ဒီနေ့NUGကပထမဆုံးအကြိမ်အွန်လိုင်းသတင်းစာရှင်းလင်းပွဲလုပ်တယ်။ဒီလိုရုန်းကန်ဆဲအခြေအနေမျိုးမှာNUGအနေနဲ့သတင်းစာရှင်းလင်းပွဲလုပ်နိုင်ဖို့ဆိုတာလွယ်တဲ့ကိစ္စတော့မဟုတ်ဘူး။နိုင်ငံတကာကသတင်းထောက်တွေရဲ့မေးခွန်းတွေအောက်မှာတော်ရုံအဖွဲ့အစည်းဆိုရင်လမ်းပျောက်သွားနိုင်တယ်။ NUG ကတော့အဆင်ပြေပြေလုပ်သွားနိုင်တယ်ပြောရမယ်။သူ့အနေနဲ့ကအမှန်တရားဘက်မှာရပ်တည်နေတာကိုး။စစ်ကောင်စီလိုအကြမ်းဖက်လိမ်လည်လှည့်ဖျားနေတာမှမဟုတ်တာ။သတင်းစာရှင်းလင်းပွဲမှာတော့ရိုဟင်ဂျာကိစ္စ၊PDFကိစ္စတွေအမေးများတယ်။ဒီကြားထဲစစ်ကောင်စီကအချိန်ကိုက်တပြည်လုံးကိုအင်တာနက်ဖြတ်ပြီးသတင်းစာရှင်းလင်းပွဲကိုနှောက်ယှက်သေးတယ်။အင်တာနက်ဖြတ်တာနဲ့ပတ်သက်ပြီးပြည်သူတွေကတော့ထင်ကြေးအမျိုးမျိုးပေးကြတာပါပဲ။ဘာပဲပြောပြောစစ်ကောင်စီက NUG ကိုလန့်နေပြီဆိုတာတော့သေချာတယ်။
ဒီနေ့နေလည်ဘက်ကရန်ကုန်အထွက်အမြန်လမ်း ZERO MILE မှာပစ်ခတ်မှုတွေဖြစ်သွားသေးတယ်။
ဧပြီ ၃၀၊ ၂၀၂၅။ (ဗုဒ္ဓဟူး)
ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးကို အေအေကသိမ်းပိုက်ထားပြီးနောက် ရခိုင်မြောက်ပိုင်းမှာနယ်စပ်ချင်းထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အေအေနဲ့ဆက်ဆံမှုတွေပြုလုပ်လာပါတယ်။...