မကွေးတိုင်းထဲကင်းမရွာမှာစစ်တပ်သတင်းပေးဒလန်အသတ်ခံရလို့ဆိုပြီးစစ်သူပုန်တွေရွာကိုဝင်စီးကာတစ်ရွာလုံးမီးရှို့ပစ်လိုက်တယ်။နောက်ဆုံးရရှိတဲ့သတင်းတွေအရရွာထဲမှာကျန်ခဲ့တဲ့သက်ကြီးရွယ်အိုတွေနဲ့တိရိစ္ဆာန်အချို့ပါမီးလောင်သေဆုံးကုန်တယ်တဲ့။ပြောစရာစကားလုံးတောင်မရှိတော့ပါဘူး။
စစ်ကိုင်းတိုင်းအနောက်ခြမ်းကရွာတွေကိုစစ်တပ်ကမထင်ရင်မထင်သလိုဝင်စီးပြီးလုယက်သတ်ဖြတ်နေဆဲပဲ။
စစ်တပ်ဟာစစ်ရာဇဝတ်မှုမျိုးစုံကိုပြောင်ပြောင်တင်းတင်းဆက်လက်ကျူးလွန်နေဆဲပါ။ဒါကိုဒီတိုင်းပဲဝိုင်းကြည့်နေကြတော့မှာလား။
ဇန်နဝါရီ ၂၇၊ ၂၀၂၃။ (သောကြာ)
အခုတလောစစ်ကောင်စီကပြုလုပ်မယ့်ရွှေးကောက်ပွဲနဲ့ပတ်သက်ပြီးလူပြောများနေတယ်။စစ်ကောင်စီကတော့ဒီလဆန်းပိုင်းကစပြီးမဲစာရင်းပြုလုပ်ဖို့လူဦးရေစာရင်းကိုတနိုင်ငံလုံးမှာကောက်ယူနေတယ်။ပြည်သူတရပ်လုံးနဲ့နိုင်ငံအများစုကတော့ထိုရွှေးကောက်ပွဲကိုဆန့်ကျင်ထားကြတယ်။ဒါကြောင့်နယ်တွေမှာတော့လူဦးရေစာရင်းကောက်ယူတဲ့အဖွဲ့တွေတိုက်ခိုက်ခံနေရတယ်။အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကတော့ရွှေးကောက်ပွဲကိုမဖြစ်ဖြစ်အောင်လုပ်မယ်လို့ပြောနေတယ်။ဒါပေမယ့်သူ့တပည့်ဖြစ်တဲ့စစ်ကောင်စီပြန်ကြားရေးတာဝန်ခံဇော်မင်းထွန်းကတော့ရွှေးကောက်ပွဲကျိန်းသေပေါက်ဖြစ်လာမယ်လို့မသေချာသေးဘူးလို့VOAကိုပြောသွားတယ်။ဒါကြောင့်လူတွေကြားမှာဒွိဟဖြစ်စရာတွေပေါ်လာတာပေါ့။ ရွှေးကောက်ပွဲဖြစ်မဖြစ်ပြောဖို့ကတော့စောပါသေးတယ်။ဒီထက်အရင်လာမှာကဒီလကုန်မှာစစ်ကောင်စီကိုဘယ်လိုသက်တမ်းတိုးမလဲဆိုတာပဲ။အာဏာသိမ်းတာနှစ်နှစ်ပြည့်သွားပြီလေ။သူတို့ဖက်တွယ်ထားတဲ့အခြေခံဥပဒေအရဆိုအရေးပေါ်ကာလကနှစ်နှစ်အထိပဲပြဌာန်းခွင့်ရှိနေတာဖြစ်တယ်။ဒီလကုန်မှာနှစ်နှစ်ပြည့်မှာဖြစ်တဲ့အတွက်စစ်ကောင်စီကဒါကိုဘယ်လိုသက်တမ်းတိုးမလဲစောင့်ကြည့်နေကြတယ်။စစ်ခေါင်းဆောင်တွေကတော့အရှက်ကင်းမဲ့စွာနောက်ထပ်၆လသက်တမ်းတိုးပါတယ်ဆိုပြီးသူ့ကြေငြာထားတဲ့အရေးပေါ်ကာလကိုဆွဲဆန့်သွားဖို့အဖြစ်နိုင်ဆုံးပဲ။