ဆိုရှယ်မီဒီယာတွေမှာတော့ဒီလကစပြီးတော်လှန်ရေးကိုအရှိန်မြှင့်မယ်လို့ပြောဆိုနေကြတယ်။အင်တာနက်လိုင်းတွေပြီးခဲ့တဲ့လကတည်းကပြန်ဖွင့်ပေးလိုက်တော့တော်တော်များများလဲလိုင်းပေါ်ပြန်ရောက်နေကြပြီ။ မဖွင့်ပေးလို့လဲမရတော့ဘူးလေ။ အင်တာနက်မရှိတော့စီပွားရေးတွေအကုန်ရပ်ဆိုင်းကုန်တယ်။
ဒီနေ့မန္တလေးမှာစစ်သူပုန်တွေတပ်စွဲထားတဲ့နေရာတွေကိုပစ်ခတ်မှုတွေစတင်ဖြစ်ပွားလာတယ်။အရင်ဒါမျိုးကရန်ကုန်မှာပဲဖြစ်လေ့ဖြစ်ထရှိတာ။အခုမန္တလေးကိုကူးစက်သွားပီဆိုတော့လူတွေပြောသလိုတော်လှန်ရေးဟာတကယ်ပဲအရှိန်မြှင့်လာပြီလား။
စက်တင်ဘာ ၂၇၊ ၂၀၂၅။ (စနေ)
စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းဥပဒေအောင်မြင်လာတာဟာ တော်လှန်ရေးအတွက် အလွန်အန္တရာယ်ကြီးပါတယ်။ကိုယ်တွေဘက်ကလဲ အခုချိန်ထိထိုဥပဒေကို...


