ကမ္ဘာကျန်းမာရေးအဖွဲ့ရဲ့နှစ်ပတ်လည်ညီလာခံကိုစစ်ကောင်စီရဲ့ကိုယ်စားလှယ်ကိုမဖိတ်ပဲပြုလုပ်လျက်ရှိပါတယ်။ ဒါဟာစစ်ကောင်စီကိုကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းတွေကမထောက်ခံဘူးဆိုတဲ့သဘောပါ။
ပြီးတော့ပြည်တွင်းမှာအကျိုးတူပူပေါင်းလုပ်ကိုင်နေသောနိုင်ငံတကာရေနံကုမ္မဏီကြီးတွေဖြစ်တဲ့ပြင်သစ်ကတိုတယ်နဲ့အမေရိကန်ကချက်ဗရွမ်တို့ဟာစစ်ကောင်စီကိုပေးရမယ့်အမြတ်ငွေဒေါ်လာသန်းချီကိုမပေးပဲဆိုင်းငံထားလိုက်ပါပြီတဲ့။ဒါကိစ္စဟာနိုင်ငံတကာကမြန်မာပြည်သူတွေအစဉ်တစိုက်တောင်းဆိုနေတဲ့အချက်တစ်ခုပါ။အာဏာသိမ်းစစ်ကောင်စီဟာတဖြည်းဖြည်းအသက်ရှုကြပ်နေပါပြီ။
ဒီဇင်ဘာ ၁၇၊ ၂၀၂၄။ (အင်္ဂါ)
ရခိုင်ပြည်နယ်၊အမ်းမြို့ရှိအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်နေတဲ့ဓာတ်ပုံနဲ့ဗီဒီယိုဖိုင်တွေကိုအေအေဘက်ကထုတ်ပြန်လာပါတယ်။ဓာတ်ပုံတွေထဲမှာ အေအေရဲ့ထိုးစစ်ကြောင့်နပခဌာနချုပ်အဆောက်အအုံကြီးတစ်ခုလုံး မီးလောင်ပျက်စီးနေတာကိုရှင်းလင်းစွာတွေ့မြင်ရတယ်။ထုတ်ပြန်မှုထဲမှာတိုက်ပွဲအတွင်း လက်နက်ချလာတဲ့စစ်ကောင်စီတပ်သားတွေရဲ့ဗီဒီယိုဖိုင်တွေလဲပါတယ်။...