိလဲဆက်တိုက်တောင်းဆိုလျက်ရှိပါတယ်။ no fly zone ကတော့ NUG

ရဲ့လုပ်ပိုင်ခွင့်နယ်ပယ်ကိုကျော်ြပီးနိုင်ငံတကာရဲ့ကူညီနိုင်မှုပေါ်မှာတိုက်ရိုက်မူတည်နေတဲ့အတွက်အခက်အခဲဆုံးအပိုင်းဖြစ်လာနိုင်ပါတယ်။

ဖော်ပြပါအချက်အလက်တွေဟာထင်သာမြင်သာရှိပြီးNUGရဲ့PDFအနေနဲ့မဖြစ်မနေဖြေရှင်းရမယ့်စိန်ခေါ်မှုကြီးတွေဖြစ်ပါတယ်။NUGအနေနဲ့လဲဒီအချက်တွေကိုကြိုတင်စဉ်းစားထားပြီးဖြစ်မှာပါ။အခုချိန်မှာပြည်သူတွေရဲ့မျှော်လင့်ချက်တွေဟာNUG/PDFအပေါ်မှာမူတည်နေတာမို့အခက်အခဲတွေကိုဝိုင်းဝန်းအဖြေရှာလို့ရအောင်တင်ပြလိုက်ရခြင်းဖြစ်ပါတယ်။

GENERATION Y (3.6.2021)

Related Posts

ဇန်နဝါရီ ၁၁၊ ၂၀၂၃။ (ဗုဒ္ဓဟူး)
သုံးသပ်ချက်များ

ဘယ်ဘက်ကနိုင်နေပြီလဲ

ဇန်နဝါရီ 27, 2023

စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်နီးပါး ကြာမြင့်လာသောအခါ ဘယ်ဘက်ကနိုင်နေပြီလဲ...

မြန်မာ့အရေး သံခင်းတမန်ခင်း ၂၀၂၂ ခုနှစ် ရီဗျူး

မြန်မာ့အရေး သံခင်းတမန်ခင်း ၂၀၂၂ ခုနှစ် ရီဗျူး

ဇန်နဝါရီ 23, 2023

၂၀၂၂ ခုနှစ် နှစ်ကုန်ခါနီး မြန်မာ့အရေးနှင့် ပတ်သက်သည့်...

ဇန်နဝါရီ ၀၇၊ ၂၀၂၃။ (စနေ)

UNSC ရဲ့ ဆုံးဖြတ်ချက်နဲ့ အာဏာရှင်တို့ရဲ့ အဆုံးသတ်”

ဇန်နဝါရီ 13, 2023

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၂၂)နေ့ မြန်မာစံတော်ချိန်...

You can copy without credits to our site. We Need Freedom.

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist