Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ကျနော် မွေးရပ်မြေ ဘော့စနီးယားစစ်ပွဲအကြောင်း ပြောချင်ပါသည်။

ဆာဗီးယား၏ ဘော့စနီးယားအပေါ် ကျူးကျော်မှုသည် ၁၉၉၂ တွင်စတင်ပါသည်။

ဇွန် 8, 2021
in သုံးသပ်ချက်များ
Reading Time:1min read
Share on FacebookShare on Twitter

ဆာဗီးယားခေါင်းဆောင် မီလိုဆီဗစ် ( ဘော်လကန် သားသတ်သမားဟုလည်း သိကြသည်) နှင့် ဘော့စနီးယားရှိ ဆာ့ဖ် အမျိုးသားရေး ဝါဒီတို့ဘက်မှ လက်နက်အင်အား အလွန်အမင်း သာလွန်ခဲ့သည်။ ယူဂိုစလားဗီးယား ပြိုကွဲ၍ ဆာ့ဖ်၊ ခရိုအက်နှင့် ဘော့စနီးယားများ သီးခြားစီဖြစ်ခဲ့ရာတွင် ဆာဗီးယားနှင့် ဆားဗီးယား အမျိုးသားရေး ဝါဒီများသည် ယခင် ယူဂိုဆလားဗီးယားနိုင်ငံဟောင်းမှ စစ်ရေးစွမ်းအားတခုလုံးကို ရယူနိုင်ခဲ့သည်။
မီလိုဆီဗစ်သည် စစ်ပွဲများမစခင်ကပင် ထိုလက်နက်အင်အားများကို ရထားခြင်းဖြစ်သည်။ အခြားပြိုင်ဘက်များထက် အင်အားသာလွန်နေသောအခါ အလေးအနက် ဆွေးနွေးအဖြေရှာရေးက သူတို့အတွက် ဆွဲဆောင်မှု မရှိပါ။ အချိန်ကြာမြင့်စွာပင် ဆားဗီးယား အမျိုးသားရေးဝါဒီများကသာ အပြီးသတ် အနိုင်ရမည်ဟု သူတို့ယုံကြည်ပါသည်။
ဘော့စနီးယားဘက်တွင် လက်နက်အနည်းငယ်သာ ရှိပါသည်။ သူတို့တွင်ရွေးစရာရှိသမျှမှာ လက်နက်ချ အညံ့ခံမည်လား၊ စရိတ်ကြီးကြီးပေး၍ မိမိကိုယ်ကို ကာကွယ်ရေး ခုခံစစ်ဆင်နွဲမည်လား ဟူ၍သာဖြစ်ပါသည်။ ဘော့စနီးယားတို့သည် လက်နက်ချရန် ပြင်မထားပါ။ ရှိသည့် လက်နက်နည်းနည်းဖြင့် ခေါင်းမာစွာ အသည်းအသန် ခုခံစစ်ကို ဆင်နွဲကြပါသည်။ သူတို့ခုခံစစ်သည် လက်လျှော့အရှုံးပေးလာအောင် မလုပ်နိုင်သော ခုခံစစ်အဖြစ် သက်သာပြလာနိုင်ခဲ့ပါသည်။
၃ နှစ်ခွဲအတွင်းတွင် အီးယူနှင့် နိုင်ငံတကာ အဖွဲ့များက ကမကထပြုသော စစ်တိုက်နေသူ ဘက်အားလုံးပါဝင်သည့်ဆွေးနွေးပွဲ အကြိမ် ၁၀၀ ခန့် ကျင်းပခဲ့ပါသည်။ ထိုအချိန်ကာလအတွင်းတွင်ပင် လူသားချင်းစာနာထောက်ထားရေး အကူအညီပေးဝေမှု ထောင်ချီရှိခဲ့သည်။ ရာချီသော လေကြောင်းမှ အကူအညီပေးမှုများ ရှိခဲ့သည်။ ရာချီသော ကူညီထောက်ပံ့ရေး ယာဉ်တန်းကြီးများက နိုင်ငံအနှံ့ သွားခဲ့သည်။ ထိုကိစ္စအားလုံး (အဆုံးမရှိသောဆွေးနွေးပွဲများ၊ လူသားဆန်မှု အကူအညီ၊ လေကြောင်းမှ အထောက်အကူ)က ကျူးကျော်မှုနှင့် စစ်ပွဲများ ရပ်သွားအောင် မစွမ်းဆောင်နိုင်ခဲ့ပါ။
ဘော့စနီးယား အများအပြားနှင့် ခရိုအက်များ၊ ဆာ့ဖ်များ နေ့စဉ်အသတ်ခံကြရပါသည်။ မကြာမကြာဆိုသလို အရပ်သားများ အသတ်ခံကြရပါသည်။ မြို့များကို ရေဖြတ် မီးဖြတ်၍ ပိတ်ဆို့ကာ အဆက်မပြတ် အမြောက်များ စနိုက်ဘာများဖြင့် ပစ်ကြသည်။ ရွာများကို လူမျိုးသုတ်သင် ရှင်းလင်းရေး လုပ်ကာ မီးလောင်ပြာကျစေသည်။ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ဆန့်ကျင် ကျူးလွန်သောပြစ်မှုနှင့် ဂျီနိုဆိုက်များ တနှစ်ပြီးတနှစ် စုပြုံလာသည်။ ထောင်သောင်းချီ၍ ဒုက္ခသည်ဖြစ်ကြသည်။ ကုလသမဂ္ဂမှ ကြေငြာချက်၊ ဆုံးဖြတ်ချက် တခုပြီးတခု ထုတ်သည်။ သို့ရာတွင် ဘော့စနီးယား ကြေကွဲဖွယ်က ဆက်၍သာ ဖြစ်နေပါသည်။
နိုင်ငံတကာ မီဒီယာများကလည်း အာရုံစိုက်ကြသည်။ နိုင်ငံတကာမှလည်း သွေးစည်းရပ်တည် ပေးကြသည်။ သံတမန်နှင့် လူသားချင်းစာနာမှုအရ စေ့စပ်သည်များ လုပ်ကြသည်။ သို့ရာတွင် မီလိုဆီဗစ်နှင့် ဆားဗီးယား အမျိုးသားရေးဝါဒီများ စစ်ရေးအရ အားသာနေသည့် အခြေခံကျသော အနေအထားကို ပြောင်းလဲမပေးပါ။
ဘော့စနီးယားတို့၏ ခေါင်းမာသော ကြံကြံခံနိုင်စွမ်းအားသည်လည်း ဖြေးဖြေးချင်း တဆင့်ချင်း လက်နက်ပိုရှိလာ၊ အတွေ့အကြုံပိုများလာသော စစ်တပ်တော့ ဖြစ်လာပါသည်။
အခြေအနေများကို ပြောင်းပေးလိုက်သည်က ခရိုအက်တို့၏ စစ်ရေးအရ အားသာလာမှုဖြစ်ပါသည်။ ဆားဗီးယား အမျိုးသားရေး ဝါဒီတို့ သိမ်းထားသော နယ်မြေကို မထင်မှတ်ထားသော တိုက်စစ်ဖြင့် ခရိုအေးရှားက ပြန်သိမ်းယူပါသည်။ ( မုန်တိုင်းစစ်ဆင်ရေး ဩဂုတ် ၁၉၉၅)။ ဘော့စနီးယားနှင့် ဘော့စနီးယား-ခရိုအက် တပ်ပေါင်းစုများသည်လည်း အခွင့်အရေးကို အသုံးချကာ ဘော့စနီးယား နယ်မြေဘက်တွင် တိုက်စစ်ဆင်ပါသည်။ (မီးစရယ်စစ်ဆင်ရေး၊ စနာစစ်ဆင်ရေး စက်တင်ဘာ- အောက်တိုဘာ ၁၉၉၅)။ နှစ်ပတ်အတွင်းတွင် ဆားဗီးယား အမျိုးသားရေးဝါဒီတို့သည် ခရိုအေးရှားဒေသအားလုံးကို ဆုံးရှုံးပါသည်။ နောက် ၂ လအကြာတွင် ဘော့စနီးယားတွင်ထိန်းချုပ်ထားသော နယ်မြေ၏ ၂၀ ရာခိုင်နှုန်းကို ဆုံးရှုံးပါသည်။
ထိုအချိန်ကျမှသာလျင် မီလိုဆီဗစ်သည် ပထမဆုံး အကြိမ်အဖြစ် အလေးအနက် စကားပြောရန် ဆွေးနွေးပွဲများတက်ရန် အဆင်သင့် ဖြစ်လာခဲ့ပါသည်။
ကျနော့်တွင် ရှိနေသော ဘော့စနီးယား အတွေ့အကြုံကြောင့် အကဲဖြတ်မှု မှားကောင်းမှားမည်။ သို့ရာတွင် ကျနော် ဟောကိန်းထုတ်ရဲပါသည်။ လက်ရှိမြန်မာပြည်၏ စစ်ကောင်စီနှင့် NUG, EAO များ၏ အင်အားချိန်ခွင်လျှာ ကြီးမားစွာ မညီမမျှ ဖြစ်နေသေးသ၍ ကာလပတ်လုံး အာဆီယံသော်လည်းကောင်း၊ နိုင်ငံတကာကသော်လည်းကောင်း စေ့စပ်ရန်ကြိုးစားမှုများ အလုပ်ဖြစ်လိမ့်မည် မဟုတ်ပါ။
လူသားချင်း စာနာမှု အထောက်အကူသည်လည်း စစ်ကောင်စီ၏ ပြည်သူများအပေါ် ဆင်နွဲနေသော စစ်ပွဲကို ရပ်တန့်လိမ့်မည်မဟုတ်ပါ။ ပြည်သူတို့ သတ်ဖြတ်ခံရ၊ နှိပ်စက်ခံရ၊ ဒုက္ခခံစားရသည်တို့လည်း ရပ်တန့်သွားမည် မဟုတ်ပါ။
ကိုယ့်ကိုယ်ကို မလိမ်မညာပဲ ပြောကြစတမ်းဆို စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဘာလုပ်မည်ကို ကျနော်တို့ သိပါသည်။ သူသည် အနှေးနှင့် အမြန် လူထုဆန့်ကျင်မှု အားကုန်ရပ်တန့်သွားမည်ဟု မျှော်လင့်၍ ပြည်သူပြည်သားများအား နှိပ်ကွပ်ရေးစစ်ပွဲကြီးကို ဆက်၍ ဆင်နွှဲပါလိမ့်မည်။
R2P ကို မမျှော်လင့်ခြင်းသည် အကြောင်းအကျိုးရှိသည့် ကိစ္စဖြစ်ပါသည်။ R2P သည် အနောက်အုပ်စုသည်သာ ကမ္ဘာအင်အားကြီးအဖြစ် ကျန်နေခဲ့သော ကာလတွင် ပေါ်ပေါက်ခဲ့ကာ ထိုကာလတွင်ပင် အလုပ်မဖြစ်ခဲ့ပါ။ ယခုလို အင်အားကြီး နိုင်ငံ အမျိုးမျိုးရှိနေသော၊ ဒေသတွင်း အင်အားကြီး နိုင်ငံများ အချင်းချင်း ပြိုင်နေကြသော ကာလတွင် စိတ်ကူးယဉ်သက်သက်သာ ဖြစ်ပါသည်။ ထို R2P စိတ်ကူးယဉ်သည် မျှော်လင့်ချက် အမှားများ ဖြစ်စေ၍ အမှန်တကယ် စိတ်ပျက်သွားကြခြင်းသာ အဖတ်တင်ပါလိမ့်မည်။
အခြားတဘက်တွင်လည်း နိုင်ငံတကာ၏ အားထုတ်ပါဝင်မှုသည် မြန်မာ့ပဋိပက္ခ၏ လားရာနှင့် ရလာဒ်အပေါ် ၂၀ ရာခိုင်နှုန်းခန့် လွှမ်းမိုးမှုရှိပါသည်။ ထို့ကြောင့် နိုင်ငံတကာမှ ရလာမည့် ၂၀ ရာခိုင်နှုန်းသော အကျိုးတရားကို စစ်အုပ်စု ဆန့်ကျင်ရေးဘက်တွင် ဆက်ရှိနေအောင် အားထုတ်ရေးသည် အမြော်အမြင်ရှိသည့် လုပ်ရပ်ဖြစ်ပါသည်။
အကြီးမားဆုံး မသိကိန်းနှင့် နောက်ဆုံးရလာဒ်ကို ဖြစ်စေမည့် အချက်မှာ ဒီမိုကရေစီလိုလားသော မြန်မာများနှင့် ဖယ်ဒရယ်လိုလားသော တိုင်းရင်းသားများကြား မည်မျှထိ ပေါင်းစည်း လက်တွဲလုပ်နိုင်ကြမလဲဟူသော အချက်ဖြစ်ပါသည်။ NUG နှင့် EAO တို့၏ စုစည်းသည့် အင်အားက (အကယ်၍သာ ထိုသို့သော စုစည်းလှုပ်ရှားမှု ရှိလာခဲ့လျှင်) သိသိသာသာ နယ်မြေရရှိလာလျှင်၊ အားကောင်းသည့် ရှေ့တက် အရှိန်အဟုန်ဖြစ်လာလျှင် စစ်ကောင်စီသည် အလေးအနက်စကားပြောရန် အသင့် စဖြစ်လာပါလိမ့်မည်။
စစ်ပွဲကို ဘေးတီးပေးရန် ယခုစာကို ရေးခြင်း မဟုတ်ပါ။ ကျနော့်ဘဝတွင် စစ်ပွဲကို ကိုယ်တိုင် ကြုံခဲ့ဘူးပြီ။ စစ်ပွဲ ဘာဆိုတာ ကျနော်သိသည်။ ဘယ်စစ်ပွဲကိုမဆို ကျနော်မုန်းသည်။ သို့ရာတွင် ကျူးကျော်စစ်နှင့် မိမိကိုယ်ကို အသည်းအသန် ခုခံကာကွယ်ရသောစစ် မတူပါ။ စစ်ပွဲကို မုန်းသောကြောင့် သားသတ်သမားနှင့် အပေးအယူ လုပ်ရန်သာ ရှိသည်ဆိုသည်ကိုလည်း လက်မခံနိုင်ပါ။
ဘော့စနီးယားတွင် တွေ့ကြုံခံစားခဲ့ရသည်တို့က ဆိုးဝါးလှပါသည်။ သို့ရာတွင် ဘော့စနီးယားနှင့် ဘော့စနီးယားပြည်သူတို့ ရှင်သန် တင်ကျန်နိုင်ခဲ့ကြပါသည်။
ယနေ့ ဘော့စနီးယားသည် စံပြနိုင်ငံအဖြစ်မှ ဝေးကွာလွန်းလှပါသေးသည်။ နက်ရှိုင်းသော ပြဿနာများလည်း ရှိနေပါသည်။ (စစ်ပွဲနှင့် စစ်ပွဲအပြီး အတော် အဆင်မပြေသော ငြိမ်းချမ်းရေးဒီဇိုင်းက အကြောင်းတခုဖြစ်သည်)။
သို့ရာတွင် ဘော့စနီးယားသည် ဖယ်ဒရယ် ဒီမိုကရေစီနိုင်ငံအဖြစ် ဖြစ်တည်နေပါပြီ။ စစ်တရားခံများဖြစ်သော မီလိုဆီဗစ်၊ ကရာဇစ်နှင့် မယ်ဒစ်တို့ကတော့ ဟိတ်မြို့ရှိ နိုင်ငံတကာရာဇဝတ်ခုံရုံးတွင် အဆုံးသတ်သွားကြပါသည်။

Related Posts

ဇန်နဝါရီ ၁၁၊ ၂၀၂၃။ (ဗုဒ္ဓဟူး)
သုံးသပ်ချက်များ

ဘယ်ဘက်ကနိုင်နေပြီလဲ

ဇန်နဝါရီ 27, 2023

စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်နီးပါး ကြာမြင့်လာသောအခါ ဘယ်ဘက်ကနိုင်နေပြီလဲ...

မြန်မာ့အရေး သံခင်းတမန်ခင်း ၂၀၂၂ ခုနှစ် ရီဗျူး

မြန်မာ့အရေး သံခင်းတမန်ခင်း ၂၀၂၂ ခုနှစ် ရီဗျူး

ဇန်နဝါရီ 23, 2023

၂၀၂၂ ခုနှစ် နှစ်ကုန်ခါနီး မြန်မာ့အရေးနှင့် ပတ်သက်သည့်...

ဇန်နဝါရီ ၀၇၊ ၂၀၂၃။ (စနေ)

UNSC ရဲ့ ဆုံးဖြတ်ချက်နဲ့ အာဏာရှင်တို့ရဲ့ အဆုံးသတ်”

ဇန်နဝါရီ 13, 2023

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၂၂)နေ့ မြန်မာစံတော်ချိန်...

You can copy without credits to our site. We Need Freedom.

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist